ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Meghan Markle ဟာ မင်္ဂလာပွဲအတွက် အသားအရေထိန်းသိမ်းမှုတွေ ဘယ်လိုလုပ်ခဲ့လဲ

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Meghan Markle ဟာ မင်္ဂလာပွဲအတွက် အသားအရေထိန်းသိမ်းမှုတွေ ဘယ်လိုလုပ်ခဲ့လဲ google

အရင်က နာမည်ကြီးစူပါမော်ဒယ် Kate Moss J.Lo တို့နဲ့ တွဲလုပ်ဖူးတဲ့ အသားအရေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ facialist Nichola Joss က Meghan အတွက်အသားအရေပြုပြင်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။

စိတ်ဖိစီးမှုကအစ တခြားခေါင်းကိုက်ဝေဒနာတွေအကုန်လုံးကို မျက်နှာနှိပ်နှယ်ပေးတဲ့နည်းအသုံးပြုပြီး အသားအရေကြည်လင်ဝင်းပအောင် ထိန်းသိမ်းပေးခဲ့တာဖြစ်ပါတယ်။

 

သူ့ရဲ့အသားအရေထိန်းသိမ်းနည်းတွေကတော့

 

မနက်ပိုင်း

 

Step 1 : မျက်နှာကို cleansing oil နဲ့ စင်ကြယ်အောင်သန့်စင်ပြီး အပြင်နဲ့အပေါ်ဘက်ကို နှိပ်ပေးပါ။ မျက်နှာကတစ်ရှူးတွေပြန်လည်လှုပ်ရှားလာပြီး အသားအရေကိုကြည်လင်စေပါတယ်။

 

Step 2 : ပြီးရင် anti-aging serum လိမ်းပါ။

 

Step 3 : ပြီးရင် day cream သို့မဟုတ် oil လိမ်းပေးပါ။

 

ညနေပိုင်း

 

Step 1 : Double cleanse : ပထမအဆင့်မျက်နှာကို သန့်စင်တဲ့အခါမှာ တစ်နေ့လုံးမျက်နှာမှာကျန်နေတဲ့ အညစ်အကြေးနဲ့ဖုံတွေဖယ်ရှားပေးပြီး၊ ဒုတိယအဆင့်သန့်စင်တဲ့အခါမှာတော့ အတွင်းက တစ်ရှူးကို သန့်စင်ပြီး၊ အရေပြားပေါ်က pH level ကို ညှိပေးပါတယ်။

 

Step 2 : ပြီးရင်တော့ toner လေးလိမ်းပေးပါ။

 

Step 3: ပြီးရင် anti-aging serum နဲ့ moisturizer ကောင်းကောင်းလိမ်းပေးပါ။

 

ညဘက်

ညဘက်ရောက်ပြီဆိုရင်တော့ အိပ်ယာမဝင်ခင်မှာ ကိုယ်နှစ်သက်ရာ face oil တစ်ခုခုကို လိမ်းပြီး ၃မိနစ်၊ ၄မိနစ်လောက်မျက်နှာကို နှိပ်နယ်ပေးပါ။ အဲဒီလို နှိပ်တဲ့အခါမှာ မျက်နှာရဲ့ အတွင်းကနေ အပြင်ဘက်နဲ့ အပေါ် နဖူးအထိ နှိပ်ပေးပါ။ နောက်မေးရိုးတွေကို နှိပ်ပေးပါ။ လက်ညှိုးနဲ့ လက်ခလယ်ကို သုံးပြီး မေးစေ့ကနေ မေးရိုးအထိ ဖိပြီး ၁၂ကြိမ်နှိပ်ပေးပါ။ ပါးရိုးတွေကိုလည်း နှိပ်ပေးပါ။

 

လက်ညှိုးနဲ့ နှာခေါင်းထိပ်ကနေ မျက်ခုံးရိုး နဲ့ မျက်လုံးတစ်လျှောက်ကို ဖြည်းဖြည်းချင်းနှိပ်ပေးပါ။

 

နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာတစ်ခုလုံးကို ဖြည်းဖြည်းချင်းနှိပ်နယ်ပြီး တင်းနေတဲ့ အကြောတွေဖြေလျှော့ပေးပါ။ အဲဒီနောက်မှာ လည်ပင်းနဲ့ ပုခုံးတို့ကို နှိပ်ပေးပါ။ နှိပ်လို့ပြီးသွားပြီဆိုရင် နှစ်ခြိုက်စွာ အိပ်စက်လိုက်ပါ။

 

Source: Vouge

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:22
Rate this item
(0 votes)