ဗဟိုဘဏ်မှ အောက်တိုဘာလအတွင်း ဒေါ်လာ သိန်း ၄၃၀ ဝယ်ယူခဲ့

ဗဟိုဘဏ်မှ အောက်တိုဘာလအတွင်း ဒေါ်လာ သိန်း ၄၃၀ ဝယ်ယူခဲ့ Google

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာနိင်ငံတော် ဗဟိုဘဏ်သည် ပျမ်းမျှငွေလဲနှုန်း ၁၂၈၈.၇ ကျပ်ဖြင့်

 

အမေရိကန်ဒေါ်လာ ၃၃ သိန်းခွဲကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာပါသည်။

CBM_27_oct.PNG

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ဆန်းပိုင်းတွင် အောက်တိုဘာလ ၂ ရက်မှ ၉ ရက်အထိ အမေရိကန်ဒေါ်လာ ၂၆၆ သိန်း ဝယ်ယူခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၁၉ ရက်တွင် အမေရိကန်ဒေါ်လာ ၃ရ သိန်းကိုလည်းကောင်း၊

 

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၈ သိန်းခွဲကို လည်းကောင်း

 

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၃ ရက်တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်းကို လည်းကောင်း ဝယ်ယူခဲ့ရာ အောက်တိုဘာလအတွင်း စုစုပေါင်း ဝယ်ယူသည့် ပမာဏမှာ ၃၅၉ သိန်းခွဲ ဖြစ်လာသည်။

 

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၃ရ သိန်းကိုလည်းကောင်း၊

 

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၇ ရက်တွင် အမေရိကန်ဒေါ်လာ ၃၃သိန်းခွဲကိုလည်းကောင်း ဝယ်ယူခဲ့သည်ဖြစ်ရာ အောက်တိုဘာလအတွင်း စုစုပေါင်း ဝယ်ယူသည့် ပမာဏမှာ သိန်း ၄၃၀ ရှိပြီ ဖြစ်သည်။

Read times Last modified on Wednesday, 28 October 2020 10:05
Rate this item
(0 votes)
Tagged under