(၂၀၁၉) မှာ ခေတ်စားလာမယ့် သတို့သမီးမိတ်ကပ်အပြင်အဆင်များ

(၂၀၁၉) မှာ ခေတ်စားလာမယ့် သတို့သမီးမိတ်ကပ်အပြင်အဆင်များ google

သတို့သမီးလောင်းတို့ရေ မင်္ဂလာပွဲမှာ လှပဖို့ဆိုရင် မိတ်ကပ်အပြင်အဆင်က အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ပဲနော်။

 

မင်္ဂလာပွဲ ကျင်းပချိန် () နာရီစာလောက်မှာလည်း လှနေဖို့ လိုသလို အမှတ်တရ ဓါတ်ပုံတွေထဲမှာလည်း လှနေဖို့ လိုပါတယ်။ဒီတော့ သတို့သမီးလေးတို့အနေနဲ့ (၂၀၁၉) မှာ ခေတ်စားလာမယ့် မိတ်ကပ်အပြင်အဆင်လေးတွေကို သိထားသင့်ပါတယ်နော်။

 

နှုတ်ခမ်းနီ

မိတ်ကပ်အပြင်အဆင်ဆိုတာ သတို့သမီး ဝတ်မယ့် အဝတ်အစားပေါ် မူတည်ပြီး ပြင်ဆင်ကြတာပါ။ (၂၀၁၉) မှာဆိုရင်တော့ ပန်းသခွားရောင်၊ rose gold နဲ့ ရှန်ပိန်ကာလာလေးတွေ အများဆုံး ရွေးချယ်ကြတာဖြစ်တာမို့ နှုတ်ခမ်းနီ အပြင်အဆင်ကလည်း လိုက်ဖက်မှု ရှိဖို့ လိုပါတယ်။ ဒီတော့ နှုတ်ခမ်းနီကိုလည်း အရောင်အဖျော့လေး ဆိုးလာကြတာ များပါတယ်။ ညိုတဲ့အရောင်၊ ပန်းဆီရောင် ဖျော့ဖျော့လေးတွေပေါ့။ ဒီလို အပြင်အဆင်လေးတွေ ခေတ်စားလာမှာပါ။

 

မိတ်ကပ်အရောင်ခြယ်သမှု

မိတ်ကပ်အရောင်ခြယ်သမှုမှာလည်း ခုနောက်ပိုင်း တော်တော်များများက အဖြူရောင်ဘက်များတဲ့ ပြင်ဆင်မှုမျိုး မခြယ်သတော့ဘဲ သဘာဝဆန်တဲ့အရောင်၊ အညိုဘက်နည်းနည်းများတဲ့အရောင်လေးတွေ ပိုပြီးတော့ ခြယ်သလာကြပါတယ်။ ပါးနီဆိုရင်လည်း အရောင်ရဲတာလေးထက် ရှက်သွေးဖြာတယ်ဆိုရုံလောက်လေး ပြင်ဆင်ခြယ်သလာကြပါပြီနော်။

 

ဆံပင်

မိတ်ကပ်အပြင်အဆင်မှာ ဆံပင်ကို မေ့ထားလို့ မရပါဘူးနော်။ (၂၀၁၉) ခုနှစ်အတွက် ဆံပင်ပြင်ဆင်မှုတွေမှာတော့ Accessories တစ်ခုလောက်နဲ့ ဆံပင်ကို ပေါ့ပေါ့ပါးပါး Fancy လေးတွေ ထုံးတာမျိုး ခေတ်စားလာမှာပါ။ ထိုင်မသိမ်းနဲ့ ဆောင်မယ့် သတို့သမီးလေးတွေလည်း ဆံထုံးကို အရင်လို ပန်းအများကြီးနဲ့ ထုံးတာမျိုး မဟုတ်ဘဲ ရိုးစင်းတဲ့ အသွင် ထုံးတာမျိုး ရှိလာမှာပါ။ (၂၀၁၉) ခုနှစ်အတွင်းမှာ မိတ်ကပ်နဲ့ ဆံပင်အတွက် ရွေးချယ်ထားတာလည်း ဒီလိုရိုးစင်းတဲ့ ဆံထုံးလေးတွေပါပဲ။

 

(၂၀၁၉) မှာ မင်္ဂလာပွဲ ကျင်းပမယ့် သတို့သမီးလေးတို့ရေ မိတ်ကပ်ပြင်ဆင်ဖို့ make up look ရွေးချယ်တဲ့အခါမှာလည်း မိတ်ကပ်ဆရာနဲ့ သေချာလေး တိုင်ပင်ပါနော်။

 

Source : Marry

Read times Last modified on Wednesday, 26 June 2019 14:24
Rate this item
(3 votes)