ကမ္ဘောဒီးယား ရွှေစင် ကီလိုဂရမ် ၈,၂၀၀ ကျော် တူးဖော်သန့်စင် ထုတ်လုပ်နိုင်ခဲ့

ကမ္ဘောဒီးယား ရွှေစင် ကီလိုဂရမ် ၈,၂၀၀ ကျော် တူးဖော်သန့်စင် ထုတ်လုပ်နိုင်ခဲ့

ကမ္ဘောဒီးယား ရွှေစင် ကီလိုဂရမ် ၈,၂၀၀ ကျော် တူးဖော်သန့်စင် ထုတ်လုပ်နိုင်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘောဒီးယားနိုင်ငံမှ ရွှေစင် ၈,၂၈၈ ကီလိုဂရမ်ကိုးဖော်သန့်စင် ထုတ်လုပ်နိုင်ခဲ့‌ပြီး ရွှေသန့်စင်မှုလုပ်ငန်းကဏ္ဍမှ နိုင်ငံ့ဝင်ငွေ ကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိခဲ့ကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန  သတ္တုအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

 

သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုရေး တာဝန်ခံ Ung Dipola က  ရွှေသန့်စင်ရေးလုပ်ငန်းကဏ္ဍရှိ ကုမ္ပဏီအားလုံးသည် ရွှေချောင်း ၉၁၉ ချောင်း ထုတ်လုပ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၂၂ ရက်အထိ ကမ္ဘောဒီးယား အစိုးရထံ အခွန်အခ အမျိုးမျိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ပေးဆောင်ခဲ့ကြကြောင်း ပြောကြားသည်။

 

လက်ရှိတွင် ရွှေသတ္တု တူးဖော်ထုတ်လုပ်‌ရေးကို ကုမ္ပဏီ ၆ ခု လုပ်ကိုင်လျက် ရှိသည်။ ယင်းတို့အနက် Renaissance Minerals (Cambodia) Limited သည် ‌၇,၈၄၆ ကီလိုဂရမ် ထုတ်လုပ်ခဲ့ပြီး ပမာဏ အများဆုံး ဖြစ်သည်။

ကျန်သည့် စက်ရုံ ၅ ရုံသည် စုစုပေါင်း အလေးချိန် ၄၄၂ ကီလိုဂရမ်ရှိသည့် ရွှေချောင်း ၅၀ ထုတ်လုပ်ခဲ့ကြသည်။ ၎င်းစက်ရုံများသည် အရွယ်အစား ငယ်ကြသဖြင့် ထုတ်လုပ်နိုင်သည့် ပမာဏလည်း နည်းသည်ဟု Ung Dipola က ပြောကြားသည်။

၎င်းကုမ္ပဏီ ၅ ခုမှာ---

•  Late Cheng Mining Development Co., Ltd.

•  Xing Yuan Kanng Yeak Co., Ltd.

•  Rong Cheng Industrial Investment (Cambodia) Co., Ltd.

•  Delcom (Kampuchea) Pte Ltd. 

•  Xinshan Industrial (Cambodia) Co., Ltd. 

 တို့ ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇွန်လတွင် Renaissance Minerals (Cambodia) Limited ၏ ရွှေသန့်စင်ရေး စက်ရုံကို တရားဝင် စတင်ဖွင့်လှစ်ပြီးနောက် ကုမ္ပဏီသည် ရွှေ ၆,၇၂၈ ကီလိုဂရမ်ကို သန့်စင်ခဲ့သည်။ အစိုးရထံ ကန်ဒေါ်လာ ၁၀.၃ သန်း ပေးသွင်းခဲ့သည်။

၎င်းစက်ရုံမှ အနည်းဆုံး ရွှေ ၉၀% ပါသည့် ရွှေချောင်းများ ထုတ်လုပ်သည်။ အမျိုးသမီး ၆၁ ဦး အပါအဝင် ဝန်ထမ်း ၄၃၄ ဦး အလုပ်ခန့်ထားပြီး နိုင်ငံခြားသား ၈၇ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၃၄၇ ဦး ပါဝင်သည်။

 

photo_2023-10-07_23-59-33.jpg

 

Renaissance Minerals (Cambodia) Limited သည် ရွှေတူးဖော်ရန်အတွက် ကမ္ဘောဒီးယားအစိုးရမှ လိုင်စင်ရရှိထားသည့် ပထမဆုံးသော နိုင်ငံတကာကုမ္ပဏီဖြစ်သည့် ဩစတြေးလျကုမ္ပဏီဖြစ်သည်။

 

ကုမ္ပဏီ၏ ရွှေသတ္တုတွင်းများသည် ရွှေသတ္တုရိုင်း တန်ချိန် ၂ သန်းနီးပါး တူးဖော်နိုင်စွမ်း ရှိသည်။

ကုမ္ပဏီ၏ စက်ရုံသည် ၉၀% ရွှေချောင်းများ တစ်နှစ်လျှင် ၃ တန်အထိ သန့်စင်ပေးနိုင်သည်။

 

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 08 October 2023 00:03
Rate this item
(0 votes)