မြန်မာ့ရွှေဈေး ၂ရက်အတွင်း ကျပ် ၂၉,၀၀၀ မြင့်တက်၊ အခေါက်ရွှေပစ္စည်းပြတ်သည်အထိ အဝယ်လိုက်နေ

မြန်မာ့ရွှေဈေး ၂ရက်အတွင်း ကျပ် ၂၉,၀၀၀ မြင့်တက်၊ အခေါက်ရွှေပစ္စည်းပြတ်သည်အထိ အဝယ်လိုက်နေ Google

ရွှေဈေးဆက်တိုက်ကျဆင်းနေရာမှ ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ကျပ် ၁,၂၇၅,၀၀၀ မှ ကျပ် ၁,၃၀၄,၀၀၀ အထိ ၂ ရက်အတွင်း မြန်မာ့ရွှေစျေး ကျပ် ၂၉,၀၀၀ ခန့် ပြန်မြင့်တက်လာကြောင်းနှင့် ဈေးကွက်အတွင်း

 

ရွှေအဝယ်လိုက်နေသောကြောင့် ရန်ကုန်မြို့တွင် အခေါက်ရွှေပစ္စည်းပြတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ဒီဇင်ဘာ ၃ ရက်တွင်ပြောကြားသည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၇၈၆ဒေါ်လာမှ ၁၈၄၁ ဒေါ်လာအထိ ၂ ရက် အတွင်း စျေးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အဓိကက ကမ္ဘာ့ရွှေဈေးတက်လို့တက်ရတာပါ။ နိုင်ငံခြားက ဘဏ်တွေကရွှေပြန်ဝယ်လာကြတယ်။ အဲဒါကြောင့်ဈေးတက်တာပါ။ အတက်အကျက ကမ္ဘာ့ရွှေဈေးအပေါ်မှာပဲမူတည်နေပါတယ်။ ရွှေဈေးတက်တော့ ရွှေဝယ်စုသူက အဝယ်လိုက်တယ်။ ကျွန်တော်တို့ဆီမှာက ပစ္စည်းပြတ်နေတယ်။ COVID-19 ကြောင့် လမ်းတွေပိတ်ထားတော့ ရွှေကုန်ကြမ်းအဝင်မရှိတော့ အဝယ်လိုက်လာတဲ့အချိန်မှာ ပစ္စည်းပြတ်သွားတာ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

 

လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် လက်ဝတ်လက်စားများပြန်လည်ရောင်းချသည့် အထည်များကို ကြို၍ ပြန်သုံးနေရသဖြင့်ယခုကဲ့သို့ ရွှေအဝယ်လိုက်သည့်အချိန်တွင် ပစ္စည်းပြတ်သွားရခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ ယနေ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် မြန်မာ့ရွှေတစ်ကျပ်သားပေါက်ဈေးသည် ကျပ်၁,၃၀၄,၀၀၀ ရှိနေပြီး ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် ၁၈၄၁ ဒေါ်လာ စျေးပေါက်နေကြောင်း သိရသည်။

 

Xinhua

Read times
Rate this item
(0 votes)