Novotel Yangon Max

Novotel Yangon Max facebook

Novotel Yangon Max ကတော့ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာတည်ရှိပါတယ်။

 

မိတ်ဆုံစားပွဲတွေအပြင် မင်္ဂလာပွဲအခမ်းအနားပါကျင်းပနိုင်တဲ့ခန်းမပါရှိတယ်။ ခေတ်မီတဲ့ခန်းမအပြင်အဆင်နဲ့ဝန်ဆောင်မှုကောင်းပြီးတော့ကျယ်ဝန်းတဲ့ကားပါကင်လဲရှိပါတယ်။

 

အစားအသောက်အပေါ်မူတည်ပြီး package သုံးမျိုးခွဲထားပါတယ်။ မုန့်သုံးမျိုးကနေ ငါးမျိုးအထိအပါအဝင် ကော်ဖီ၊ လက်ဖက်ရည်နဲ့ ရေခဲမုန့်တို့အတွက် ဧည့်သည်တစ်ဦးကို ၁၇.၅ ဒေါ်လာကနေ ၁၉.၅ ဒေါ်လာအထိ သတ်မှတ်ထားပါတယ်။

 

ညစာကျွေးချင်တယ်ဆိုရင်တော့ ကိုယ့်နှစ်သက်ရာ set menu ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၄၀ သတ်မှတ်ထားပြီး အနည်းဆုံးလူဦးရေ ၅၀၀ အတွက်မှာယူရမှာပါ။ မင်္ဂလာအချိန်တွေကတော့ မနက် ၉နာရီ မှ ၁၁နာရီ၊ နေ့လယ် ၁နာရီ မှ ၃နာရီ၊ ညနေ ၆နာရီ မှ ၉နာရီ ဖြစ်ပါတယ်။

 

ဝန်ဆောင်မှုတွေကတော့ပန်းအလှဆင်ပေးခြင်း၊ ဝိုင်တစ်ပုလင်းနဲ့ တစ်ညတာတည်းခွင့်တွေအပြင် တခြားဟိုတယ်တွေမှာရရှိမယ့်အစီအစဉ်တွေအကုန်ပါဝင်မှာဖြစ်ပါတယ်။

 

အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ဝ၁-၂၃၀၅၈၅၈ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

Myanmar Wedding Guide

Read 210 times Last modified on Friday, 22 February 2019 14:25
Rate this item
(0 votes)