‌သေသပ်လှပတဲ့သတို့သမီးမိတ်ကပ်ကိုဘယ်လိုပြင်ဆင်ကြမလဲ?

‌သေသပ်လှပတဲ့သတို့သမီးမိတ်ကပ်ကိုဘယ်လိုပြင်ဆင်ကြမလဲ? google.com

မင်္ဂလာပွဲမှာ ကိုယ့်ကိုကိုယ်ဘယ်လိုလှပအောင်ပြင်ဆင်ရမလဲဆိုတာ မိန်းမသားတွေအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံး အချက်တစ်ချက်ပါပဲ။

 

မင်္ဂလာပွဲအတွက်ကိုယ့်ကိုကိုယ်အလှပဆုံးဖြစ်ချင်တာတော့သေချာပေမယ့် သတိထားရမှာတစ်ခုက ကိုယ်ဟာသူများမဟုတ်ပါဘူး။ ပြောချင်တာက ဘယ်မင်းသမီးကဘယ်လိုလှတာ၊ ဘယ်မော်ဒယ်ကဘယ်လိုလှတာ ဆိုပြီးသူတို့ရဲ့ပုံစံအတိုင်းလိုက်ပြင်လို့ကိုယ်နဲ့လိုက်ချင်မှလိုက်မှာပါ။ ဒီတော့ကိုယ့်ရဲ့မျက်နှာနဲ့လိုက်ဖက်ညီမယ့် မိတ်ကပ်မျိုးကိုရွေးချယ်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့်မင်္ဂလာပွဲနေ့မှာ အလှပဆုံးသတို့သမီးလေးဖြစ်စေဖို့အတွက် ပြုလုပ်ရမယ့်အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

ကိုယ့်စတိုင်ကိုယ်သိပါ

မိန်းကလေးတွေအတွက်အလှပဆုံးဖြစ်အောင်ပြင်ဆင်ရမယ့်အချိန်ကတော့ မင်္ဂလာပွဲပါပဲ။ ကိုယ့်မျက်နှာကိုအလှပဆုံးဖြစ်အောင်ပြင်ဆင်တဲ့နေရာမှာလည်း ကိုယ့်စတိုင်၊ တစ်နည်းအားဖြင့်ကိုယ့်အကြိုက်ကိုယ်သိဖို့လိုပါတယ်။ တချို့ကနှုတ်ခမ်းနီဆိုလည်း နီရဲနေအောင်ဆိုးထားမှ၊ မိတ်ကပ်ဆိုလည်း ထူပိန်းနေမှလှတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် ဒီလိုတွေပြင်ဆင်ခြယ်သလို့ကိုယ့်မျက်နှာနဲ့လိုက်မှာလား၊ ကိုယ့်အကြိုက်ဖြစ်မှာလားဆိုတာ သေချာစဉ်းစားပြီး ကိုယ့်မျက်နှာနဲ့အလိုက်ဆုံးဖြစ်မယ့် မိတ်ကပ်စတိုင်ကိုရွေးချယ်ဖို့လိုပါတယ်။

 

မင်္ဂလာဆောင်ဝတ်စုံ၊ ဆံပင်တို့ကိုထည့်တွက်ပါ

သတို့သမီးလှပနေဖို့အတွက် မိတ်ကပ်တစ်ခုတည်းစဉ်းစားလို့မရဘဲ မင်္ဂလာဆောင်ဝတ်စုံ၊ ဆံပင်ပုံစံ၊ မင်္ဂလာပွဲကျင်းပမယ့်နေရာ တို့ကိုပါထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ ဥပမာပြောရမယ်ဆိုရင် သင့်ရဲ့မင်္ဂလာဝတ်စုံကအရောင်ဖျော့တယ်ဆိုပါစို့။ ဒီလိုဝတ်စုံမျိုးနဲ့လိုက်ဖက်အောင်မိတ်ကပ်ကို အရမ်းအထူကြီးမဟုတ်ဘဲ ပါးပါးလေးလိမ်းခြယ်ခြင်းက သင့်ကိုရိုးရိုးလေးနဲ့လှပစေမှာပါ။

 

11391381 1002777866408053 5876151385233463087 n

 

မိတ်ကပ်ပြင်ဆင်မှုကိုဘယ်သူတာဝန်ယူမလဲရွေးချယ်ပါ

ကျွမ်းကျင်တဲ့မိတ်ကပ်ဖန်တီးရှင်ကို ခေါ်ယူပြီးပြင်ဆင်စေခြင်းကတော့ အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် စိတ်ပူစရာတစ်ခုလျော့တာပေါ့။ ဒါပေမယ့်ကိုယ်ခေါ်ယူတဲ့မိတ်ကပ်ဖန်တီးရှင်က ကိုယ့်အရင်သတို့သမီးတွေကို ပြင်ဆင်ဖူးတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့တော့လိုပါတယ်။ မိတ်ကပ်ဖန်တီးရှင်အားလုံးလိုလိုကတော့ ဖက်ရှင်အမြင်ရှိကြတဲ့အတွက် ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် မိတ်ကပ်ပုံစံကို အကောင်းဆုံးပြင်ဆင်ခြယ်သပေးနိုင်ကြမှာပါ။

ကိုယ်ကိုတိုင်မိတ်ကပ်ခြယ်သမယ်ဆိုရင်လည်းရပေမယ့် နည်းနည်းတော့စွန့်စားရာရောက်ပါတယ်။ Youtube က Makeup Tutorial တွေကိုကြည့်ပြီး ပြင်ဆင်ခြယ်သနိုင်ပါတယ်။

နောက်တစ်နည်းကတော့ မိတ်ကပ်ဖန်တီးရှင်နဲ့တွေ့ဆုံပြီး ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့်မိတ်ကပ်ပုံစံကို ဆွေးနွေးခြင်းပါ။ ဒီနည်းကတော့ မိတ်ကပ်ပညာရှင်ကို ပြင်ဆင်ခြယ်သစေခြင်းမဟုတ်တဲ့အတွက် ငွေကုန်ကြေးကျတော့ သက်သာပါလိမ့်မယ်။

အပေါ်ကနည်းလမ်းတွေအတိုင်းမဟုတ်ဘဲ နောက်တစ်နည်းက ကိုယ့်သူငယ်ချင်းအပေါင်းအသင်းထဲမှာ မိတ်ကပ်သင်တန်းတက်ဖူးတဲ့သူရှိရင် သူနဲ့လည်းလိမ်းခြယ်လို့ရပါတယ်။

ငွေကြေးပမာဏသတ်မှတ်ထားပါ

သင့်မင်္ဂလာပွဲမှာ မိတ်ကပ်တစ်ခုတည်းပြင်ဆင်လိုက်လို့မပြီးသွားပါဘူး။ အခြားလုပ်စရာတွေအများကြီးရှိနေပါသေးတယ်။ နောက်ထပ်ကုန်စရာတွေရှိသေးတယ်ပေါ့နော်။ ဒီတော့ မိတ်ကပ်ခြယ်သမှုအတွက် ငွေကြေးပမာဏတစ်ခုကို သတ်မှတ်ထားလိုက်ပါ။ မိတ်ကပ်အတွက်တော့ ဘယ်လောက်ပဲအကုန်အကျခံမယ်ပေါ့။ ပြီးရင် ကိုယ်သတ်မှတ်ထားတဲ့ငွေကြေးပမာဏနဲ့ကိုက်ညီမယ့် မိတ်ကပ်ခြယ်သမှုကို အပေါ်မှာပြောပြထားတဲ့နည်းလမ်းတွေထဲက ရွေးချယ်ပါ။

 

bridal party wedding hair makeup prep

 

သတို့သမီးအရန်များကိုလည်းမမေ့ပါနဲ့

သင့်ကိုမင်္ဂလာပွဲမှာထင်ပေါ်နေစေဖို့အကူအညီပေးမယ့်သူတွေထဲမှာ သတို့သမီးအရန်တွေကထိပ်ဆုံးကပါပါတယ်။ သူတို့ကလည်း ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် မိတ်ကပ်ပုံစံကို ကူညီပြီးရွေးချယ်ပေးနိုင်ပါသေးတယ်။ ဒီတော့သူတို့အတွက် မိတ်ကပ်ပြင်ဆင်ခြယ်သမှုကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့လိုပါမယ်။

 

မိတ်ကပ်အစမ်းပြင်ဆင်ခြယ်သဖို့မမေ့ပါနဲ့

မင်္ဂလာပွဲမတိုင်ခင်နေ့မှာ မိတ်ကပ်အစမ်းပြင်ဆင်ကြည့်ဖို့လိုအပ်ပါတယ်။ ဒါကတော့ မလုပ်မဖြစ်လုပ်ရမယ့်အချက်ပါ။ စမ်းသပ်ပြင်ဆင်ကြည့်တော့မှ ကိုယ့်မျက်နှာနဲ့မိတ်ကပ်ကလိုက်ဖက်ရဲ့လား၊ ဘယ်နေရာအဆင်မပြေဘူးလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲလိုက်ရင်ပိုလှသွားမှာလဲ စတဲ့အချက်အလက်တွေကို သိနိုင်မှာဖြစ်ပါတယ်။

 

 

Myanmar Wedding Guide

Read times Last modified on Saturday, 14 November 2020 17:29
Rate this item
(0 votes)