မင်္ဂလာဆောင်မှာ ကျွေးမယ့် အစားအသောက်အတွက် ဒါတွေသိထားပေးပါ

မင်္ဂလာဆောင်မှာ ကျွေးမယ့် အစားအသောက်အတွက် ဒါတွေသိထားပေးပါ google.com

မင်္ဂလာပွဲတစ်ပွဲအတွက် ဧည့်ခံကျွေးမွေးရေးက အရေးပါလှပါတယ်။ ဒါကြောင့် မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာပွဲအတွက် စီစဉ်တဲ့အခါမှာ အစားအသောက်အတွက်လည်း ဂရုတစိုက် စီစဉ်ထားပေးသင့်ပါတယ်။

 

မင်္ဂလာပွဲမှာ တည်ခင်းကျွေးမွေးမယ့် အစားအသောက်ဟာ ပွဲလာဧည့်ပရိတ်သတ်တွေအပေါ် ထားရှိတဲ့ မင်္ဂလာမောင်နှံရဲ့ အလေးထားဂရုစိုက်ခြင်းကို ပြသတာမို့ ဧည့်ဝတ်ကျေပွန်တဲ့ မင်္ဂလာမောင်နှံလေးတွေ ဖြစ်စေဖို့အတွက် အစားအသောက် စီစဉ်တဲ့အခါ ဘာတွေကို သတိထားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

 

အဆာပြေ မုန့်လေးတွေ

 

ပထမဦးဆုံးအနေနဲ့ကတော့ အချိန်အခါနဲ့ ကိုက်ညီတဲ့ အစားအသောက် ဖြစ်ဖို့လိုပါတယ်။ မနက်ခင်း စောစောနဲ့ နေ့လည်ခင်း ()နာရီ ()နာရီလောက်မှာ ကျင်းပမယ့် မင်္ဂလာပွဲတွေ အတွက်ဆိုရင် လက်ဖက်ရည်နဲ့ မုန့်ကျွေးလို့ အဆင်ပြေပေမယ့် နေ့ခင်း (၁၁) နာရီ (၁၂) ထမင်းစားချိန်လောက်မှာ ကျင်းပတဲ့ပွဲတွေအတွက်ကတော့ ဒန်ပေါက်၊ ကြက်ဆီထမင်း၊ ထောပတ်ထမင်း အစရှိတဲ့ ဗိုက်ဝတဲ့ အစားအစာမျိုး ဖြစ်သင့်ပါတယ်။ထမင်းချိန်မှာဆိုရင်တော့ ဗိုက်ပြည့်တာကိုပဲ ကျွေးသင့်ပါတယ်။

 

ဧည့်ခံမယ့် အစားအစာ

 

အဲ့ဒီအချိန်တွေမှာ ဗိုက်ပြည့်တာမကျွေးဘဲ လက်ဖက်ရည်နဲ့မုန့်လောက်ပဲ ဧည့်ခံမယ်ဆိုရင် ဧည့်သည်တွေအတွက် အဆင်မပြေဖြစ်နိုင်သလို ထမင်းစားချိန်ကျော်လို့ လက်ဖက်ရည်ချိန် ဖြစ်လာတဲ့ ()နာရီ () နာရီ ပွဲချိန်တွေမှာ ဗိုက်ပြည့်တဲ့ ထမင်းဟင်းတွေနဲ့ ဧည့်ခံမယ်ဆိုရင် ဧည့်သည်တွေအနေနဲ့ စားနိုင်ကြမှာ မဟုတ်တာကြောင့် အစားအစာတွေ အလဟဿ ဖြစ်ကုန်ကြမှာပါ။

 

ညစာစားပွဲတွေကတော့ သာမန်ပွဲတွေထက် ငွေကြေး ကုန်ကျစရိတ်ပိုနိုင်ပါတယ်။ ()နာရီနောက်ပိုင်း လုပ်တဲ့ ညစာစားပွဲ ဒင်နာတွေမှာ ဆိုရင်တော့ စားစရာတွေက ထမင်းကို ဦးစားမပေးဘဲ အသား ငါး စုံစုံလင်လင် ဟင်းပွဲတွေ ဖြစ်သင့်သလို သောက်စရာ အရက်၊ ဘီယာတို့လည်း ပါဝင်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ညစာစားပွဲတွေကတော့ သာမန်ပွဲတွေထက် ငွေကြေး ကုန်ကျ စရိတ်ပိုနိုင်ပါတယ်။ ဒါကြောင့် အစားအသောက် စီစဉ်တဲ့အခါ ပွဲချိန်ကိုလည်း သတိပြုပေးပါလို့ အကြံပေးလိုက်ပါတယ်နော်။

 

 

Credit;Marry

Read 335 times Last modified on Thursday, 18 October 2018 11:32
Rate this item
(1 Vote)