ကျောက်မျက်ရတနာတို့၏ တန်ဖိုးတက်စေသောအရာများ အပိုင်း-၁

ကျောက်မျက်ရတနာတို့၏ တန်ဖိုးတက်စေသောအရာများ အပိုင်း-၁ Google

ကျောက်မျက်အများစုတို့သည် အလေးချိန်အရ တန်ဖိုးတက်သကဲ့သို့ ယင်းတန်ဖိုးကို

ကာရက် (Carat) ပေါ်တွင် အခြေခံ၍ တွက်ချက်သည်။ ကျောက်မျက်တစ်တုံး ၂၀၀ မီလီဂရမ်ကာရက်ရှိသည်ဆိုကြပါစို့ ထိုကာရက် (Carat) သည် ကျောက်မျက်အလေးချိန်၏ ယူနစ်ဖြစ်သည်။ ရွှေ၏ သန့်စင်မှုကို တိုင်းထွာသော ကရက် (Karat) နှင့် ရောမထွေးစေလိုပါ။

အမျိုးမျိုးသော ကျောက်မျက်တို့၏ ကာရက်ပေါ်မူတည်သည့် ဈေးနှုန်းသည် အမျိုးမျိုးအထွေထွေရှိသည်။ တစ်ဒေါ်လာမှ ဒေါ်လာထောင်ပေါင်းများစွာအထိ ရှိနိုင်သည်။ ကျောက်မျက်တို့၏ ကာရက်ပေါ် မူတည်တွက်ချက်သော တန်ဖိုးသည် အောက်ဖော်ပြပါ အချက်များပေါ်တွင် မူတည်သည်။

အောက်ဖော်ပြပါ အချက်များသည် ကျောက်မျက်တို့၏ တန်ဖိုးကို အဆုံးအဖြတ်ပေးနိုင်သော အချက်အလက်များ ဖြစ်သည် -

 

ကျောက်မျက်အမျိုးမျိုး Gem Variety

နီလာ၊ ပတ္တမြား၊ မြ အစရှိသော အမျိုးမျိုးသော ကျောက်မျက်တို့တွင် မြင့်မားသောတန်ဖိုးရှိရခြင်းမှာ ယင်းတို့၏ အရည်အသွေးနှင့် ရှားပါးမှု တို့ကြောင့်ဖြစ်သည်။ သလင်းကဲ့သို့သော ကျောက်မျိုးသည် ကမ္ဘာအနှံ့အများအပြားတွင် တွေ့ရှိရသောကြောင့် အထက်ပါ ကျောက်များ လောက် တန်ဖိုးမရှိပေ။ ကျောက်မျက်တစ်တုံး၏ ယေဘုယျတန်ဖိုးမှာ ယင်းတွင် ရှိနေသော အရည်အသွေးများနှင့် ရှားပါးမှုကို စံထား၍ တစ်ကာရက်ပေါ်တွင် တန်ဖိုးဖြတ်ကြခြင်းဖြစ်သည်။

 

အရောင်အဆင်း Colour

ကျောက်မျက်တို့၏ တန်ဖိုးကို ဆုံးဖြတ်ရာတွင် အရောင်အဆင်းသည်လည်း အရေးအကြီးဆုံး အရည် အသွေးဖြစ်သည်။ ကျောက်မျက် တစ်ခုစီတွင် စံအရောင်အသွေးတစ်ခုရှိသည်။ အနောက်၊ အကြည်၊ အလင်းပေါက်တို့ပေါ်တွင် မူတည်၍ ကျောက်မျက်၏ ဈေးနှုန်းကို ယေဘုယျသတ်မှတ်သည်။ ကျောက်မျက်တစ်ခုသည် အလင်းပေါက်လွန်းလျှင်လည်းကောင်း၊ အလင်းပိတ်လွန်းလျှင် လည်းကောင်း၊ အသင့်အတင့်လောက် တန်ဖိုးမကြီးပေ။ ဥပမာအားဖြင့် ပြောင်းဖူးပွင့်ရောင်သန်းသော အပြာရောင်ရှိသည့် နီလာသည် မင်နက်ပြာရောင်သို့မဟုတ် အပြာရောင်ဖျော့ဖျော့ကျောက်ထက် တန်ဖိုးသင့်သည်။

 

သန့်စင်မှု Clarity

ကျောက်မျက်များသည် သန့်ရှင်းစင်ကြယ်နေပါက အပြစ်ကင်းစင်သည်ဟု ယေဘုယျယူဆကြသည်။ ညင်သာသော အောင်းရောင် မရှိသည့်ကျောက်သည် အောင်းရောင်ရှိသည့်ကျောက်လောက် တန်ဖိုးမရှိပေ။ အကယ်၍ ကျောက်မျက်တစ်တုံးသည် အောင်းရောင် အနည်းငယ်ရှိသော်လည်း တောက်ပမှုနှင့် အလင်းဖြာထွက်မှုမရှိပါက ယေဘုယျအားဖြင့် တန်ဖိုးမရှိပါ။ မြကဲ့သို့ ကျောက်များသည် များသောအားဖြင့် အောင်းရောင်အချို့ရှိတတ်ကြသည်ကို မမေ့ပါနှင့်။

 

ဖြတ်တောက်ခြင်းနှင့် အရောင်တင်ခြင်း Cut and Polish

ကျောက်မျက်များကို သင့်တင့်လျှောက်ပတ်သောအရွယ်အစားဖြစ်အောင် ဖြတ်တောက် (ကွမ်) ခြင်းဖြင့် အလင်းပြန်ခြင်းဖြစ်ပေါ် လာစေနိုင်သည်။ ထို ကွမ်ပြီးသားကျောက်များကို မျက်နှာပြင်သန့်စင်ခြင်းနှင့် အစင်းရာများ ပပျောက်အောင် အရောင်တင်ပေးခြင်းဖြင့် ကျောက်မျက်၏တန်ဖိုးပိုမိုတက်လာစေနိုင်သည်။ ကွမ်မှု ညံ့သော ကျောက်မျက်များသည် ဈေးနိမ့်ကျခြင်းကို ဖြစ်ပေါ်စေသည်။

 

အရွယ်အစား Size

ယေဘုယျအားဖြင့် ကျောက်မျက်တုံးကြီးလေ တန်ဖိုးကြီးလေဖြစ်သည်။ သလင်းကျောက်ကဲ့သို့သော ကျောက်မျိုးသည် အလေးချိန်ပေါ်တွင်မူတည်၍ တစ်ကာရက်ဈေးနှုန်းပြောင်းသွားသည်။ သို့သော် ရှားပါးသော ကျောက်မျက်များသည် တစ်ကာရက် ဈေးခုန်တက်သွားလေ့ရှိသည်။ ဥပမာအားဖြင့် တစ်ကာရက် စိန်တုံးတစ်တုံးသည် အမေရိကန်ဒေါ်လာ တစ်ထောင်တန်ပါက နှစ်ကာရက် စိန်တုံးတစ်တုံးသည် လေးထောင်ခန့်တန်သွားသည်။ နှစ်ထောင်မကတော့ပေ။ တချို့ကျောက်မျက်များသည် ကွမ်သည့် စံအရွယ်အစားများ ပေါ်တွင် မူတည်၍ တန်ဖိုး အနည်းအများ ကွာခြားကြသည်။

 

ပုံသဏ္ဍာန် Shape

တချို့ကျောက်မျက်များသည် ဖြတ်တောက်ထားသော ပုံသဏ္ဍာန်အရ တန်ဖိုးကွာခြားမှု ဖြစ်ပေါ်တတ်ကြသည်။ ယေဘုယျအားဖြင့် လုံးဝန်းသော ကျောက်မျက်များသည် တန်ဖိုးမြင့်လေ့ရှိသည်။ တချို့ကျောက်များသည် ဘဲဥပုံရှိပြီး တချို့ကျောက်များသည် ပုံသဏ္ဍာန်မဲ့ရှိကြသည်။ နီလာ၊ ပတ္တမြား စသည့် ကျောက်မျက်များသည် ကွမ်၍ သွေးပြီး ရရှိသည့် ပုံသဏ္ဍာန်ပေါ်တွင်မူတည်၍ အံ့သြဖွယ်ကောင်းလောက်အောင် ဈေးနှုန်းမြင့်တက်သွားတတ်ကြသည်။

 

By Sandy ( Gold & Jewellery Buying Guide )

Read times Last modified on Thursday, 05 November 2020 17:28
Rate this item
(1 Vote)
Tagged under