Venue & Decoration

Friday, 30 November 2018 10:50

ဗေလုဝနှင့် တူတော်မောင်များဖွင့်လှစ်လိုက်တဲ့ "မြတ်ပန်းရဂုံ" မင်္ဂလာခန်းမ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ "မြတ်ပန်းရဂုံ" မင်္ဂလာခန်းမနှင့် စားတော်ဆက်တွင် အရက်၊ ဘီယာလုံးဝမရောင်းချဘဲ မိသားစုများစိတ်အပမ်းဖြေစရာကောင်းသော နေရာအဖြစ်ပြုလုပ်ကာ ဖွင့်လှစ်ရောင်းချကြောင်း သိရပါတယ်။

 

"တစ်နေကုန် အလုပ်ပင်ပမ်းလာသူတွေအနေနဲ့ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်ရောက်လိုက်တာနဲ့ စိတ်အပမ်းဖြေသွားနိုင်အောင် ပတ်ဝန်းကျင်မြင်ကွင်းကိုလည်း သစ်ပင်တွေ မီးအလှဆင်တာတွေနဲ့ စိမ်းစိုစို မြက်ခင်းတွေ ကြားမှာ အေးအေးချမ်းချမ်းထိုင်ပြီး စားသောက်နိုင်အောင် စီမံထားပါတယ်။

 

ထိုင်ခုံတွေကို ဒေသထွက်ဝါးတွေနဲ့ပဲ ပြုလုပ်ထားပြီး အစားအသောက်တွေအနေနဲ့တော့ မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ဂျပန်အစားအစာ၊ မလေးရှားအစားအစာ စတာတွေကို ရောင်းချခြင်းဖြစ်ပါတယ်။

 

wedding 1

ထို့အပြင် ရှမ်းအစားအစာ တိုင်းရင်းသားရိုးရာအစားအစာတွေကိုလည်း ထည့်သွင်းရောင်းချကြောင်း သိရပါတယ်။

 

ဈေးနှုန်းကိုလည်း သင့်တင့်တဲ့နှုန်း သတ်မှတ်ထားပါတယ်။ ခန်းမမှာဆိုရင်လည်း မင်္ဂလာခန်းမငှားရမ်းခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ အမှတ်တရ ညစာစားပွဲတို့အတွက်အထိမ်းအမှတ်နေရာတစ်ခုအဖြစ် လက်ခံပြီး ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်"ဟု မြတ်ပန်းရဂုံ ဖွင့်လှစ်သူကဖြေကြားခဲ့ပါတယ်။

 

ယင်း မင်္ဂလာခန်းမနှင့် စားသောက်ဆိုင်ကို ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းက ဒဂုံမြို့သစ်၊ မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက် တပင်ရွှေထီးလမ်း၊ ကုန်ပဒေသာမှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားပါတယ်။

Tuesday, 20 November 2018 11:39

CBC Ballroom မှာ မင်္ဂလာရွှေလက်တွဲဖို့ စီစဉ်နေကြတဲ့သူတွေအတွက်

တက္ကသိုလ်ရိပ်သာလမ်းသစ်လမ်းနဲ့ဆရာစံလမ်းထောင့်မှာရှိတဲ့ CBC Ballroom မှာဆိုရင် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲတွေကို Hotel standard နဲ့အညီ အထူးဝန်ဆောင်မှုပေးနေပါတယ်။

Monday, 12 November 2018 11:30

Sule Shangri-La တွင်နှစ်ကုန်မင်္ဂလာဆောင်မည့်သူများအတွက်

သင့်ဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ မင်္ဂလာပွဲလေးကို အမှတ်တရများစွာနဲ့ ကျန်ရှိစေဖို့ Sule Shangri-La Yangon က စောင့်ကြိုနေတယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပါးပါရစေ။

Tuesday, 25 September 2018 10:24

စိတ်ဝင်စားဖွယ် ပရိုမိုးရှင်း အစီအစဉ်များနဲ့ ROMANCE BY MELIÁ

Meliá Yangon Hotel ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ မင်္ဂလာမောင်နှံတွေရဲ့ခမ်းနားတဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်ခဲ့ပါတယ်။

Friday, 07 September 2018 16:19

Lotte Hotel Yangon

Lotte Hotel ကတော့ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ အင်လျားကန်အနီးမှာတည်ရှိပြီး အင်းလျားကန်အလှကို အပေါ်စီးကနေ ရင်သပ်ရှုမောဖွယ်ကြည့်ရူခံစားနိုင်မည့် နာမည်ကြီးဟိုတယ်တစ်ခုဖြစ်ပါတယ်။

Thursday, 06 September 2018 14:16

Novotel Yangon Max

Novotel Hotel ကတော့ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာတည်ရှိပါတယ်။

Friday, 31 August 2018 14:12

Panda Hotel

Panda Hotel သည် ရန်ကုန်မြို့၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်တွင် တည်ရှိပါတယ်။

Thursday, 30 August 2018 11:16

CBC Ballroom

CBC Ballroom ကတော့ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့တွင်တည်ရှိပါတယ်။

Friday, 17 August 2018 15:26

Sky Star Hotel

Sky Star Hotel ဟာ ရန်ကုန်မြို့လယ်၏ လူအများ သွားလာလှုပ်ရှားမှုအများအပြားဆုံး ကျိုက္ကဆံအားကစား ကွင်းနဲ့ မျက်နှာချင်းဆိုင် အရှေ့မြင်းပြိုင်ကွင်းလမ်းမကြီးပေါ် တာမွေမြို့နယ်တွင် တည်ရှိပါတယ်။