မင်္ဂလာရက်မြတ်မှာ တစ်နေ့လုံးမိတ်ကပ်လန်းဆန်းနေစေဖို့

မင်္ဂလာရက်မြတ်မှာ တစ်နေ့လုံးမိတ်ကပ်လန်းဆန်းနေစေဖို့ google

မင်္ဂလာရက်မြတ်မှာ သင့်အသားအရေနဲ့မိတ်ကပ်တွေကို ပြစ်မျိုးမှဲ့မထင် တစ်နေ့တာလုံးတာရှည်ခံလှပနေချင်မှာပါ။

 

မိတ်ကပ်အပြင်အဆင် လှနေဖို့ဆိုတာ မိတ်ကပ်ပညာရှင်ရဲ့ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်သလို သင့်ရဲ့မျက်နှာအသားအရေပေါ် စောင့်ရှောက်မှုနဲ့လည်း ဆိုင်ပါတယ်။ မျက်နှာအသားအရေလေး ကောင်းမွန်နေမှသာ မိတ်ကပ်တာရှည်ခံမှာ ဖြစ်သလို လန်းလန်းဆန်းဆန်းလေး ဖြစ်နေမှာပါ။

 

သင့်အသားအရေနဲ့မိတ်ကပ်တွေကို ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး ပြင်ဆင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်

 

မျက်နှာကို သန့်စင်ပါ

မျက်နှာကိုသန့်ရှင်းအောင် သေချာလေးဂရုစိုက်ပေးပါ။မိတ်ကပ်အောက်ခံသားဖြစ်မယ့် သင့်မျက်နှာအသားအရေကို ဆေးကြောသန့်စင်တာမျိုး လုပ်ပေးပါ။မိတ်ကပ်မဖျက်ပဲ အိပ်မိတာမျိုးတွေမလုပ်ပါနဲ့နော်။ဒီလို မျက်နှာဆေးကြောသန့်စင်တာမျိုးကို မင်္ဂလာရက်မတိုင်မီ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။

 

မျက်နှာပေါင်းတင်ပါ

မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုနဲ့ မင်္ဂလာပွဲနေ့မှာ သင့်မျက်နှာကို သေချာပေါင်းတင်ပေးပါ။ဒီလိုပေါင်းတင်ခြင်းအားဖြင့် သင့်မျက်နှာအသားအရေအတွက် ရေဓာတ်ကိုဖြည့်တင်းပေးနိုင်မှာဖြစ်ပြီး တာရှည်ခံလှပနေမယ့် မိတ်ကပ်ကို လိမ်းခြယ်နိုင်မှာပါ။

 

အဆီပြန်တတ်ရင်

မျက်နှာအသားအရေကိုမကြာခဏလက်နဲ့မထိသင့်ပါဘူး။အဆီစုပ်တဲ့စက္ကူလေးတွေဆောင်ထားပါ။မင်္ဂလာပွဲမတိုင်ခင်တည်းကချွေးပေါက်ကျဉ်းစေဖို့ Treatment ကောင်းကောင်း လုပ်တာမျိုး လုပ်ဆောင်သင့်ပါတယ်နော်။

 

ဝက်ခြံမရှိအောင်ဂရုစိုက်ပါ

ဝက်ခြံဆိုတာအလှအပကို အနှောင့်အယှက်အပေးနိုင်ဆုံးပါ။သင့်မျက်နှာမှာ ဝက်ခြံရှိတယ်ဆိုရင် Skin care လိမ်းတာ၊အရေပြားဆရာဝန်နဲ့ ပြတာမျိုး အပြင် ခုနောက်ပိုင်းမှာဝက်ခြံကို သန့်စင်ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ညှစ်တာမျိုး ရှိပါတယ်။မင်္ဂလာပွဲရက်မတိုင်မီ မျက်နှာမှာ ဝက်ခြံမရှိအောင် သေချာဂရုစိုက်ပေးသင့်ပါတယ်။

 

ရေစိုခံပစ္စည်းတွေသုံးပါ

မင်္ဂလာရက်မှာ မျက်ရည်တွေ၊ချွေးတွေပျံနေနိုင်တာကြောင့် မိတ်ကပ်ကိုမပျက်စေဖို့ ရေစိုခံအလှအပ ပစ္စည်းတွေသုံးပေးရင်ပိုအဆင်ပြေမှာပါ။

 

မိတ်ကပ်ဆရာကို ကြိုပြောပြပါ

သင့်အသားအရေက အဆီပြန်တတ်တဲ့ အသားအရေလား၊ခြောက်သွေ့ပြီး မိတ်ကပ်သား သိပ်မတက်တဲ့သူလားဆိုတာ မိတ်ကပ်ဆရာကို ကြိုတင်ပြီးပြောပြထားဖို့လိုပါတယ်။ဒါမှ မိတ်ကပ်ဆရာက မျက်နှာကျတင်မဟုတ်ဘဲ မျက်နှာအသားအရေကိုပါ ကြည့်ပြီး ကိုက်ညီအောင်လိမ်းပေးနိုင်မှာပါ။

 

 ဒီလိုနည်းလမ်းလေးတွေသာသုံးလိုက်ရင် သင့်အသားအရေနဲ့မိတ်ကပ်တွေကို ပြစ်မျိုးမှဲ့မထင် တစ်နေ့တာလုံးတာရှည်ခံလှပနေစေမှာပါ။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:23
Rate this item
(0 votes)