ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃၈ သိန်း ၄ ရက်ဆက်တိုက် ဝယ်ယူ

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃၈ သိန်း ၄ ရက်ဆက်တိုက် ဝယ်ယူ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃၈ သိန်းကို နေ့စဉ် ၄ ရက်ဆက်တိုက်ဝယ်ယူခဲ့ရာ ဝယ်ယူသည့် ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅၂ သိန်း ရှိသွားပြီ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၅ ရက် တနင်္လာနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို တစ်ဒေါ်လာလျှင် ၁၃၀၃ ဒသမ ၈ ကျပ်ဖြင့် လည်းကောင်း၊

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၆ရက် အင်္ဂါနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ထပ်မံဝယ်ယူခဲ့ရာ၌ ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၉၈ ဒသမ ၀ ကျပ်ဖြင့် လည်းကောင်း နှစ်ရက်ဆက်တိုက် ပမာဏတူ ဝယ်ယူခဲ့ရာ စုစုပေါင်းမှ အမေရိကန်ဒေါ်လာ ၇၆ သိန်း ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ရက် ဗုဒ္ဓဟူးနေ့တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၉၃ ဒသမ ၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ထပ်မံဝယ်ယူခဲ့ပြန်သည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက် ကြာသပတေးနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၈၇ ဒသမ ၈ ကျပ်ဖြင့် ဝယ်ယူခဲ့ပြန်သည်။


သို့ဖြစ်ရာ ၄ ရက်ဆက်တိုက် ပမာဏတူ အမေရိကန်ဒေါ်လာ ၃၈ သိန်ကို နေ့စဉ်ဝယ်ယူခဲ့ရာ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅၂ သိန်း ဖြစ်ပါသည်။

 

oct_5_dollar.PNG

oct_6_dollar.PNG

dollar_7_cot.PNG

 oct_8_dollar.PNG

 

 

Read times Last modified on Thursday, 08 October 2020 15:54
Rate this item
(0 votes)
Tagged under