News

Friday, 09 December 2022 09:01

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM”

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM” TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U   ရွှေဒင်္ဂါးပြား ဝယ်လို့ရတဲ့ ATM ကို အန္ဒိယနိုင်ငံ ဟိုင်ဒရာဘက်မြို့ကြီးမှာ စနေနေ့(ဒီဇင်ဘာ ၃)မှာ စတင်လိုက်ပါတယ်။ ဝယ်ယူလိုသူက debit card သို့မဟုတ် credit card ကို အသုံးပြုပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ အပြင်ပန်းကုိ မြင်ရသည်မှာ ပုံမှန် ATM ငွေပေးစက်နှင့်တူပါတယ်။ အကယ်စင်စစ် အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM” ဖြစ်ပါတယ်။ ရွှေကို စိတ်ချရတဲ့ စုဆောင်းမှု၊ စိတ်အေးရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူမှု များပြားတဲ့ အိန္ဒိယနိုင်ငံမှာ ရွှေဒင်္ဂါပြားများ အလွယ်တကူ ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။  ရွှေဒင်္ဂါးပြား အလေးချိန် ၀.၅ ဂရမ်မှ ၁၀၀ ဂရမ်အထိ အစားစား ဝယ်ယူနိုင်ပါတယ်။  အများဆုံးဖြစ်တဲ့ ၁၀၀ ဂရမ် ရွှေဒင်္ဂါးပြား ဈေးနှုန်းက ကန်ဒေါ်လာ ၇,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။  GoldSikka လုပ်ငန်းမှ စီစဉ်ဆောင်ရွက်တဲ့ ရွှေအေတီအမ် ဖြစ်ပါတယ်။ ရွှေအလေးချိန် စုစုပေါင်း ၅ ကီလိုဂရမ်အထိ စက်ထဲမှာ စနစ်တကျ သိမ်းဆည်းပေးထားနိုင်ပါတယ်။  အန္ဒိယနိုင်ငံဟာ ရွှေဝယ်ယူမှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်း ရွှေဝယ်လိုအားရဲ့ သုံးပုံနှစ်ပုံက ကျေးလက်ဒေသမှ ဖြစ်ပါတယ်။ TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U     Source Reuters   
Thursday, 08 December 2022 16:10

နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ

နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ
Saturday, 26 November 2022 08:52

တူရကီ ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ

တူရကီ  ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ
Monday, 24 October 2022 14:37

ကမ္ဘာ့ရွှေဈေးကျချိန် အာရှမှာ ရွှေဝယ်ယူမှု မြင့်တက်

ကမ္ဘာ့ရွှေဈေးကျချိန် အာရှမှာ ရွှေဝယ်ယူမှု မြင့်တက်
Wednesday, 05 October 2022 12:28

အောက်တိုဘာ ၁၉ ရက်မှ တွင် ၂၅ ရက်အထိ ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

ခုနစ်ရက်ကြာ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိဒနကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုကော်မတီမှ သိရသည်။
Saturday, 01 October 2022 18:24

ရွှေရောင်းဝယ်ရေးအတွက် Special Counter ရှိသည့် ဘဏ်များ စာရင်း

ရွှေရောင်းဝယ်ရေးအတွက် Special Counter ရှိသည့် ဘဏ်များ စာရင်း
Friday, 30 September 2022 23:31

ရွှေလေလံ လေလံ ဆွဲသူ မရှိ

ရွှေလေလံ လေလံ ဆွဲသူ မရှိ
Wednesday, 24 August 2022 11:03

မင်္ဂလာမောင်နှံတွေအတွက် ၅၀% ထိ လျှော့စျေးတွေနှင့် ရောင်းချပေးမယ့် စျေးရောင်းပွဲတော်ကြီး

ချစ်သူနဲ့ ရွှေလက်တွဲရမယ့်နေ့လေးမှာ မင်္ဂလာမောင်နှံစုံတွဲတွေအတွက် စျေးနှုန်းသက်သာစွာဖြင့် မင်္ဂလာပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်တဲ့ အခွင့်အရေးရရှိမယ့် စျေးရောင်းပွဲတော်ကြီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။   "All For Love" လို့ ရိုမန့်တစ်ဆန်ဆန်အမည်ပေးထားတဲ့ ဒီစျေးရောင်းပွဲတော်ကြီးကို Novotel Yangon Max Hotel နှင့် MY DREAM One Stop Wedding Service & Event Planning တို့က ပူးပေါင်းစီစဉ်ထားတာဖြစ်ပြီး Novotel Yangon Max Hotel Grand Ballroom ခန်းမမှာ စက်တင်ဘာ (၃) ရက် နှင့် (၄) ရက် နှစ်ရက်တာ အခမဲ့ကြည့်ရှုနိုင်အောင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။   All For Love Wedding Fair 2022 အခမ်းအနားကို ဖြစ်မြောက်အောင် အဓိက ပံ့ပိုးကူညီပေးထားတာကတော့ Lucky Diamond Myanmar မှ ဖြစ်ပြီး တခြားလုပ်ငန်းတွေကလည်း Diamond၊ Gold၊ Silver Sponsor တို့အနေဖြင့် ပွဲအစီအစဉ်အခမ်းအနားကို အသီးသီး ပံ့ပိုးကူညီထားကြပါတယ်။   ပြပွဲအခမ်းအနားတွင် မင်္ဂလာမောင်နှံတွေအကြိုက် စျေးဆိုင်ခန်းပေါင်း (၂၂) ခုကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး ၅၀% အထိ အမြင့်ဆုံး လျှော့ဈေးတွေနဲ့အတူ ရင်ခုန်ဖွယ်ရာ အထူးလက်ဆောင်များပါ ပေးအပ်သွားဖို့ ရှိပါတယ်။ Novotel Yangon Max Hotel မှလည်း ပွဲနေ့တွင် မင်္ဂလာမောင်နှံတွေအတွက် အထူး Special Wedding Packages တွေကို ၁၂% ထိ လျှော့စျေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။   ပွဲအခမ်းအနား ပထမရက် စက်တင်ဘာ (၃) ရက် မနက် ၁၁ နာရီတွင် Lucky Diamond Myanmar ရဲ့ Jewellery Show ပွဲ နှင့် ဒုတိယရက် စက်တင်ဘာ (၄) ရက် ညနေ ၆ နာရီတွင် ဒီဇိုင်နာ ကိုကောင်းမြတ်ရဲ့ New Collection Bridal Show 2022/23 ပွဲကို Starz & Models မှ အလှလေးများဖြင့် တွဲဖက်ပြသသွားမှာ ဖြစ်ပါတယ်။   ဒါ့အပြင် Wedding Fair နှစ်ရက်တာအတွင်း လာရောက်ကြည့်ရှုမယ့် မင်္ဂလာမောင်နှံများထဲမှ ကံထူးရှင်စုံတွဲ ၅၀ (အယောက် ၁၀၀ ) တိတိကို ရွေးချယ်ပြီး စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီတွင် Hot Pot City Ahlone မှာ ဧည့်ခံကျွေးမွေးသွားမယ့်အပြင် ကံထူးရှင် စုံတွဲ ၅ တွဲ ထပ်ရွေးပြီး Novotel Yangon Max Hotel တွင် One Night Stay လက်ဆောင် ပေးသွားဖို့လည်း ရှိပါတယ်။   ပွဲအခမ်းအနားကို စက်တင်ဘာ (၃) ရက် စနေနေ့ မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ၊ စက်တင်ဘာ (၄) ရက် တနင်္ဂနွေနေ့ မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ Talk Show တွေ၊ Live Sale တွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Lucky Draw အစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ မင်္ဂလာမောင်နှံစုံတွဲတွေအတွက် နှစ်သက်ရာ အချိန်မှာ သွားရောက်လေ့လာနိုင်ပါတယ်။   စျေးရောင်းပြပွဲ အခမ်းအနားနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အမည် - မသင်ဇာ ရာထူး - Assistant Sales Manager of Novotel ဖုန်းနံပါတ် - ၀၉၄၂၃၆၆၆၀၆၄ Email – This email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloak2c34392ae38e94709f0aab3463374c99').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addy2c34392ae38e94709f0aab3463374c99 = 'H9045-SB3' + '@'; addy2c34392ae38e94709f0aab3463374c99 = addy2c34392ae38e94709f0aab3463374c99 + 'accor' + '.' + 'com'; var addy_text2c34392ae38e94709f0aab3463374c99 = 'H9045-SB3' + '@' + 'accor' + '.' + 'com';document.getElementById('cloak2c34392ae38e94709f0aab3463374c99').innerHTML += ''+addy_text2c34392ae38e94709f0aab3463374c99+''; အမည် - မယင်းမာချို ရာထူး - Manager of My Dream ဖုန်းနံပါတ် - ၀၉၇၉၉၅၉၆၀၂၈ Email – This email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloak1c7df31b158bb90666b1416c9e4bdc95').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addy1c7df31b158bb90666b1416c9e4bdc95 = 'mydreamweddingstudio' + '@'; addy1c7df31b158bb90666b1416c9e4bdc95 = addy1c7df31b158bb90666b1416c9e4bdc95 + 'gmail' + '.' + 'com'; var addy_text1c7df31b158bb90666b1416c9e4bdc95 = 'mydreamweddingstudio' + '@' + 'gmail' + '.' + 'com';document.getElementById('cloak1c7df31b158bb90666b1416c9e4bdc95').innerHTML += ''+addy_text1c7df31b158bb90666b1416c9e4bdc95+'';
Thursday, 28 July 2022 14:53

အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ

အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ
Friday, 27 May 2022 21:46

ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း

ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း