မြန်မာပြည်၌သာတွေ့ရှိနိုင်တဲ့ အဖိုးတန်ဆုံးသောကျောက်စိမ်းအမျိုးအစားအကြောင်း

မြန်မာပြည်၌သာတွေ့ရှိနိုင်တဲ့ အဖိုးတန်ဆုံးသောကျောက်စိမ်းအမျိုးအစားအကြောင်း Google

ကျောက်စိမ်းတွေဟာ ကျောက်မျက်ရတနာနှစ်သက်သူတွေတင်သာမကပဲ လူတိုင်းရဲ့ပါးစပ်ဖျားမှာပါ အမည်တွင်အောင်လောက်ကို တန်ဖိုးရှိပြီး လူသိများတဲ့ကျောက်မျက်ရတနာပဲဖြစ်ပါတယ်။

 

ကျောက်စိမ်းဟာ တရုတ်ပြည်မှာ နှစ်ပေါင်းလေးထောင်လောက်ကတည်းက အလွန်ပင်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကျောက်မျက်ရတနာတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီ့လိုမျိုး ကောင်းမွန်တဲ့အရာတွေနဲ့ပြည့်စုံနေတဲ့ကျောက်စိမ်းတွေဟာ အရည်အသွေးအရ အဆင့်သတ်မှတ်

ထားခြင်းလည်းခံထားရတာဖြစ်ပါတယ်။

 

 China Nephrite Jade - China Nephrite Jade and Cabochon price

 

Jade လို့သာ အင်္ဂလိပ်လိုလူတွေခေါ်ဝေါ်နေကြတဲ့ ကျောက်စိမ်းဟာ အမှန်စင်စစ်မှာတော့ Nephrite နက်ဖရိုက်ကျောက် နဲ့ Jadeite ဂျေတိုက် ကျောက်တွေကိုညွှန်းဆိုကာ Jade ကျောက်စိမ်းရယ်လို့ခေါ်ဝေါ်ကြခြင်းသာဖြစ်ပါတယ်။ ၎င်းကျောက်နှစ်မျိုးဟာ

ပါဝင်တဲ့ဓာတုဓာတ်တွေသာကွဲလွဲနေရုံမက မာကျောမှုလည်း ကွာခြားတာပါ။

 

 

တရုတ်လိုမျိုး ကျောက်စိမ်းကို အလွန်ပင်အားထားကြတဲ့နိုင်ငံမှာထွက်ရှိတဲ့ ကျောက်စိမ်းများဟာ Nephrite ကျောက်များသာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀ကျော်လောက်ကအထိတရုတ်လူမျိုးတွေဟာ Nephrite ကျောက်တွေကိုသာ သူတို့ရဲ့အဆောင်အယောင်အဖြစ်သုံးစွဲခဲ့ကြတာပါ။ Jadeite ကျောက်တွေဟာ ရှားပါးပြီး Nephrite ကျောက်တွေထက်လည်းသာလွန်ကာ အရည်အသွေးကောင်းကြပါတယ်။ ထိုကဲ့သို့သော ကောင်းမွန်တဲ့အရည်အသွေးနဲ့ Jadeite ကျောက်စိမ်းတွေကို ထွက်ရှိတာ

ကတော့ Burma လို့အရင်ကခေါ်တွင်ခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံမှာသာဖြစ်ပါတယ်။

 

Jadeite Jade Quality Factors

 

Nephrite ကျောက်စိမ်းများဟာ အဓိကအားဖြင့် အဖြူရောင်နဲ့မီးခိုးရောင်တွေရှိကြပြီး အစိမ်းရင့်ရောင်၊ နီညိုရောင်နဲ့ အမဲရောင်တွေလည်းတွေ့နိုင်ပါတယ်။ Nephrite ကျောက်အများစုကတော့ အဖြူရောင်ရှိတာပါ။ Jadeite ကျောက်များမှာလည်း အရောင်ကွဲ

မျိုးစုံရှိနေပါတယ်။ ၎င်းအရောင်တွေကတော့ အစိမ်းရောင်၊ ခရမ်းရောင်၊ အဝါရောင်၊ အမဲရောင်နဲ့အဖြူရောင်တွေပဲဖြစ်ပါတယ်။ Jadeite ကျောက်တွေထဲမှာအတွေ့များတာကတော့ အစိမ်းဖျော့ရောင်ပဲဖြစ်ပါတယ်။

 

 

သို့ပေမယ့်လည်း အဖိုးအတန်ဆုံးကျောက်စိမ်းအမျိုးအစားကတော့ မြစိမ်းရောင်ရှိတဲ့ Imperial Jade ဆိုတဲ့ကျောက်စိမ်းပဲဖြစ်ပါတယ်။ ၎င်း Imperial Jade တွေဟာ ခရိုမီယန်သတ္ထုဓာတ်ပါဝင်မှုတွေကြောင့် တောက်ပမှုရှိပြီးအကြည်ဓာတ်နဲ့လည်းပြည့်စုံနေ

တာပါ။ Imperial Jade တွေကိုတော့ ဖားကန့် တောမှော် အစရှိတဲ့ ကချင်ပြည်နယ်ကကျောက်စိမ်းတူးဖော်ရာဒေသများ၌သာတွေ့ရှိနိုင်တာပါ။ Jadeite ကျောက်စိမ်းတွေထဲမှာမှ အဆင့်အမြင့်ဆုံးနဲ့ အစိမ်းရောင်တောက်ပကြည်လင်မှုအမြင့်ဆုံးသော

ကျောက်စိမ်းတွေကိုသာ Imperial Jade လို့ခေါ်ဆိုရခြင်းဖြစ်ပါပေတယ်။

 

 

Source: KyaukSein

Read times Last modified on Saturday, 26 September 2020 13:24
Rate this item
(0 votes)