ကျောက်စိမ်း၏ ဂုဏ်အင်္ဂါကြီးသုံးရပ်

ကျောက်စိမ်း၏ ဂုဏ်အင်္ဂါကြီးသုံးရပ် google

ကျောက်မျက်ရတနာဆိုသည်မှာ တစ်စုံတစ်ခုသောတွင်းထွက်ပစ္စည်းသည် လှပခြင်း၊ ကြာရှည်ခံခြင်းနှင့်

 

ရှားပါးခြင်းစသော ဂုဏ်အင်္ဂါနှင့်ပြည့်စုံရလေသည်။ ကျောက်စိမ်းသည်ကျောက်မျက်ရတနာတစ်ခုဖြစ်ပြီး

 

ထိုအင်္ဂါရပ်အားလုံးနှင့် ပြည့်စုံသည်။

(၁) လှပခြင်း

ကျောက်မျက်ဟူသမျှလှပကြသည်။ ကျောက်စိမ်းတွင်တောက်ပပြောင်လက်၍ ရွှမ်းရွှမ်းအိနေသောအစိမ်းရောင်ကြောင့်

 

လှပခြင်းဖြစ်သည်။ ကျောက်မျက်တစ်မျိုးစီတွင်ကိုယ်ပိုင်အလှရှိပြီး ကျောက်စိမ်းတွင်ထူးခြားသောကိုယ်ပိုင်အလှရှိသည်။

 

တရုတ်လူမျိုးများသည်ကျောက်စိမ်းကိုအဓိပတိကျောက်မျက်အဖြစ်မှတ်ယူကြသည်။ ကျောက်စိမ်း၊ ကျောက်မျက်ကို

 

ပိုင်ဆိုင်သူတိုင်း၊ ဝတ်ဆင်သူတိုင်းသည် သဒ္ဒါရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း၊ တရားမျှတသောစိတ်ဓာတ်ရှိခြင်း၊

 

မိမိကိုယ်ကိုနှိမ့်ချသောနိဝါတတရားရှိခြင်း၊ အသိပညာ၊ ဥာဏ်ပညာကြီးမားခြင်း၊ ဘေးအန္တရာယ်ကင်းခြင်း၊

 

စီးပွားဥစ္စာတိုးပွားခြင်းဟူသော ဂုဏ်အင်္ဂါကြီးခုနှစ်ရပ်နှင့်ပြည့်စုံသည်ဟု အယူရှိကြသည်။

 

ကျောက်စိမ်းကိုအမှုန့်ကြိတ်၍ ရေနှင့်ရောပြီး သောက်သုံးပါက ခန္ဓာအတွင်းရှိရောဂါဘယအမျိုးမျိုးပျောက်ကင်းစေနိုင်ခြင်း၊

 

မောပန်းနွမ်းနယ်ခြင်းမှကင်းဝေးခြင်းစသော အာနိသင်များနှင့် ပြည့်စုံသည်ဟုလည်းယုံကြည်ကြသည်။

 

(၂) ကြာရှည်ခံခြင်း

 

ကျောက်မျက်တစ်ခု၏ကြာရှည်ခံနိုင်ခြင်း ဂုဏ်အင်္ဂါသည်အဓိကအားဖြင့် ၎င်း၏မာခြင်း ဂုဏ်သတ္တိခြင်းကြောင့်ဖြစ်သည်။

 

ကျောက်စိမ်းသည်မာကျောသောဂုဏ်သတ္တိရှိသည်။

 

ကြာရှည်ခံနိုင်ရန်ကျောက်တစ်မျိုးတွင်လိုအပ်သောအခြားဂုဏ်အင်္ဂါတစ်ရပ်မှာ ဓာတုဗေဒသဘောအရဓာတ်ပြု၍

 

လွယ်ကူစွာပျက်စီးခြင်းမှခံနိုင်ရန်လိုအပ်သည်။ ကျောက်စိမ်းသည်သာမာန်အားဖြင့်နေ့စဉ်ကြုံတွေ့နေရသော

 

ဓာတုပစ္စည်းများ၏ ဓာတ်ပြုခြင်းကိုကြံ့ကြံ့ခံနိုင်သည်။

 

(၃) ရှားပါးခြင်း

 

တွင်းထွက်ပေါင်းများစွာရှိရာ အချို့သောတွင်းထွက်များကို ပေါများစွာတွေ့ရှိနိင်သည်။

 

ကျာက်စိမ်းသည်ပေါများစွာမတွေ့ရတတ်သော တွင်းထွက်မျိုးဖြစ်သည်။ ကျောက်စိမ်းအစစ်အမှန်ဖြစ်သော

 

ဂျေးဒိုက်ကျောက်များကို ကမ္ဘာပေါ်ရှိနေရာ(၅) နေရာတွင်သာများများစားစားတွေ့ရသည်။

 

၎င်းတို့မှာ မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂွာတီမာလာနိုင်ငံနှင့် ရရှားနိုင်ငံတို့ဖြစ်သည်။

 

ထို (၅) နေရာအနက်မြန်မာနိုင်ငံတွင်သာ ရတနာတန်းဝင်သောကျောက်စိမ်းများကို အများအပြားတွေ့ရသည်။

 

source:မြန်မာကျောက်စိမ်း

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(1 Vote)