Colors of the year 2021 Part (1)

Colors of the year 2021 Part (1)

အခုနောက်ပိုင်း မင်္ဂလာပွဲတွေမှာ ရှေးအရင်ကသတ်မှတ်ထားတဲ့ မင်္ဂလာအရောင်တွေအပြင် ခေတ်ရေစီးကြောင်းနဲ့ အညီ နှစ်တစ်နှစ်မှာ ခေတ်စားတဲ့ အရောင်တွေနဲ့လဲ ဝတ်ဆင်လာကြပါတယ်။

 

အဲ့တာကြောင့် ၂၀၂၁ မှာ မင်္ဂလာပွဲကျင်းပတော့မဲ့ မင်္ဂလာမောင်နှံလေးတွေအတွက် မင်မင်က ၂၀၂၁ မှာခေတ်စားလာမဲ့ အရောင်လေးတွေကို အပိုင်း ၂ ပိုင်းခွဲပြီးတင်ပြလိုက်ပါတယ်။ နောက်လာမဲ့ ၂၀၂၁ မှာ ရေပန်းစားလာမဲ့ တွေထဲကမှ အထင်ရှားဆုံးဖြစ်လာမယ့် အရောင် (၅) ရောင်ကို NewYork Pantone Colour ကနေ အခုလို ဖော်ပြထားပါတယ် ။

 

( ၁ ) Marigold

Mari_Gold.png

သူက ရွှေရောင်မှိန်မှိန်လေးဖောက်တဲ့ လိမ္မော်ရောင်လေး ပါ ။ အဝါဘက် နည်းနည်းကူးချင်ပြီး Warm Tone ကို ဖော်ဆောင်ပါတယ်။

 

( ၂ ) Cerulean

Cerulean.png

ဒီအရောင်ကတော့ ကောင်းကင်ပြာဖျော့ဖျော့လေးကိုမှ ခရစ်စတယ် လို လက်လက်လေး‌ ဖောက်တဲ့ အရောင်ဖြစ်ပါတယ် ။ သူကတော့ Cool Tone Color ပေါ့ ။

 

( ၃ ) Rust

Rust.png

ဒီအရောင်လေး ကတော့ Rust ဆိုတဲ့အတိုင်း မြေကြီးညိုရောင် လေး ဖြစ်ပါတယ် ။ ဒါပေမဲ့ သူက နွေဉီး ရွက်ဝါ ဘက် အရောင်ဖောက်တာကြောင့် သူ့ကို အခုလာမဲ့ နွေရာသီအရောင် အဖြစ် သတ်မှတ်ထားကြပါတယ် ။

 

( ၄ ) Illuminating

Illuminating.png

သူကတော့ စိတ်ကိုပျော်ရွှင်စေတဲ့ ၊ အဝါရောင်လွင်လွင်လေးပါ။ နေသာတဲ့ နေ့လေးတစ်နေ့ ရဲ့ ကတိစကား ကိုဖော်ညွှန်းတဲ့ အရောင်လို့ ဆိုပါတယ်။

 

( ၅ ) French Blue

French_Blue.png

ဒီ အရောင် ကတော့ အပြာအလွင်တောက်ရောင်လေးပါ ။ သူက နွေရာသီ ပဲရစ်မြင်ကွင်းကို ဖော်ကျူးတဲ့ အရောင်လေးပါ ။ အဲ့တာကြောင့် Emily in Paris ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာဆို မင်းသမီး က ဒီ အရောင်လေး ကို အခြေခံပြီး ဝတ်သွားတာပါ။

 


Myanmar Wedding Guide
Source: Sayar.com

 
Read times Last modified on Wednesday, 02 December 2020 15:00
Rate this item
(0 votes)
Tagged under