ရွှေရောင်းဝယ်မှုပေါ်မူတည်၍ တစ်ရက်လျှင် ရွှေ ၁ဝ ပိဿာဝန်းကျင်သာရောင်းဝယ်ရန်သတ်မှတ်မည်

ရွှေရောင်းဝယ်မှုပေါ်မူတည်၍ တစ်ရက်လျှင် ရွှေ ၁ဝ ပိဿာဝန်းကျင်သာရောင်းဝယ်ရန်သတ်မှတ်မည် google

ရွှေဈေးနှုန်း တည်ငြိမ်ရေးနှင့် ရောင်းသူဝယ်သူများ အဆင်ပြေစေရေး ရန်ကုန်တိုင်း ဒေသကြီး၌

 

တစ်ရက်တာ ရွှေရောင်းဝယ်မှု အခြေအနေပေါ် မူတည်၍ ၁ဝ ပိဿာဝန်းကျင်သာ ရောင်းချရန်

 

လျာထား သတ်မှတ်မည်ဖြစ်ကြောင်း သြဂုတ် ၇ ရက်က ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး

 

ရွှေလုပ်ငန်းရှင်များ အသင်း၌ ကျင်းပသည့် အထူးအလုပ် အမှုဆောင် အစည်းအဝေးတွင်

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ၏ပြောကြားချက်အရ သိရသည်။

 

''ရွှေဈေးက အခုရက်ထဲ တအားတက်လာတယ်။ ဈေးတက်လာတော့ အဝယ် လိုက်လာတယ်။

 

ပစ္စည်းရှိတဲ့သူတွေကလည်း မရောင်းတဲ့အပြင် နောက်နေ့ဈေးကို စောင့်နေတဲ့အတွက် ပစ္စည်း မအပ်တော့ဘူး။

 

အဲဒီအတွက် အများကြီး မရောင်းဝယ်ဖို့နဲ့ ဈေးနှုန်းကိုလည်း ကမ္ဘာ့ရွှေဈေးထက် မပိုဖို့ ဆောင်ရွက်သွားမှာပါ''ဟု ဦးမျိုးမြင့် ကပြောသည်။

 

ယခုတစ်ပတ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ တစ်ရက်လျှင် ရွှေ ၁ဝ ပိဿာ အထိသာ ရောင်းဝယ်မှုပြုလုပ်ရန် သတ်မှတ်မည်ဖြစ်သည်။

 

''ဈေးကွက်ကို ထိန်းတဲ့အနေအထားပဲ ရောင်းဝယ်ပါမယ်။ သောကြာနေ့မှာ ရောင်းသူက ပိဿာ ၄ဝ ပါရင် ၄ဝ ရောင်းဝယ်ပါမယ်။

 

အခု ၁ဝ ပိဿာလို့ပြောတာက ရွှေဈေးတက်နေလို့ ပြောတာပါ။

 

ဈေးတက်ရောင်းမယ့်သူ မရှိလို့ ၁ဝ ပိဿာ သတ်မှတ်မယ်လို့ လျာထားတာပါ''ဟု ဦးမျိုးမြင့် ကပြောသည်။

 

လက်ရှိရွှေဈေးနှုန်းမှာ ဈေးကွက်ပေါင်းစုံမှ အခြေအနေများစွာကြောင့် တရိပ်ရိပ် တက်နေခြင်းဖြစ်ပြီး

 

အဆိုပါ အခြေအနေများတွင် ပစ္စည်းရှိသူများက ရောင်းချခြင်း မရှိသဖြင့် ရောင်းသူဝယ်သူ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

 

သို့ဖြစ်ရာ ယင်းအခြေအနေများ အတွက် ရောင်းဝယ်မှုများကို ပစ္စည်းရောင်းချမည့်ပေါ် မူတည်၍

 

လက်ငင်း အရောင်းအဝယ် စနစ် လုပ်ဆောင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

Source: Myawaddy

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)
Tagged under