စိန်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်များ

စိန်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်များ google.com

စိန်ကိုလူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေက ပိုနှစ်သက်ပါတယ်။

 

အဲ့တာကြောင့် စိန်ထည်ပစ္စည်းတွေကို မဝယ်ခင် သိထားရမဲ့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ စိန်ကို အတန်းသွားလက်စွပ်၊ ခြယ်လက်စွပ် ဒါမှမဟုတ် အလုံးရေများစွာသုံး၍ လက်ဝတ်ရတနာပြုလုပ်လျှင် (မ) ဂဏန်းအရေအတွက် ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇....စသည့်

အရေတွက်နှင့်ပြုလုပ်ရမည်။ စုံဂဏန်းဖြစ်ပါက ခိုက်တတ်ပါသည်။

 

မည်သူမဆို စိန်ကိုလက်စွပ်အဖြစ် ဝတ်ဆင်ပါက လက်ခလယ်တွင်သာဝတ်ဆင်ရပါမည်။ ခြွင်းချက်အဖြစ် လက်ထပ် လက်စွပ် ( wedding ring) ကိုတော့ လက်သူကြွယ်တွင်ဝတ်ဆင်နိုင်ပါသည်။ လက်မတွင်ဝတ်ပါက နာမည်ပျက်ကံဆိုး၏။ လက်ညှိုးတွင် ဝတ်ပါက ဘေးရန်အန္တရာယ်များ၍ ကြေကွဲရမည်။

 

လက်ထပ်လက်စွပ်မဟုတ်သော အခြားစိန်လက်စွပ်ကို လက်သူကြွယ်တွင်ဝတ်ပါက မနာလိုသူ၊ ရန်သူပေါများမည်။ အတင်းပြောဆိုခံရတတ်သည်။ လက်သန်းတွင်ဝတ်ပါက လာဘ်ပိတ်၊ ငွေမမြဲ၊ လုပ်သမျှအခက်အခဲကြုံတတ်၏။ လက်ခလယ်တွင်ဝတ်ပါက အလွန်ကောင်း၏။

 

စိန်ကို မဟူရာနှင့်တွဲ၍ လက်ဝတ်ရတနာ မပြုလုပ်ရပါ။ အခြားသော ရတနာကျောက်နှင့် တွဲ၍ပြုလုပ်နိုင်ပါသည်။ အခြားရတနာတွဲပါက အခြားကျောက်ကို အလယ်ထားပြီးစိန်နှင့်ရံခြယ်ကာဝတ်ဆင်ပါ။ စိန်ကိုအလယ်ထားပြီး အခြားကျောက်နှင့်ရံပါက ဝယ်သူ ဝတ်ဆင်သူ ခိုက်တတ်သည်။


စိန်တွင်ရှိသော သိဒ္ဓိဓာတ်အားကောင်းစေရန် စိန်ဝတ်ဆင်သောသူသည် စိန်ကို ဆေးကြောသန့်စင်ခြင်းပြုဖို့ အချိန် (၅) ချိန်ရှိပါသည်။


၁။ ဝတ်ဆင်သူ၏မွေးနေ့နံနက် ၇ နာရီမှ ၉ နာရီအတွင်း

၂။ တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ရး၃၀ နာရီအတွင်း

၃။ တနင်္လာနေ့ နံနက် ရး၃၀ နာရီ မှ ၉ နာရီအတွင်း

၄။ ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ မှ ၉ နာရီအတွင်း

၅။ သောကြာနေ့ နံနက် ရး၃၀ နာရီ မှ ၉ နာရီအတွင်း


ဖော်ပြပါ ငါးရက်မှတစ်နေ့နေ့သည် လပြည့်နေ့နှင့်တိုက်ဆိုင်ပါကသတ်မှတ်ထားသော အချိန်တွင် စိန်ကိုသိဒ္ဓိဖွင့်ရပါမည်။ ဆိုလိုသည်မှာ အင်္ဂါနေ့မွေးသောသူတစ်ဦးသည် ပြက္ခဒိန်တွင် အင်္ဂါနေ့နှင့်လပြည့်နေ့တိုက်ဆိုင်သော နေ့၏ နံနက် ၇ နာရီမှ ၉ နာရီအတွင်း မိမိဝတ်ဆင်သော စိန်ကို ဆေးကြောသန့်စင်ခြင်းပြုရမည်။


လပြည့်နေ့သည် တနင်္ဂနွေ၊ တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့တို့နှင့်တိုက်ဆိုင်ပါက ၎င်းနေ့ အသီးသီး၏ ပူးတွဲဖော်ပြပါ အချိန်အတွင်းသန့်စင်ခြင်းပြုရမည်။စိန်ကိုဆေးကြောသန့်စင်သောအခါတွင် နွားနို့စိမ်းစစ်စစ်နှင့် (၂၁) ကြိမ်ဆေးရမည်။


၎င်းနောက် တရော်ကိုးထုံး၊ ကင်ပွန်းကိုးဆစ်နှင့်ပြုဆောင်ထားသော ရေတွင် (၂၁) ကြိမ်ဆေးပါ။ တရော်ကင်ပွန်းမရှိပါက သန့်စင်သောရေတွင် အမွှေးနံ့သာ ( ရေမွှေး ) နှင့်ရော၍ဆေးကြောရမည်။ ၎င်းနောက်စိန်ကို ကတ္တီပါအနီပေါ်တွင် တင်ထားပြီး စိန်ရှေ့တွင် အမွှေးတိုင်သုံးတိုင်ထွန်းပါ။ ထို့နောက်မှဝတ်ဆင်ပါ။ စိန်၏ထူးခြားသောတန်ခိုးအာနိသင်ကို ထင်ရှားစွာရရှိပါလိမ့်မည်။

 

Credit : Original Writer

Myanmar Wedding Guide

Read times Last modified on Monday, 11 January 2021 15:22
Rate this item
(1 Vote)