နီလာဝယ်နည်းလမ်းညွှန်

နီလာဝယ်နည်းလမ်းညွှန်

မြန်မာနိုင်ငံတွင် နီလာကောင်းများလည်း ထွက်ရှိသည်။ အထူးသဖြင့် တော်ဝင်အပြာရောင်ကာလာရှိသော နီလာနှင့် တစ်ခါတစ်ရံ အလွန်ကြီးမားသော နီလာတုံးကြီးများကို တွေ့ရှိရလေ့ရှိသည်။

 

မျက်ရစ်ရှိသော နီလာများကို မြန်မာနိုင်ငံတွင် တွေ့ရလေ့ရှိသည်။ ထိုနေရာများသည် ယင်း၏မျက်ရစ်ကြောင့် ပိုမိုထင်ရှားပြီး ပိုမိုသတိပြုမိဖွယ်ဖြစ်ကာ အရောင်လည်း ပိုမိုကြည်လင်သည်။ ထို့ပြင် အခြားသော နီလာများနှင့်လည်း ကွဲပြားခြားနားသည်။

 

အရောင်အသွေး

နီလာ၏ တန်ဖိုးအမြင့်ဆုံးအရောင်မှာ ကတ္တီပါအပြာမှ ခရမ်းစွက်အပြာအထိ ဖြစ်သည်။ အလယ်အလတ် အရောင်ရင့်ရင့်နှင့် အတူ ရွှန်းလဲ့တောက်ပစိုပြေသော အရောင်လည်းရှိသည်။ မူလ၏အရောင်သည် အပြာရောင်စစ်စစ် ဖြစ်လျှင် ပိုမိုဈေးကြီး လေ့ရှိသည်။

ယင်းအပြာရောင်စစ်စစ်ကို အလေ့ကျပေါက်သော အပြာရောင်ပန်းပွင့် အရောင်နှင့် တင်စားလေ့ရှိသည်။ နီလာကျောက်သည် ခရမ်းရောင်ဖျော့ဖျော့ သို့မဟုတ် အစိမ်းရောင် အရောင်အဆင်းရှိလျှင် လိုချင်သူ နည်းပါးသည်။

မြန်မာပြည်ထွက် နီလာများသည် အရောင်မဲ့၊ ခရမ်းရောင်ဖျော့ဖျော့၊ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နှင့် အနက်ရောင်တို့ လည်းရှိနိုင်သည်။ လိမ္မော်ရောင်နှင့် ပန်းရောင်စပ်သော နီလာများသည် ရှားပါးပြီး အလွန်တန်ဖိုးထိုက် သည်။ ယင်းကို Padparadscha ဟုခေါ်သည်။

 

အပြစ်အနာအဆာကင်းစင်မှု

နီလာသည် တစ်ခါတစ်ရံ အောင်းဝင်ပစ္စည်းများပါလေ့ရှိသည်။ အကယ်၍ နီလာကို မျက်စိဗလာဖြင့် စစ်ဆေးကြည့်ရုံဖြင့် အပြစ်အနာအဆာ (အောင်းဝင်ပစ္စည်းများ)တွေ့ပါက ကျောက်၏တန်ဖိုးသည် လျော့ကျသွားသည်။

တစ်ခါတစ်ရံ နီလာကို ကာဘိုချွန်နည်း (လုံးချောသွေးနည်း)ဖြင့် ဖြတ်ရာမှ ကန့်လတ်ဖြတ်အဆင်း ပိုးကြိုးသဏ္ဍာန် (အောင်းဝင်များ) ဖြစ်ပေါ်လာလေ့ရှိသည်။ ဤထူးခြားဆန်းကြယ်သော အောင်းဝင်ပစ္စည်းကို Asterism ဂေါ်ကြိုး ဟုခေါ်သည်။

ယင်းဂေါ်ကြိုးသည် ၄ ကြိုး၊ ၆ ကြိုး သို့မဟုတ် ၁၂ ကြိုးခန့်ရှိတတ်သည်။ အကယ်၍ နီလာရှိ အောင်းဝင် ပစ္စည်းသည် ကျောက်၏ တာရှည်ခံမှုကို လျော့ကျစေလျှင် ကျောက်၏တန်ဖိုးလည်း လျော့ကျသွားမည်ဖြစ်သည်။

 

သွေးပုံသွေးနည်း

နီလာကျောက်တွင် စံသွေးပုံသွေးနည်းမရှိပေ။ ဝယ်သူစိတ်ကြိုက်သွေးခြင်းမှသည် အရောင်လင်းလက် တောက်ပမှု အကောင်းဆုံးဖြစ်အောင်သွေးခြင်းအထိ အမျိုးမျိုးရှိသည်။

အကောင်းဆုံးသွေးနည်းသည် ကျောက်၏ အရောင်ကို အကောင်းဆုံး တောက်ပစေသည်။ နီလာကျောက်သည် တောက်ပ၍ စူးရှသော အလင်းတန်း တည့်တည့်ဖြတ်သန်းလာပါက ကျောက်မျက်တစ်ခုလုံးအား ဖြတ်သန်း၍ အလင်းပြန်လေ့ရှိသည်။

အကယ်၍ ယင်းနီလာ ကျောက်တွင် အလင်းတန်းစောင်း၍ ဖြတ်သန်းပါက အလင်းရောင်ဖျာထွက်လေ့ရှိသည်။ အကယ်၍ နီလာကျောက်ကို နက်နက်သွေးထားပါက အရောင်ရင့်သွားလေ့ရှိသည်။ အရောင်အလွန်ရင့်ပါက တိမ်တိမ်သွေးရန် လိုအပ်ပြီး အလင်းရောင်များ ဖျော့တော့စွာ ဖြတ်သန်းမည်ဖြစ်သည်။

နီလာကျောက်များသည် ကာရက်အနည်းငယ်မှ ကာရက် ရာနှင့်ချီ၍ အလေးချိန်စီးသည်။ ကြီးမားသော ပတ္တမြားတုံးများကို တွေ့ရသည်ထက် ကြီးမားသော နီလာကျောက်တုံးကြီးများကို တွေ့ရန် ပိုမိုလွယ်ကူသည်။

 

Gold & Jewellery Buying Guide

Read times Last modified on Thursday, 26 November 2020 18:18
Rate this item
(1 Vote)