သိဟ်ရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

သိဟ်ရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

၂၀၂၀ သည် ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံးသောနှစ် မဖြစ်ခဲ့ပါ။

 

ကိုဗစ်ကပ်ရောဂါ လှိုင်းလေထန်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ဘ၀နေထိုင်မှုပုံစံတွေ ပြောင်းလဲကုန်တဲ့နှစ် တစ်နှစ်အဖြစ် အမှတ်ရနေမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်တွင် လူနေမှု ပုံစံအသစ် ရှုထောင့်အသစ်ဖြင့် အသစ်အစပြုပြီး ဖြတ်သန်းသည့်အခါ သင် မွေးဖွားခဲ့သည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် အားကိုးအားထား ပြုနိုင်သည့် ကျောက်မျက်ရတနာကို အကြံပြုလိုသည်။

ထို့အတွက် ထင်ရှားသောနက္ခတ်ဗေဒင်ပညာရှင်နှင့်ကျောက်ကပ်ပညာရှင် Pankaj Khanna၊ ၏ အကြံပြုချက်ကို တင်ပြထားပါသည်။

Pankaj Khanna သည် ဗေဒင်တတ်ကျွမ်းသော ကျောက်မျက်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကျောက်မျက်ရတနာလုပ်ငန်း Gem Selections, Khanna Gems. Pvt. Ltd ကို တည်ထောင်သူ ဖြစ်ပြီး ယခုအခါ ယင်းကျောက်မျက်ရတနာလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

သူက မွေးဖွားသည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် ကောင်းကျိုးပြုမည့် ကျောက်မျက်ရတနာကို ဖော်ထုတ်တင်ပြသည်။

 

ဆယ့်နှစ်ရာသီခွင်တွင် ပဉ္စမဖြစ်သော ခြင်္သေ့ပုံ သိဟ်ရာသီဖြစ်သော ဇူလိုင်လ ၂၀ ရက်မှ ဩဂုတ်လ ၁၉ ရက်အထိ အတွင်း မွေးဖွားသူများသည်

ကြီးစိုးလွှမ်းမိုးနေရမှ ကျေနပ်သည်။ relationship တွင် က တစ်ဖက်သားကို သူ့လောင်းရိပ်အောက်မှာ ထားလိုသည်။ ရည်မှန်းချက် မြင့်မားသူများ ဖြစ်သည်။

ထို့အတွက် စိတ်မှာ လေးလေးနက်နက် ဖြစ်လွန်းနေသည်။ တစ်ဘက်သားအတွက် အမြဲတမ်း အဆင်ပြေနေနိုင်ဖို့ ခဲယဉ်းသည်။ ၂၀၂၁ ခုနှစ်တွင် ပတ္တမြားသည် မွေးဖွားသည့် ရာသီခွင်အရ အကောင်းဆုံးရတနာဖြစ်သည်။

ပတ္တမြား အရွယ်အသင့်အတင့်ကို မတတ်နိုင်ပါက တူးဖော်သည့် ပတ္တမြားနှင့်အတူတွဲပြီး တွေ့ရလေ့ရှိသည့် အညံ့ပန်း(Spinel) ကို ဆောင်ထားသင့်သည်။

ပတ္တမြားနှင့် ယှဉ်၍ အညံ့ပန်းဟု အမည်တွင်နေခြင်းသာ ဖြစ်သည်။ သဘာဝ ပုံဆောင်ခဲ ခရစ္စတယ် အစွမ်းသတ္တိများသည် ပတ္တမြားအတိုင်းပင် ဖြစ်သည်။

စိတ်လေးလဖိစီးနေသည်ကို ပြန်လည် လန်းဆန်းအောင် ပြုပေးလိမ့်မည်။ မှန်းထားသလို ဖြစ်မလာသဖြင့် စိတ်ဓာတ်ကျခြင်း၊ ပူပန်ခြင်းများကိုလည်း လျော့ပါးအောင် ပြုပေးလိမ့်မည်။

Read times
Rate this item
(0 votes)