ရှေးရာစုနှစ်များစွာက တော်ဝင်မိသားစုဝင်အမျိုးသမီးတွေဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့မျိုးရိုးအဆင့်အတန်းတွေကို ဖော်ပြဖို့ရာအတွက်
သမာရိုးကျခမ်းနားလှပတဲ့ဝတ်စုံတွေ၊တန်ဖိုးကြီးမားတဲ့လက်ဝတ်ရတနာတွေကိုဆင်ယင်ကာ လက်ထပ်ပွဲတွေကိုကျင်းပခဲ့ကြပါတယ်။
ဒါပေမယ့် ၁၈ရာစုမှစတင်ကာ တော်ဝင်မင်္ဂလာဝတ်စုံကို မိမိစိတ်ကြိုက်ပြောင်းလဲကာအနုစိပ်တီထွင်ချုပ်လုပ်လာကြပါတယ်။
အဲ့ဒီလိုဖန်တီးချုပ်လုပ်ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေဟာလည်း အနာဂတ်တော်ဝင်သတို့သမီးလေးတွေအတွက် အတုယူစရာ တစ်ရပ်လိုဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့မှာ ခေတ်မီလှပတဲ့သတို့သမီးဝတ်စုံတွေကိုစတင်တီထွင်ချုပ်လုပ်ဝတ်ဆင်ခဲ့ကြတဲ့တော်ဝင်သတို့သမီးတွေအကြောင်းကို Myanmar Wedding Guide ကဖော်ပြပေးချင်ပါတယ်။
1.Queen Marie Antoinette
ပြင်သစ်ဘုရင်မ Queen Marie Antoinette ဟာဆိုရင် ခေတ်ရှေ့ပြေးဖက်ရှင်တွေကိုဦးဆောင်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ပြင်သစ်ဘုရင် Louis 16 ရဲ့သတို့သမီးဖြစ်လာမယ့် Queen Marie Antoinette အတွက်မင်္ဂလာဝတ်စုံဖန်တီးရာမှာ တင်းကြပ်တဲ့စည်းမျဉ်းတွေရှိခဲ့သော်လည်း
လက်တွေ့ဒီဇိုင်းဖန်တီးရာမှာတော့ ဝတ်စုံရဲ့လည်ပင်းပေါက်ဟာ ပခုံးစွန်းနှစ်ခုကိုပါမြင်နိုင်တဲ့အထိ ကျယ်လွန်းခဲ့ပါတယ်။
ထိုမင်္ဂလာဆောင်တွင် Queen Marie Antoinette ဆင်မြန်းခဲ့တဲ့ စိန်တွေကိုတော့ မိခင်ဖြစ်သူကလက်ဖွဲ့အနေနဲ့ပေးခဲ့တာပဲဖြစ်ပါတယ်။
2.Queen Victoria
Queen Vitoiria ရဲ့မင်္ဂလာဝတ်စုံဟာဆိုရင် အဲ့ဒီခေတ်ကာလက ရွေးချယ်ဝတ်ဆင်မှုနည်းတဲ့အဖြူရောင်ဝတ်စုံပဲဖြစ်ပါတယ်။အရင်ကအဖြူရောင်မင်္ဂလာ
ဝတ်စုံကို ဝတ်ခဲ့ဖူးသူတွေရှိပေမယ့် ဗစ်တိုးရီးယားဘုရင်မဝတ်ဆင်မှသာ လူတွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာဖြစ်
ပြီးအဖြူရောင်ဆိုတာသတို့သမီးတွေဝတ်ဆင်ရမယ့်အရောင်ဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အင်္ဂလိပ်ပိုးထည်နှင့်ဇာထုတ်လုပ်မှုကျဆင်းနေသည့်ကာလအတွင်းမှာဗြိတိန်နိုင်ငံ၏စက်မှုလုပ်ငန်းနှင့်ကုန်ထုတ်လုပ်မှုကိုဘုရင်မဗစ်တိုးရီးယားရဲ့ဝတ်စားဆင်ယင်မှုကအတော်လေး မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
မင်္ဂလာဝတ်စုံဖန်တီးထားသောပိုးထည်များသည်လန်ဒန်အရှေ့ပိုင်းရှိ Spitalfields တွင်ယက်လုပ်ခြင်းဖြစ်ပြီးဇာသည် Devon ရှိ Honiton နှင့်Beer မှဖြစ်သည်။
ဗစ်တိုးရီးယားသည်သူမ၏မင်္ဂလာဆောင်ဇာကိုတန်ဖိုးထားပြီး ၁၈၉၇ ခုနှစ်တွင် Diamond Jubilee အပါအဝင်အရေးကြီးသောအခါသမယများတွင် ဝတ်ဆင်ခဲ့သည်။
3.Queen Maud Of Norway
ဗစ်တိုးရီးယားဘုရင်မရဲ့မြေးဖြစ်သူ မင်းသမီး Maud ဟာဆိုရင်သူမရဲ့မင်္ဂလာဆောင်အတွက်ရိုးရှင်းသောမင်္ဂလာဆောင်ဝတ်စုံကိုသာရွေးချယ်ဝတ်ဆင်ခဲ့သည်။
Spitalfields တွင်ပြုလုပ်သောအဖြူရောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးဇာပဝါခေါင်းဆောင်းကိုဆင်မြန်းခဲ့သည်။ထိုဂါဝန်၏ရိုးရှင်းမှုသည်နောက်ပိုင်းတော်ဝင်သတို့သမီးများအတွက်အတုယူစရာတစ်ခုဖြစ်ခဲ့သည်။
4.Princess Irina Of Russia
ခမ်းနားထည်ဝါစွာဝတ်ဆင်လေ့ရှိတဲ့ရုရှားအင်ပါယာ၏မင်္ဂလာဆောင် ၀ တ်စုံများသည်အလွန်လေးလံတာကြောင့်သတို့သမီးတွေဟာအခမ်းအနားတွင်ပြောင်းရွှေ့ရန်အခက်တွေ့လေ့ရှိကြပါသည်။
မင်းသမီး Irina Alexandrovna ဟာ ၁၉၁၄ ခုနှစ်တွင်ရုရှားရှိအချမ်းသာဆုံးဖြစ်သောမင်းသား Felix Yusupov နှင့်လက်ထပ်ခဲ့ပြီး
သူမရဲ့ပေါ့ပါးတဲ့မင်္ဂလာဝတ်စုံဟာ ၁၉၂၀ ပြည့်နှစ်များအတွင်းသတို့သမီးအများစုရဲ့စိတ်အာရုံကိုလွှမ်းမိုးနိုင်ခဲ့တဲ့ဝတ်စုံတစ်စုံဖြစ်ခဲ့ပါတယ်။
Reference:historyextra.com
Zawgyi ျဖင့္ဖတ္ရန္...
ေရွးရာစုနွစ္မ်ားစြာက ေတာ္ဝင္မိသားစုဝင္အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ခ်မ္းသာၾကြယ္ဝမႈနဲ႕မ်ိဳးရိုးအဆင့္အတန္းေတြကို ေဖာ္ျပဖို႔ရာအတြက္
သမာရိုးက်ခမ္းနားလွပတဲ့ဝတ္စံုေတြ၊တန္ဖိုးႀကီးမားတဲ့လက္ဝတ္ရတနာေတြကိုဆင္ယင္ကာ လက္ထပ္ပြဲေတြကိုက်င္းပခဲ့ၾကပါတယ္။
ဒါေပမယ့္ ၁၈ရာစုမွစတင္ကာ ေတာ္ဝင္မဂၤလာဝတ္စံုကို မိမိစိတ္ႀကိဳက္ေျပာင္းလဲကာအနုစိပ္တီထြင္ခ်ဳပ္လုပ္လာၾကပါတယ္။
အဲ့ဒီလိုဖန္တီးခ်ဳပ္လုပ္ဝတ္ဆင္ခဲ့တဲ့ဝတ္စံုေတြဟာလည္း အနာဂတ္ေတာ္ဝင္သတို႔သမီးေလးေတြအတြက္ အတုယူစရာ တစ္ရပ္လိုျဖစ္လာခဲ့ပါတယ္။
ဒါေၾကာင့္ ဒီေန႔မွာ ေခတ္မီလွပတဲ့သတို႔သမီးဝတ္စံုေတြကိုစတင္တီထြင္ခ်ဳပ္လုပ္ဝတ္ဆင္ခဲ့ၾကတဲ့ေတာ္ဝင္သတို႔သမီးေတြအေၾကာင္းကို Myanmar Wedding Guide ကေဖာ္ျပေပးခ်င္ပါတယ္။
1.Queen Marie Antoinette
ျပင္သစ္ဘုရင္မ Queen Marie Antoinette ဟာဆိုရင္ ေခတ္ေရွ႕ေျပးဖက္ရွင္ေတြကိုဦးေဆာင္သူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။
ျပင္သစ္ဘုရင္ Louis 16 ရဲ႕သတို႔သမီးျဖစ္လာမယ့္ Queen Marie Antoinette အတြက္မဂၤလာဝတ္စံုဖန္တီးရာမွာ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြရွိခဲ့ေသာ္လည္း
လက္ေတြ႔ဒီဇိုင္းဖန္တီးရာမွာေတာ့ ဝတ္စံုရဲ႕လည္ပင္းေပါက္ဟာ ပခံုးစြန္းနွစ္ခုကိုပါျမင္ႏိုင္တဲ့အထိ က်ယ္လြန္းခဲ့ပါတယ္။
ထိုမဂၤလာေဆာင္တြင္ Queen Marie Antoinette ဆင္ျမန္းခဲ့တဲ့ စိန္ေတြကိုေတာ့ မိခင္ျဖစ္သူကလက္ဖြဲ႔အေနနဲ႔ေပးခဲ့တာပဲျဖစ္ပါတယ္။
2.Queen Victoria
Queen Vitoiria ရဲ႕မဂၤလာဝတ္စံုဟာဆိုရင္ အဲ့ဒီေခတ္ကာလက ေရြးခ်ယ္ဝတ္ဆင္မႈနည္းတဲ့အျဖဴေရာင္ဝတ္စံုပဲျဖစ္ပါတယ္။အရင္ကအျဖဴေရာင္မဂၤလာ
ဝတ္စံုကို ဝတ္ခဲ့ဖူးသူေတြရွိေပမယ့္ ဗစ္္တိုးရီးယားဘုရင္မဝတ္ဆင္မွသာ လူေတြရဲ႕အာရံုကိုဖမ္းစားႏိုင္ခဲ့တာျဖစ္
ၿပီးအျဖဴေရာင္ဆိုတာသတို႕သမီးေတြဝတ္ဆင္ရမယ့္အေရာင္ျဖစ္တယ္ဆိုတာကို ေဖာ္ျပနိုင္ခဲ့တာပဲျဖစ္ပါတယ္။
အဂၤလိပ္ပိုးထည္ႏွင့္ဇာထုတ္လုပ္မႈက်ဆင္းေနသည့္ကာလအတြင္းမွာၿဗိတိန္ႏိုင္ငံ၏စက္မႈလုပ္ငန္းႏွင့္ကုန္ထုတ္လုပ္မႈကိုဘုရင္မဗစ္တိုးရီးယားရဲ႕ဝတ္စားဆင္ယင္မႈကအေတာ္ေလး ျမႇင့္တင္ေပးႏိုင္ခဲ့ပါတယ္။
မဂၤလာဝတ္စံုဖန္တီးထားေသာပိုးထည္မ်ားသည္လန္ဒန္အေရွ႕ပိုင္းရွိ Spitalfields တြင္ယက္လုပ္ျခင္းျဖစ္ၿပီးဇာသည္ Devon ရွိ Honiton ႏွင့္Beer မွျဖစ္သည္။
ဗစ္တိုးရီးယားသည္သူမ၏မဂၤလာေဆာင္ဇာကိုတန္ဖိုးထားၿပီး ၁၈၉၇ ခုႏွစ္တြင္ Diamond Jubilee အပါအ၀င္အေရးႀကီးေသာအခါသမယမ်ားတြင္ ၀တ္ဆင္ခဲ့သည္။
3.Queen Maud Of Norway
ဗစ္တိုးရီးယားဘုရင္မရဲ႕ေျမးျဖစ္သူ မင္းသမီး Maud ဟာဆိုရင္သူမရဲ႕မဂၤလာေဆာင္အတြက္႐ိုးရွင္းေသာမဂၤလာေဆာင္ဝတ္စုံကိုသာေ႐ြးခ်ယ္ဝတ္ဆင္ခဲ့သည္။
Spitalfields တြင္ျပဳလုပ္ေသာအျဖဴေရာင္မဂၤလာဝတ္စံုကိုဝတ္ဆင္ၿပီးဇာပဝါေခါင္းေဆာင္းကိုဆင္ျမန္းခဲ့သည္။ထိုဂါဝန္၏႐ိုးရွင္းမႈသည္ေနာက္ပိုင္းေတာ္ဝင္သတို႔သမီးမ်ားအတြက္အတုယူစရာတစ္ခုျဖစ္ခဲ့သည္။
4.Princess Irina Of Russia
ခမ္းနားထည္ဝါစြာဝတ္ဆင္ေလ့ရွိတဲ့႐ုရွားအင္ပါယာ၏မဂၤလာေဆာင္ ၀ တ္စုံမ်ားသည္အလြန္ေလးလံတာေၾကာင့္သတို႔သမီးေတြဟာအခမ္းအနားတြင္ေျပာင္းေ႐ႊ႕ရန္အခက္ေတြ႕ေလ့ရွိၾကပါသည္။
မင္းသမီး Irina Alexandrovna ဟာ ၁၉၁၄ ခုႏွစ္တြင္႐ုရွားရွိအခ်မ္းသာဆုံးျဖစ္ေသာမင္းသား Felix Yusupov ႏွင့္လက္ထပ္ခဲ့ၿပီး
သူမရဲ႕ေပါ့ပါးတဲ့မဂၤလာ၀တ္စံုဟာ ၁၉၂၀ ျပည့္ႏွစ္မ်ားအတြင္းသတို႔သမီးအမ်ားစုရဲ႕စိတ္အာရုံကိုလႊမ္းမိုးႏိုင္ခဲ့တဲ့ဝတ္စံုတစ္စံုျဖစ္ခဲ့ပါတယ္။
Reference:historyextra.com