စိန်ဖြတ်တောက်မှု့ ပုံစံ ( ၁၀ ) ခု

စိန်ဖြတ်တောက်မှု့ ပုံစံ ( ၁၀ ) ခု

တကယ်တန်း စိန် တစ်ပွင့်ရဲ့ ပုံစံနဲ့ အနက်အဓိပ္ပါယ်ဟာ သွေးတဲ့ အခါမှာ အတော်လေး စကားပြောပါတယ်။အကယ်၍သင် အနေနဲ့ စိန်ကို အတော်လေး တန်ဖိုးထားလို့ လေ့လာချင်တယ်ဆိုရင်တော့ စိန်သွေးတဲ့ နည်းလမ်းလေး ၁၀ ခုရှိပါတယ်။

 

(1) Round

Round Cut Diamond ဆိုတာကတော့ စိန်သွေးပုံတွေထဲမှာ လူတိုင်းနီးပါး သဘောကျ ပြီး အတော်လေး အတော်လေးနာမည်ကြီးပါတယ် ။ ပျမ်းမျှ အားဖြင့် ၇၅% လောက် စိန်များအား ထိုကဲ့သို့ အဝိုင်းပုံဖြတ်တောက်သွေးကြပါတယ်။ ပုံစံလှပပြီး အလင်းရိုက်ချက် များ ထိမိကာ တောက်ပ ပါတယ်။

 

(2) Princess

Princess Cut Diamond ကတော့ 1980 ခုနှစ်တွေထဲက စိန်တွေ ပြု လုပ်ရာမှာ ခေတ်စားခဲ့တာပါ။အထူးသဖြင့် စေ့စပ် လက်စွပ်တွေမှာ Princess Cut နဲ့ တွေ့ရတတ်ပါတယ်။Princess cut တွေက ကိုယ်ကြိုက်တဲ့ ဒီဇိုင်းပုံကို ပြန်လည် ပြောင်းယူဖို့ အတော်လေးသင့်တော်ပါတယ်။

 

(3) Oval

Oval Diamond ကတော့ စိန်တလုံးလုံးကို အနားနဲ့ ထောင့်တိုင်းလိုလိုကနေသွေးထားတာပါ။အဝိုင်း စိန်သွေးတဲ့ ပုံစံဆင်ဆင်ပါပဲ သို့ပေမည့် အနည်းငယ် ရှည်သွားတာပါ။ထို ဘဲဥပုံ စိန်တွေက ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

 

(4) Marquise

Marquise Cut Diamond ကတော့ အမေရိကန် တွေရဲ့ ရက်ပ်ဘီ ဘော ဒီဇိုင်းကို စိတ်ကိုသွေးထားတာပါ။ ရှည်မြောကျဉ်းမြောင်းပြီး အတော်လေး ကြီးသယောင်ထင်ရပါတယ်။ခပ်ဆန်းဆန်း ဝတ်ချင်သူတွေအဝတ် အတော်လေး အဆင်ပြေစေမှာပါ။

 

(5) Pear

Pear Shaped Diamond ကိုတော့ မြန်မာလိုဆို မိုးသီး ပုံလို့ ခေါ်ပါမယ် ။ Sofia the first ထဲက လော်ကပ်လေးရဲ့ ပုံစံပါ။ သူက အဝိုင်းပုံနဲ့ ရက်ပ်ဘီဘော ပုံ ကို ပေါင်းသွေးထားတာဖြစ်တဲ့ အတွက် အတော်လေး လှပါ့သလို ညတက်ပွဲတွေအတွက် အဆင်ပြေစေမှာပါ။

 

(6) Cushion

Cushion Cut Diamond ကတော့ အလှထားခေါင်းအုံးပုံစံ ၊ ထိုင်ခုံတွေအောက်က ကူရှင်ပုံစံပါ။မျက်နှာပြင်ကို လေးထောင့်ပုံသွေးထားပြီး ၊ ဘေး အနားတွေကို ချိုးချထားပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က ခေတ်စားတဲ့ ပုံဖြစ်ပြီး တကယ့်ကို နန်းအခမ်း အနားတွေမှာ သုံးတဲ့ ပုံစံပါ။

 

(7)Emerald

Emerald Cut Diamond ကတော့ ဖြတ်တောက်ထားတဲ့ပုံစံကထူးဆန်းပြီး တောက်ပတဲ့စိန်တစ်ပွင့်ရဖို့အတွက် စိန်ရဲ့ မျက်နှာပြင်နဲ့ အနားသတ်တွေကို အဆင့်ဆင့်သွေးဖြတ် ထားတယ် သိရပါတယ်။ထိုစိန်ကို ဝတ်ဆင် ထားရင် သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ အရောင် ကိုမြင် ရပါတယ်။


(8)Asscher

Asscher Cut Diamond ကိုပထမဆုံးဖန်တီးခဲ့သူကတော့ 1902 ခုနှစ်မှာ ဟောလန်မှ Asscher ညီအကိုတွေက စတင်ပြီးတီထွင်ခဲ့တာပဲဖြစ်ပါတယ် ။ Asscher Cut Diamond က Emerald Cut တစ်မျိုးပါပဲ အနားထောင့်ဖြတ်တွေမတူတာပါ။

 

(9) Radiant

Radiant Cut Diamond ကတော့ စတုဂံပုံစံသွေးထားပြီး စိန်ရဲ့ အပေါ်ယံ နှင့် စိန်ချွန်းတို့ကို တောက်ပနေအောင်ဖန်တီးပြီးသွေးကြတာပဲဖြစ်ပါတယ်။လေးထောင့်ပုံဖြစ်ပြီး Princess cut နဲ့ Cushion ကြားက ပေါင်းကူးတံတားပုံစံလေးပါ။

 

(10) Heart

Heart Shaped Diamond ကတော့ အသည်းပုံ ဒီဇိုင်းပင်ဖြစ်ပါတယ်။လောကပ် နဲ့ လက်စွပ် ပုံစံပြု လုပ်ရာမှာ အသုံးပြု ပါတယ်။ တကယ်တန်းမှာ ထို ဒီဇိုင်းကို ပြုလုပ်မယ်ဆို ၅ ကာရက်ထက်နည်းတဲ့ စိန်တွေကို ပြု လုပ်လို့မရပါဘူး အရွယ်အစားကြီးမားတဲ့ စိန်တွေကိုသာပြုလုပ်လို့ရပါတယ်။အမျိုးသမီးတွေကို သင့်ရဲ့ အချစ်ကို ဖော်ပြဖို့ အတွက် လက်ဆောင်ပေးဖို့ အကောင်းဆုံးပါပဲ။

 

No photo description available.

 

<<< Zawgyi >>>

 

စိန္ျဖတ္ေတာက္မႈ႕ ပံုစံ ( ၁၀ ) ခု

----------------------

 

တကယ္တန္း စိန္ တစ္ပြင့္ရဲ႕ ပုံစံနဲ႕ အနက္အဓိပၸါယ္ဟာ ေသြးတဲ့ အခါမွာ အေတာ္ေလး စကားေျပာပါတယ္။အကယ္၍သင္ အေနနဲ႕ စိန္ကို အေတာ္ေလး တန္ဖိုးထားလို႕ ေလ့လာခ်င္တယ္ဆိုရင္ေတာ့ စိန္ေသြးတဲ့ နည္းလမ္းေလး ၁၀ ခုရွိပါတယ္။

 

(1) Round

Round Cut Diamond ဆိုတာကေတာ့ စိန္ေသြးပုံေတြထဲမွာ လူတိုင္းနီးပါး သေဘာက် ျပီး အေတာ္ေလး အေတာ္ေလးနာမည္ၾကီးပါတယ္ ။ ပ်မ္းမ်ွ အားျဖင့္ ၇၅% ေလာက္ စိန္မ်ားအား ထိုကဲ့သို႕ အ၀ိုင္းပံုျဖတ္ေတာက္ေသြးၾကပါတယ္။ ပံုစံလွပျပီး အလင္းရိုက္ခ်က္ မ်ား ထိမိကာ ေတာက္ပ ပါတယ္။

 

(2) Princess

Princess Cut Diamond ကေတာ့ 1980 ခုနွစ္ေတြထဲက စိန္ေတြ ျပဳ လုပ္ရာမွာ ေခတ္စားခဲ့တာပါ။အထူးသျဖင့္ ေစ့စပ္ လက္စြပ္ေတြမွာ Princess Cut နဲ႕ ေတြ႕ရတတ္ပါတယ္။Princess cut ေတြက ကိုယ္ၾကိဳက္တဲ့ ဒီဇိုင္းပံုကို ျပန္လည္ ေျပာင္းယူဖို႕ အေတာ္ေလးသင့္ေတာ္ပါတယ္။

 

(3) Oval

Oval Diamond ကေတာ့ စိန္တလံုးလံုးကို အနားနဲ႕ ေထာင့္တိုင္းလိုလိုကေနေသြးထားတာပါ။အ၀ိုင္း စိန္ေသြးတဲ့ ပံုစံဆင္ဆင္ပါပဲ သို႕ေပမည့္ အနည္းငယ္ ရွည္သြားတာပါ။ထို ဘဲဥပံု စိန္ေတြက ပိုၾကီးတယ္လို႕ ထင္ရေစပါတယ္။

 

(4) Marquise

Marquise Cut Diamond ကေတာ့ အေမရိကန္ ေတြရဲ႕ ရက္ပ္ဘီ ေဘာ ဒီဇိုင္းကို စိတ္ကိုေသြးထားတာပါ။ ရွည္ေျမာက်ဥ္းေျမာင္းျပီး အေတာ္ေလး ၾကီးသေယာင္ထင္ရပါတယ္။ခပ္ဆန္းဆန္း ဝတ္ခ်င္သူေတြအဝတ္ အေတာ္ေလး အဆင္ေျပေစမွာပါ။

 

(5) Pear

Pear Shaped Diamond ကိုေတာ့ ျမန္မာလိုဆို မိုးသီး ပံုလို႔ ေခၚပါမယ္ ။ Sofia the first ထဲက ေလာ္ကပ္ေလးရဲ႕ ပံုစံပါ။ သူက အဝိုင္းပံုနဲ႕ ရက္ပ္ဘီေဘာ ပံု ကို ေပါင္းေသြးထားတာျဖစ္တဲ့ အတြက္ အေတာ္ေလး လွပါ့သလို ညတက္ပြဲေတြအတြက္ အဆင္ေျပေစမွာပါ။

 

(6) Cushion

Cushion Cut Diamond ကေတာ့ အလွထားေခါင္းအုံးပံုစံ ၊ ထိုင္ခုံေတြေအာက္က ကူရွင္ပံုစံပါ။မ်က္နွာျပင္ကို ေလးေထာင့္ပံုေသြးထားျပီး ၊ ေဘး အနားေတြကို ခ်ိဳးခ်ထားပါတယ္။ လြန္ခဲ့တ့ဲ နွစ္ ၂၀၀ ေလာက္က ေခတ္စားတဲ့ ပံုျဖစ္ျပီး တကယ့္ကို နန္းအခမ္း အနားေတြမွာ သံုးတဲ့ ပံုစံပါ။

 

(7)Emerald

Emerald Cut Diamond ကေတာ့ ျဖတ္ေတာက္ထားတဲ့ပုံစံကထူးဆန္းၿပီး ေတာက္ပတဲ့စိန္တစ္ပြင့္ရဖို႔အတြက္ စိန္ရဲ႕ မ်က္နွာျပင္နဲ႕ အနားသတ္ေတြကို အဆင့္ဆင့္ေသြးျဖတ္ ထားတယ္ သိရပါတယ္။ထိုစိန္ကို ဝတ္ဆင္ ထားရင္ သင့္ခႏၶာကိုယ္မွာ ရွိတဲ့ အေရာင္ ကိုျမင္ ရပါတယ္။

 


(8)Asscher

Asscher Cut Diamond ကိုပထမဆုံးဖန္တီးခဲ့သူကေတာ့ 1902 ခုႏွစ္မွာ ေဟာလန္မွ Asscher ညီအကိုေတြက စတင္ၿပီးတီထြင္ခဲ့တာပဲျဖစ္ပါတယ္ ။ Asscher Cut Diamond က Emerald Cut တစ္မ်ိဳးပါပဲ အနားေထာင့္ျဖတ္ေတြမတူတာပါ။

 

(9) Radiant

Radiant Cut Diamond ကေတာ့ စတုဂံပုံစံေသြးထားၿပီး စိန္ရဲ႕ အေပၚယံ ႏွင့္ စိန္ခြၽန္းတို႔ကို ေတာက္ပေနေအာင္ဖန္တီးၿပီးေသြးၾကတာပဲျဖစ္ပါတယ္။ေလးေထာင့္ပံုျဖစ္ျပီး Princess cut နဲ႕ Cushion ၾကားက ေပါင္းကူးတံတားပံုစံေလးပါ။

 

(10) Heart

Heart Shaped Diamond ကေတာ့ အသည္းပံု ဒီဇိုင္းပင္ျဖစ္ပါတယ္။ေလာကပ္ နဲ႕ လက္စြပ္ ပံုစံျပဳ လုပ္ရာမွာ အသံုးျပဳ ပါတယ္။ တကယ္တန္းမွာ ထို ဒီဇိုင္းကို ျပုလုပ္မယ္ဆို ၅ ကာရက္ထက္နည္းတဲ့ စိန္ေတြကို ျပဳ လုပ္လို႕မရပါဘူး အရြယ္အစားၾကီးမားတဲ့ စိန္ေတြကိုသာျပဳလုပ္လို႕ရပါတယ္။အမ်ိဳးသမီးေတြကို သင့္ရဲ႕ အခ်စ္ကို ေဖာ္ျပဖို႕ အတြက္ လက္ေဆာင္ေပးဖို႕ အေကာင္းဆုံးပါပဲ။

 

No photo description available.

 

Ref ; Lumera

Read times
Rate this item
(0 votes)
Tagged under