ချင်မင်းဆက် နောက်ဆုံးအင်ပါယာပြည့်ရှင်ရဲ့ Patek Philippe လက်ပတ်နာရီ လေလံတင်မည်

ချင်မင်းဆက် နောက်ဆုံးအင်ပါယာပြည့်ရှင်ရဲ့ Patek Philippe လက်ပတ်နာရီ လေလံတင်မည်

ချင်မင်းဆက် နောက်ဆုံးအင်ပါယာပြည့်ရှင်ရဲ့ Patek Philippe လက်ပတ်နာရီ လေလံတင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ချင်မင်းဆက်ရဲ့ နောက်ဆုံးအင်ပါယာပြည့်ရှင်မှာ Patek Philippe လက်ပတ်နာရီတစ်လုံး ရှိပြီး သူ့ကို ဆိုဗီယက်နိုင်ငံ ဆိုက်ဘေးရီးယားမှာ ထိန်းသိမ်းထားစဉ် ၅ နှစ်တာကာလမှာ ပတ်ခဲ့တဲ့ လက်ပတ်နာရီဖြစ်ပါတယ်။ 

၎င်းလက်ပတ်နာရီကို ယခုနှစ် အနှောင်းပိုင်းမှာ လေလံတင်ဖို့ အစီအစဉ် ရှိပါတယ်။ အမေရိကန်ဒေါ်လာ သန်းဂဏန်း ရရှိမှာ သေချာပါတယ်။ 

 

နာရီမော်ဒယ်က Reference 96 Quantieme Lun ဖြစ်ပါတယ်။ ဒိုင်ခွက်မှာ လပြည့်လကွယ် အဆင့်ဆင့်ကို နေ့စဉ် ပြသပေးပါတယ်။ ရက်စွဲကို နှစ် လ ရက် ဖြင့် အပြည့်ပြပေးပါတယ်။ ထို့အပြင် နေ့ကိုပါ ပြသပေးပါတယ်။ 

 ၁၉၃၇ ခုနှစ်မှာ ယခုလို ပြသပေးနိုင်တဲ့ လက်ပတ်နာရီကို ထုတ်လုပ်နိုင်ခဲ့တာဟာ တော်ရုံတတန်ရုံ လက်မှုပညာဖြင့် မလုပ်နိုင်ပါဘူး။  တစ်ရက်တာ ၂၄ နာရီအပြောင်းအလဲနှင့် အညီ ရက်တွေ နေ့တွေ လိုက်ပြောင်းပေးဖို့ သေးသေးပါးပါး အစိတ်အပိုင်းများကို ခွေးသွားစိတ်များဖြင့် အချိတ်အဆက် လုပ်ပေးထားရတာ ဖြစ်ပါတယ်။ 

 

photo_2023-03-28_18-01-09.jpg

 

 

Patek Philippe က Ref 96 မော်ဒယ် ၈ မျိုး ထုတ်လုပ်ခဲ့ပြီး ပြည့်ရှင်ရဲ့ လက်ပတ်နာရီက ဈေးအကြီးဆုံး မော်ဒယ် ဖြစ်ပါတယ်။ 

 

Aisin-Gioro Puyi အသက် ၃ နှစ်မပြည့်သေးခင် ၁၉၀၈ ခုနှစ်မှာ န်းတက်ခဲ့ပါတယ်။ တရုတ်တော်လှန်ရေးကာလ ၁၉၁၂ မှာ သူ့ထံမှ ဘုရင့်အာဏာကို ရုပ်သိမ်းခံရပေမဲ့ နန်းတော်အတွင်းမှာ စည်းစိမ်အပြည့်ဖြင့် ၁၉၂၄ ခုနှစ် အာဏာသိမ်းတဲ့အထိ နေထိုင်ခွင့် ရရှိခဲ့ပါတယ်။ 

 

လက်ပတ်နာရီကို ဘယ်တုန်းက ဘယ်လို ရခဲ့သလဲဆိုတာ မသိကြရပါဘူး။ နာရီက ၁၉၃၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Patek Philippe  ဖြစ်ပါတယ်။ အဲဒီကာလမှာ ၁၉၃၄ မှ ၁၉၄၅ အထိ သူက မန်ချုးရီးယားမှာ ဂျပန်ရဲ့ ရုပ်သေးဘုရင်အဖြစ် နေထိုင်ခဲ့ပါတယ်။ 

 

ဒုတိယကမ္ဘာစစ် ပြီးချိန်မှာ သူက မန်ချုးရီးယားမှ ထွက်ပြေးဖို့ ကြိုးစားစဉ် ဆိုဗီယက်တွေက သူ့ကို ဖမ်းဆီးလိုက်ပြီး ၅ နှစ်တိုင်တိုင် ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီကာလတစ်လျှောက် လက်ပတ်နာရီကို မဆုံးရှုံးအောင် သူ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ 

 

ဆိုဗီယက် အကျဉ်းသားဘဝဖြင့် နေထိုင်စဉ် ရုရှား စကားပြန် Georgy Permyakov နှင့် အရင်းအချာ သူငယ်ချင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၅၀ ခုနှစ်မှာ သူ့ကို တရုတ်ပြည် ပြန်ခေါ်တဲ့အခါ ကွပ်မျက်ခံရလိမ့်မယ်လို့ ယူဆတာကြောင့် လက်ပတ်နာရီကို လက်ဆောင်အဖြစ် Permyakov ကို ပေးအပ်ခဲ့ပါတယ်။ 

တရုတ်ပြည်ကို ပြန်ရောက်တော့ သူ့ကို ထောင်တွင်းမှာ ကွန်မြူနစ်ဝါဒ အသိပညာပေး သင်တန်း တက်စေခဲ့ပြီး ၁၀ နှစ်ခန့်အကြာမှာ လွှတ်ပေးလိုက်ပါတယ်။ သာမန် နိုင်ငံသားတစ်ဦးအဖြစ် သေသည်အထိ နေထိုင်သွားခဲ့ပါတယ်။ 

Source BLOOMBERG

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 28 March 2023 18:05
Rate this item
(0 votes)