အိန္ဒိယတွင် မှောင်ခိုရွှေ ဖမ်းဆီးရမိမှု မြင့်မား

အိန္ဒိယတွင် မှောင်ခိုရွှေ ဖမ်းဆီးရမိမှု မြင့်မား

အိန္ဒိယတွင် မှောင်ခိုရွှေ ဖမ်းဆီးရမိမှု မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

အိန္ဒိယနိုင်ငံတွင် မှောင်ခိုရွှေများဖမ်းဆီးရမိမှုသည် ယခုနှစ်တွင် သုံးနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

အစိုးရက ရွှေတင်သွင်းမှုအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်း၊ ကိုဗစ်လွန်ကာလ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခြင်းတို့ကြောင့် ရွှေကို မှောင်ခို တင်သွင်းမှု ပိုမိုများပြားလာနေသည်။

.

အိန္ဒိယသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ရွှေအများဆုံးသုံးစွဲသူဖြစ်ပြီး ပြည်တွင်းမှ ရွှေဝယ်လိုအားကို ပြည်ပမှ တင်သွင်းခြင်းဖြင့် ဖြည့်ဆည်းပေးသည်။ 

၂၀၂၂ ဇူလိုင်လတွင် ရွှေတင်သွင်းခြင်းအပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်းထားကို ၇.၅% အစား ၁၂.၅% ဟု ပြင်ဆင်သတ်မှတ်ပြီး တိုးမြှင့်ခဲ့သည်။ ကုန်သွယ်ရေး လိုငွေပြနေသည်ကို လျှော့ချရန်နှင့် ရွှေဝယ်ယူခြင်းကြောင့် ရူပီတန်ဖိုး ကျအောင် ဖိအားသက်ရောက်နေခြင်းကို လျှော့ချရန် သွင်းကုန်ခွန်ကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

.

ရွှေတင်သွင်းပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းချသူတို့က အခွန်ကို ရှောင်လွှဲရန်အတွက် ရွှေများ ခိုးသွင်းကြသည်။ ထိုသို့ ခိုးသွင်းလာသည့် တရားမဝင်ရွှေများသည် အခွန်မဆောင်ရသဖြင့် အခွန်အမျိုးမျို ပေးဆောင်ထားရသည့် တရားဝင်ရွှေထက် ဈေးပိုသက်သာသော လျှော့ဈေးဖြင့် ရောင်းချနိုင်ကြသည့် အားသာချက် ရှိနေသည်။

အကောက်ခွန်အပါဝင် အစိုးရဌာနများက ယခုနှစ် နိုဝင်ဘာလအထိ တရားမဝင် တင်သွင်းသည့် ရွှေ ၃,၀၈၃.၆ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပါလီမန်တွင် အစီရင်ခံတင်ပြခဲ့သည်။ 

.

၂၀၁၀ ခုနှစ်တွင် တစ်နှစ်တာအတွက် တရားမဝင်ရွှေ ၃,၆၇၃ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီးသည့်နောက်ပိုင်း တစ်နှစ်တာအတွက် ယခုနှစ် ပမာဏသည် အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်သည်။ 

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

MGJG

 

Read times Last modified on Tuesday, 13 December 2022 08:46
Rate this item
(0 votes)