မြဝယ်နည်းလမ်းညွှန်

မြဝယ်နည်းလမ်းညွှန်

မြသည် မြန်မာနိုင်ငံတွင် မထွက်ရှိပေ။ သို့သော် ကိုလံဘီယာ၊ ဇမ်ဘီယာ နှင့် ဘရာဇီးလ် တို့မှထွက်ရှိသော မြ ကျောက်များကို ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့ မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ တင်သွင်းကြသည်။

 

မြကျောက်သည် စိန်နည်းတူ သွေးပုံသွေးနည်း အပြစ်အနာဆာ ကင်းစင်မှုတို့ အပေါ်တွင် မူတည်၍ တန်ဘိုးဆုံးဖြတ်လေ့ရှိကြသည်။ သို့သော် မြကျောက်တွင် အရောင်သည် အရေးပါဆုံးဖြစ်သည်။ ကိုလံဘီယာ ထွက် မြကျောက်များသည် သန့်စင်သော အစိမ်းရောင် ရှိပြီး အကောင်းဆုံးဖြစ်သည်။ ဇမ်ဘီယာ ထွက် မြကျောက်များသည် ပြာလဲ့ရောင်သန်းသောအစိမ်းရောင်ရှိပြီး ဒုတိယအကောင်းဆုံးဖြစ်သည်။ဘရာဇီးလ် မြကျောက်များသည်ကား အရေအတွက် များပြားစွာထွက်ရှိ သော် လည်း အရည်အသွေးမှာမူ နိမ့်သည်ဟု ဆုံးဖြတ်ကြသည်။

 

အရောင်အဆင်း colour

ယျေဘူယျ အားဖြင့်မြကျောက် အစိမ်းရောင်ရင့်လေ တန်ဖိုးပိုလေဖြစ်သည်။ တန်ဘိုးအထိုက်ဆုံး မြကျောက် များသည် စိမ်းပြာရောင်ရင့်ရင့်မှ ရွှမ်းလဲ့ပြည့်ဝသော အစိမ်းရောင် သန့်သန့် ထိရှိကြသည်။ တန်ဘိုးမြင့်သော မြကျောက်များသည် အရောင်များဖြာထွက်နေသော်လည်း ဖောက်ထွင်းမြင်နိုင်မှု စွမ်းအားမြင့်မားကြသည်။အကယ်၍ ကျောက်၏ အရောင်အဆင်းသည် အဝါရောင် သို့မဟုတ် အပြာရောင် သမ်းနေပါက ထိုကျောက်သည်မြ မဖြစ်နိုင်ပေ။ ထိုကျောက် သည် အလွန်မာကျောပြီး အစိမ်းရောင် သို့မဟုတ် ပြာနှမ်းနှမ်း အရောင်ရှိသော ကျောက်တစ်မျိုး ၏ အမျိုးအစားကွဲ ကျောက်တစ်မျိုးသာလျှင် ဖြစ်ပေမည်။

 

အပြစ်အနာအဆာကင်းစင်မှု clarity

အခြားကျောက်မျက်းများနှင့် နှိုင်းယှဉ်လျှင် မြကျောက်သည် အောင်းဝင်ပစ္စည်းအများဆုံးကျောက်တစ်မျိုးဖြစ်သည်။ ယင်းကို jardins ဟုခေါ်လေ့ရှိကြသည်။ ပြင်သစ်အခေါ် ဥယျာဉ် ပန်းခြံ ချုံပုတ်များအသွင်ဖြစ်နေ၍ ဖြစ်သည်။ မျက်စိအမြင်ဖြင့် ကြည့်ရုံမျှဖြင့် ကြည်လင်သန့်ရှင်းနေသော မြကျောက်မျိုးသည် အလွန်ရှားပါးသည်။သို့ဖြစ်၍ ကျောက်မျက် ကုန်သွယ်ရေးနှင့် သုံးစွဲသူများ လောကတွင် များသောအားဖြင့် မြကျောက်၏ အပြစ်အနာအဆာ အချို့ကို လက်ခံထားလေ့ရှိကြသည်။ မည်သို့ဆိုစေကာမှု မြကျောက်၏ အောင်းဝင်ပစ္စည်း အချို့သည် ကျောက်မျက်၏ ဖောက်ထွင်း ကြည်လင်နေမှု နှင့် တောက်ပမှု တို့ကို မထိခိုက်ပေ။ မြကျောက်၏တောက်ပမှုသည် မြကျောက်ကို တန်ဘိုး အတက်ဆုံးသော အချက်များထဲမှ တစ်ခုဖြစ်သည်။

 

သွေးပုံသွေးနည်း

မြကျောက်သည် အလွန်မာသော ကျောက်မျက်တစ်မျိုး ဖြစ်သော်လည်း ကြွတ်ဆတ်ပြီး အက်ကွဲရာ အများအပြား ရှိတတ်သည်။သို့ဖြစ်၍ မြကျောက်အား နေရာချထားရာတွင် ဖိအားများမှုတစ်စုံတရာဖြစ်ပေါ်ပါက အလယ်တကူ ကွဲကြေ အက်သွားနိုင်ပေသည်။ မြကျောက်ကို အများအားဖြင့် စောက်နက်နက် သွေးရသော မြကွက်ပုံသွေးနည်းဖြင့် သွေးလေ့ရှိကြပြီး သာမန်အားဖြင့် ထောင့်မှန်စတုဂံပုံလည်းသွေးတတ်ကြသည်။ ထောင့်များကို ဖြတ်၍ ကွဲအက်မှုကို သက်သာစေသောနည်းဖြစ်သည်။ အောင်းဝင်ပစ္စည်းများကြောင့် မြကျောက်အရိုင်းတုံးများကို သွေးရာတွင်၈၀%မှ ၉၀% ထိရှိသော ကျောက်၏မူရင်းဒြပ်ထု ကို ဖယ်ရှားရလေ့ရှိသောကြောင့် ကျောက်၏တန်ဘိုးမှာ ဈေးကြီးရခြင်းဖြစ်သည်။

 

ကာရက် အလေးချိန်

မြကျောက်အတွက် ကာရက် အလေးချိန်သည် အရေးပါဆုံးအချက်တစ်ခု မဟုတ်ပေ။ အရောင်နှင့် တောက်ပမှုတို့သာလျှင် အရေးပါပေသည်။ ကြီးမားသော မြကျောက်တစ်လုံးတွင် အစိမ်းရောင်မှိုင်းနေပါက သူ့တစ်ဝက်မျှသာ အလေးချိန်ရှိသော မြကျောက်က တောက်ပ၍ ပြာလဲ့လဲ့ အစိမ်းရောင်ရှိနေပါက ကျောက်အသေးလောက် တန်ဘိုးမရှိပေ။

 

Gold & Jewellery Buying Guide 

Read times Last modified on Tuesday, 17 November 2020 17:29
Rate this item
(2 votes)