လက်ထပ်လက်စွပ်များနဲ့ သူ့တို့ရဲ့ သမိုင်းကြောင်းများ

လက်ထပ်လက်စွပ်များနဲ့ သူ့တို့ရဲ့ သမိုင်းကြောင်းများ

ဟိုတုန်းက လက်စွပ်လေးတွေကို ဘယ်လို စိတ်ကူးလေးတွေနဲ့ ပြုလုပ်ထားကြတယ်ဆိုတာ ပြောပြပေးမယ်နော်။

ချစ်တို့ရေ လက်ထပ်လက်စွပ်လေးတွေကို ဘယ်လိုရွေးချယ်ကြပါသလဲ?

 

ဒီဇိုင်းဆန်းဆန်းလေးတွေကို ရွေးချယ်ထားတာလား??? ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ပြောပြီး လုပ်ခိုင်းကြတာလား???

 

ဟိုတုန်းက လက်စွပ်လေးတွေကို ဘယ်လို စိတ်ကူးလေးတွေနဲ့ ပြုလုပ်ထားကြတယ်ဆိုတာ မင်မင်ပြောပြမယ်နော်။

History of the Wedding Ring — With These Rings

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်က အီဂျစ်နိုင်ငံမှာ လက်ထပ်လက်စွပ်တွေကို ကျူပင်တွေ သားရေတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ရှေးအီဂျစ်တွေက လက်စွပ်ကို စက်ဝိုင်းပုံ ပြုလုပ်ခဲ့ကြပါတယ်။ စက်ဝိုင်းပုံဆိုတာ စွမ်းအားပြည့်တယ်ဆိုတဲ့ သင်္ကေတပါဘဲနော်။


အဆုံးအစမရှိတဲ့ လက်စွပ်ဝိုင်းဝိုင်းလေးက ဘဝရဲ့ ရှင်သန်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပါတယ်။ လက်စွပ်တွေကို မိမိစိတ်ကြိုက် ဒီဇိုင်းထွင်ပြီး ကိုယ်ပိုင်အမှတ်အသားလေးတွေ အဖြစ်ဝတ်ဆင်ကြပါတယ်။

 

ချစ်သူကိုတော့ မိမိနဲ့ဆင်တူ လက်စွပ်လေးတွေကို ဖန်တီးပေးကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ လက်စွပ်တွေကတော့ ရွှေ ၊ စက်ဝိုင်းပုံစံရှိတဲ့ ကျောက်များ ၊ မဟူရာ အနီ အစိမ်း အပြာ ကျောက်များ၊ ဂေါ်မုတ်တွေနဲ့ ရောင်စုံကျောက်တွေကို သုံးပြီး ပြုလုပ်ထားကြပါတယ်။

 

ရှေးခေတ် ရောမလူမျိုးတွေကတော့ လက်ထပ်လက်စွပ်တွေကို ပန်းပုဆရာဆီ အပ်ပြီး စုံတွဲပုံစံထုပြီး ဆင်မြန်းကြပါတယ်။

 

Gold Cluster Claddagh Ring with Deep Red CZ | Claddagh Jewellers

လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကမှ ဒီဇိုင်းအမျိုးမျိုးနဲ့ လက်စွပ်တွေ ခေတ်စားစ ပြုလာပါတယ်၊၊ ဒီဇိုင်းအမျိုးမျိုးထဲကမှ သရဖူဆောင်းထားတဲ့ အသားပုံကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားတဲ့ ဒီဇိုင်းက ဒီနေ့အထိ ကျန်ရှိနေပါသေးတယ်။ ဒီဒီဇိုင်းကို ယူပြီး နောက်ထပ်ဒီဇိုင်းတွေ ဖန်တီးခဲ့ကြပါတယ်။

 

အတွင်းဖက်မှာ နာမည်ထိုးတဲ့ လက်စွပ်တွေကိုတော့ Pasy ring လို့ ခေါ်ကြပါတယ်။ Pasy ring တွေကိုလည်း ဒီနေ့အထိ လက်ထပ်လက်စွပ် အဖြစ် မြင်တွေ့နိုင်ပါသေးတယ်။ Pasy ဆိုတာ Poem ( ကဗျာ ) ဆိုတဲ့ စကားလုံးကနေ ယူထားတာပါ၊ Pasy ring ကတော့ ကဗျာဆန်တဲ့ လက်စွပ်လေးပေါ့နော်။

 

Pin on rachael

 

Gimmel ring ဆိုတဲ့ လက်စွပ်လေးတွေကိုလည်း လက်ထပ်လက်စွပ်အဖြစ် ယနေ့အထိ အသုံးပြုနေကြပါတယ်။ Gimmel ဆိုတာ လက်တင်ဘာသာ စကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ အမွှာကို ဆိုလိုတာပါ။ Gimmel ring တွေကတော့ ၁၅ ရာစုကနေ ၁၇ ရာစုအထိ ရေပန်းစားခဲ့ပါတယ်။

 

Marry

Additional Info

  • ordering: 0
Read times Last modified on Monday, 06 July 2020 17:15
Rate this item
(0 votes)