စင်ကာပူမင်းသမီး Meixin က ကမ္ဘောဒီးယား တစ္ဆေက သူမကို လက်ထပ်ချင်ကြောင်း ယုံကြည်

စင်ကာပူမင်းသမီး Meixin က  ကမ္ဘောဒီးယား တစ္ဆေက သူမကို လက်ထပ်ချင်ကြောင်း ယုံကြည်

စင်ကာပူမင်းသမီး Meixin က  ကမ္ဘောဒီးယား တစ္ဆေက သူမကို လက်ထပ်ချင်ကြောင်း ယုံကြည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူမှ သရုပ်ဆောင် မင်းသမီး Meixin သည်  ကမ္ဘောဒီးယား သုသာန်မှ  တစ္ဆေတစ်ကောင် သူမနောက်သို့ လိုက်လာပြီး  သူမကို လက်ထပ်ချင်သည်ဟု ယုံကြည်သည်။

.

Meixin သည် ကမ္ဘောဒီးယားရှိ သင်္ချိုင်းတစ်ခုသို့ရောက်ရှိခဲ့စဉ် သူမသည် တစ်စုံတစ်ယောက်၏ ခေါင်းကို မတော်တဆ နင်းမိခဲ့ကြောင်း၊ အနင်းခံရသည့် ဦးခေါင်းသည် မကျွတ်မလွတ် တစ္ဆေအဖြစ် ရောက်ရှိနေသူ၏ ဦးခေါင်းဖြစ်ကြောင်း၊ တစ္ဆေသည် စင်ကာပူသို့ ပါလာပြီး သူမကို လက်ထပ်လိုကြောင်း သူမ၏ သူငယ်ချင်းတစ်ဦးမှ ပြောပြချက်အရ Meixin သိရသည်။

သေသူအမျိုးသား၏ ဝိညာဉ်သည် ကမ္ဘောဒီးယားမှ စင်ကာပူအထိ လိုက်ပါလာရသည်မှာ  သူသည် သူမကို စွဲလန်းနေသောကြောင့်ဖြစ်သည်ဟု အဆိုပါ သူငယ်ချင်းက ပြောကြားသည်။

.

ကမ္ဘောဒီးယားနိုင်ငံ၊ Tonle Sap ကန်ထဲက ရေပေါ်ရွာလေးအကြောင်း ၃၆ နှစ်အရွယ်ရှိ Meixin က မှတ်တမ်းမှတ်ရာ ဗီဒီယိုရိုက်ကူးခဲ့သည်။ ၎င်းရွာ၏ ထူးခြားချက်မှာ မသေမချင်း မြေကြီးပေါ်သို့ လာရောက်ခွင့် မရှိခြင်း ဖြစ်သည်။ သေသည့်အခါကျမှ အလောင်းကို ကုန်းမြေသို့ သယ်ဆောင်ပြီး မြေမှာ မြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ်သည်။ သို့ဖြစ်ရာ အသက်ရှင်လျက်ဖြင့် ကုန်းမြေပေါ် မလာရချေ။

.

"ကျမ အိမ်ပြန်ရောက်ပြီးတဲ့အခါ  'တတိယမျက်လုံး' ရှိတဲ့ ကျမသူငယ်ချင်းက အိမ်ကို လာတယ်" ဟု Meixin က ပြောပြသည်။

"သူက 'မင်း မနင်းသင့်တဲ့အရာကို နင်းမိခဲ့သလား' လို့ မေးတယ်။ ကျမက 'ဟင့်အင်း၊  ငါတို့က ရေကန်မှာ ဗီဒီယိုရိုက်ကြတယ်' လို့ ပြောလိုက်တယ်။ သူက ' မပြောသင့်တာကို မင်းပြောမိသေးလား' လို့ မေးတယ်။ 'ဟင့်အင်း၊ ဒါရိုက်တာက ပြောခိုင်းသမျှကိုပဲ ငါပြောတယ်' လို့ ကျမက ရှင်းပြတယ်" ဟု Meixin က ပြောသည်။

Meixin သည်  သင်္ချိုင်းသို့ လည်ပတ်ခဲ့သလားဟု မေးသောအခါတွင် ထိုအချက်က ဒုတ်ထိမှန်နေသည်။

Meixin သည် သင်္ချိုင်းကုန်းတစ်ခုသို့ ရောက်ခဲ့သည်။ 

တမလွန်ကို ဆက်သွယ်နိုင်သော သူငယ်ချင်း၏ အဆိုအရ သူမက သင်္ချိုင်းကုန်းသို့ သွားရောက်စဉ် တစ်စုံတစ်ယောက်၏ ဦးခေါင်းကို မတော်တဆ နင်းမိခဲ့သည်။ ထိုသို့နင်းမိသည့်အတွက် တစ္ဆေက စိတ်ဆိုးရမည့်အစား မင်းသမီးသည် ဆွဲဆောင်မှု အပြည့်ရှိသည်။ သို့ဖြစ်ရာ လက်ထပ်လိုသည်။ 

ပြဿနာ ပြေလည်သွားစေရန်  Meixin ၏ သူငယ်ချင်းက အကြံပေးသည်။

သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ သူမသည် တစ္ဆေကို နင်းမိသည့်အတွက် တောင်းပန်ပြီး သူ့အတွက် ဆုတောင်းပေးမည်ဟု ပြောလျှင်  ရနိုင်ကြောင်း ပြောကြားခဲ့သည်။

.

“အချိန်အတန်ကြာပြီးချိန်မှာ ကျမ သူငယ်ချင်းက တစ္ဆေကို မတွေ့တော့ဘူး။ သူပြောသမျှကို ကျမ ယုံတယ်” ဟု သူမက ပြောသည်။

.

Meixin ၏ တမလွန်နှင့် ပတ်သက်သည့် အတွေ့အကြုံသည် ယခုဖြစ်ရပ် တစ်ခုတည်း မဟုတ်ချေ။

.

 သူမ အသက် ၅ နှစ်အရွယ်က မလေးရှား ပအံပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုသို့ မိသားစုနှင့်အတူ ရောက်ရှိခဲ့သည်။

ဘုရားကျောင်း ရှိရာသို့ တက်ကြသည့်အခါ အဆုံးမသတ်သည့် ကြောင်လိမ်လှေကားထစ်များကို တက်နေရသည့်နှယ် ဖြစ်နေသည်။ အစ်မက သူမကို ကျော်တက်သွားသည်။ သူက စောင့်ဖို့ လှမ်းအော်ပြောရင်း နောက်မှ ပြေးတက်ပြီး လိုက်သည်။

အစ်မကို လိုက်မမီ။ အစ်မအစား မည်းနက်သော အရောင်ရှိသည့် ခွေးတစ်ကောင်က မာန်ဖီရင်း ထိုးဟောင်နေသည်ကို တဲ့တဲ့တိုးပြီး သူမ ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။ 

.

“ကျမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ တကယ်တော့ အစ်မက အောက်မှာ ကျန်နေခဲ့တာ တွေ့လိုက်ရတယ်” ဟု သူမက ဆိုသည်။ "ကျမ စိတ်အားငယ်ပြီး ငိုချလိုက်တယ်" ဟု သူမက ပြောသည်။

 “ကျမ မိဘတွေက အစပိုင်းမှာ စိတ်ဆိုးကြတယ်။ ကျမ သွားချင်ရာ လျှောက်သွားပြီး လူစု ကွဲသွားတာလို့ ထင်ကြတယ်။ နောက်တော့မှ ကျမ ပြောပြတာကို ယုံကြတယ်။ အိမ်ရောက်တဲ့အထိ ကျမ ငိုလို့ကောင်းတုန်းပဲ ရှိနေသေးတယ်" ဟု သူမက ပြောပြသည်။

 "အစ်မလို့ ထင်တဲ့အရာတစ်ခုကို ကျမ တွေ့ခဲ့တာ ဖြစ်မယ်။ ခွေးက ရှေ့မဆက်အောင် ဟောင်ပြီး ဟန့်တားပေးတာ ဖြစ်မယ်။ ကျမ ရှေ့ကို ဆက်ရင် တခုခု ဖြစ်သွားမှာမို့ တားတာဖြစ်မယ်" ဟု သူမက သုံးသပ်သည်။

Source Khmertimeskh 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 26 March 2023 17:44
Rate this item
(0 votes)