ရုရှား၏အရန်ရွှေပမာဏ အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ ကျော်အထိရှိလာ

ရုရှား၏အရန်ရွှေပမာဏ အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ ကျော်အထိရှိလာ google

ရုရှားဗဟိုဘဏ်ရှိ အစိုးရ၏အရန်ရွှေပမာဏမှာ ၂၂၀၈ တန်ရှိကြောင်းနှင့် ဇူလိုင် ၁ ရက်အထိခန့်မှန်းချက်အရ

 

ထိုရွှေချောင်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃ ဘီလီယံရှိကြောင်းသိရသည်။

 

ဇွန်လတစ်လတည်းမှာပင်အစိုးရသည်ရွှေချောင်း ၁၈ တန်ကိုဗဟိုဘဏ်သို့အပ်နှံပြီး ပြည်ပအရန်ငွေကြေးထားရှိမှုကိုလျှော့ချလာသည်။

 

ရုရှားသည် ၂၀၁၉ ခုနှစ်အစပိုင်းကတည်းက ရွှေချောင်း ၉၆ ဒသမ ၄ တန်တိုးမြှင့်သိုလှောင်ထားသည်။

 

မေလ၊ ဧပြီလနှင့်မတ်လတို့တွင်လည်း ရွှေချောင်း ၆ တန်ကျော်၊ ၁၆ တန်နီးပါးနှင့် ၁၈ တန်တို့ကိုအသီးသီးဝယ်ယူခဲ့သည်။

 

သို့သော်ဖေဖော်ဝါရီလတွင်ဝယ်ယူသည့်ရွှေချောင်း ၃၁ တန်မှာတစ်လအတွင်းအများဆုံးဝယ်ယူသည့်ရွှေတန်ချိန်အဖြစ် စံချိန်တင်ထားဆဲဖြစ်သည်။

 

ရုရှားသည် ၂၀၁၈ ခုနှစ်တွင် ရွှေချောင်း ၃၇၅ တန်ဝယ်ယူပြီးရွှေအများဆုံးဝယ်ယူနိုင်မှုစံချိန်ကိုချိုးဖျက်ခဲ့ကြောင်း

 

ကမ္ဘာ့ရွှေကောင်စီကပြောသည်။ တစ်ချိန်တည်းမှာပင်ရုရှားသည်အမေရိကန်ငွေတိုက်စာချုပ်များကိုရောင်းချခဲ့သည်။

 

ယခင်ကရုရှားသည်အမေရိကန်၏ ငွေတိုက်စာချုပ်များကိုအများဆုံးဝယ်ယူသူဖြစ်သော်လည်း

 

ယခုအခါအမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိသာရှိတော့ကြောင်းသိရသည်။

 

ထိုပမာဏသည် ၂၀၀၇ ခုနှစ်မေလနောက်ပိုင်းအနည်းဆုံးဖြစ်သည်။

 

ရုရှားသည် ၎င်းနိုင်ငံ၏ငွေကြေးထိန်းသိမ်းထားမှုနှင့်ပတ်သက်၍ စော်ကားပြောဆိုမှုကို အပြစ်တင်ဝေဖန်ထားပြီ

 

းရလဒ်ပြောင်းပြန်ထွက်ပေါ်ရမည်ဟု သတိပေးပြောဆိုထားကြောင်းသိရသည်။

 

Source: Myawaddy Newspaper

 

GOLD & JEWELLERY BUYING GUIDE

 

Read times
Rate this item
(0 votes)
Tagged under