CBC Ballroom

CBC Ballroom google.com

CBC Ballroom ကတော့ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့တွင်တည်ရှိပါတယ်။

 

၎င်းခန်းမတွင် မင်္ဂလာဧည့်ခံပွဲများ၊ စေ့စပ်ပွဲများ၊ မွေးနေ့ပွဲများ၊ လုပ်ငန်းအစည်းအဝေးပွဲများ၊ ပြပွဲများ အစရှိတဲ့ အခမ်းအနားများ ပြုလုပ်ကြလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

 

လူဦးရေ ၃၅၀ အထိ ဆန့်တဲ့နေရာဖြစ်ပါတယ်။ ဧည့်သည်အယောက် ၂၅၀နှင့်အထက်ဆိုလျှင် ခန်းမကြေးပေးစရာမလိုပေ။ မင်္ဂလာအချိန်ကိုလည်း မိမိကြိုက်နှစ်သက်ရာအချိန်ကိုယူနိုင်ပါတယ်။

 

အကျွေးအမွေးအတွက်ကတော့-

 

Gold Package- မုန့် ၃ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ်ဟာ ၇၀၀၀ ကျပ်၊

 

Platinum Package- မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၈၅၀၀ ကျပ်နှင့်

 

Diamond Package- ဒံပေါက်နှင့် ရေခဲမုန့်ဆိုလျှင် ၁၅၀၀၀ ကျပ် တို့ဖြစ်ပါတယ်။

 

၎င်းဈေးနှုန်းများကတော့ ဒီဇင်ဘာလကုန်အထိသာဖြစ်ပါတယ်။

 

နောက်ခံစာတမ်းထိုးပေးခြင်း၊ ပန်းအလှပြင်ပေးခြင်း၊ လျှောက်လမ်း ကော်ဇောအနီခင်းပေးခြင်း၊ မင်္ဂလာကိတ်ပြုလုပ်ပေးခြင်း နှင့် သတို့သား၊သတို့သမီး တို့အတွက် အဝတ်လဲခန်း စသည်တို့ကတော့ ဝန်ဆောင်မှုပေးပါတယ်။

မင်္ဂလာပွဲသို့လာရောက်သည့် ဧည့်သည်များအတွက် ကျယ်ဝန်းတဲ့ကားပါကင်လဲရှိပါတယ်။

 

ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဆက်သွယ်ရန်- ၀၁-၄၀၁၄၈၂ ၊ ၀၉-၄၄၅၅၆၆၀၃၆

 

 

THE STRAND HOTEL ရဲ့ packages နှင့် services များကိုလဲဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

MELIA Yangon Hotel ရဲ့ packages နှင့် services များကိုလဲဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

 

Myanmar Wedding Guide

Read 687 times Last modified on Tuesday, 18 September 2018 10:52
Rate this item
(2 votes)