အမျိုးသားတွေ မင်္ဂလာဆောင်မှာ ရင်ဘတ်ပန်းကို တင့်တယ်စွာ ဘယ်လို ဆင်မြန်းမလဲ???
အမျိုးသားတွေ မင်္ဂလာဆောင်မှာ ရင်ဘတ်ပန်းကို တင့်တယ်စွာ ဘယ်လို ဆင်မြန်းမလဲ??? google
Suit is modern gentleman’s armor ဆိုတဲ့စကားလေးကိုကြားဖူးကြမှာပါ။ယောက်ျားလေးတော်တော်များများ အနောက်တိုင်း ဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင်လိုက်ပါက
သာမန်အချိန်ထက်ပိုပြီး စမတ်ကျစေပါတယ်။
Suit အပြည့်ဝတ်ရင်လဲ ဘယ်လို နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ Fashion ကို Gorgeous and Glow ဖြစ်အောင်ဝတ်မလဲဆိုတာစဉ်းစားလာရပါတယ်။
များသောအားဖြင့်ပွဲလမ်းသဘင်တွေအတွက်ဆိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
Fashion အမြင်လဲ တင့်အောင် အကျီ ၤပေါ်မှာပန်းလေးတပွင့်ထဲထိုးဖို့ပါ။အဲ့လိုပန်းထိုးတာကိုအရင်ကတော့မြန်မာနိုင်ငံမှာအတွေ့များရပေမဲ့
အခုဆိုမင်္ဂလာဆောင် ဘွဲ့ယူ အနည်းအကျဉ်းမှာသာတွေ့ရပါတော့တယ်။
အမှန်တော့ ပန်းထိုးတာကို မွေးနေ့ပွဲ ညစာစားပွဲတွေမှာလည်းထိုးသင့်သလို ပွဲနေ့ပွဲထိုင်တိုင်းမှာ အပြင်အဆင်တခုအဖြစ်
ကိုယ့် Suit မှာတန်ဆာဆင်သင့်ပါတယ်။ယောက်ျားလေးတွေ Coat အကျီ ၤရင်ဘက်နားပန်းထိုးချင်းကို Boutonnière လို့ခေါ်ပါတယ်ရှင်။
ပြင်သစ်ကနေဆင်းသက်လာတဲ့စကားလုံးလေးပါ ပန်းထိုးတဲ့အပေါက်လေးကိုတော့ Button hole လို့ ခေါ်ပါတယ်။ပန်း၁ ပွင့်ထဲထိုးတဲ့အရွယ်သာရှိတဲ့ အပေါက်လေးပါ။
Formal attire တစ်ခုအဆင့်အတန်းပြည့်မှီဖို့ ကျောင်းကပွဲတို့ဘာတို့ဆိုမပါမဖြစ်လိုအပ်ပါတယ်။
ပန်းပွင့်ကိုရွေးချယ်ရာမှာလည်းပွင့်ဖတ်ခပ်ကြီးကြီးနဲ့ရိုးတံအနေတော် ပန်းကိုရွေးချယ်သင့်ပါတယ်။
သူတို့ အနောက်တိုင်းရိုးရာအရဆို ဘယ်ဘက် လက်ကိုင်ပဝါထားတဲ့ ဘေး Collar မှာ အပေါက်လေးဖောက်ပြီး collar အနောက် အရှေ့အပေါက်လေးအောက်မှာ
ကျစ်ကြိုးရာဘာကြိုးသေးသေးလေးနဲ့ ပန်းလေးကိုထိန်းထားတာပါ။
Morning dress လိုခါးရှည်ရှည် Coat မျိုး နောက် Single breasted တွေမှာအဝတ်များပြီး အခုဆို Double breasted တွေနဲ့ပါအဝတ်များလာကြပါပြီ ။
နောက် Boutonnière ကို Bow tie , Neck tie and Ascot tie သုံးမျိုးလုံးနဲ့ဝတ်ဆင်နိုင်ပါတယ်။
ပန်းတွေအနေနဲ့ကတော့ ကာနေးရှင်း , နှင်းဆီ အနီ , နှင်းဆီ အဖြူ , သစ်ခွ စသည်တို့ကိုအသုံးများပါတယ်။
ညွှန်းပေးရရင်တော့ ကာနေးရှင်းအဖြူလေးကို ပိုသဘောကျမိပါတယ် Button hole ကတချို့နာမည်ကြီး Branded suitတွေမှာမှပါသလို
တချို့အပ်ချုပ်ဆိုင်တွေကျ Button holeထည့်ပေးပါဆိုပြောမှထည့်ချုပ်ပေးကြတာမျိုးပေါ့။
တကယ်တန်းမှာ ယနေ့ခေတ်မှာ မြန်မာပြည်မှာဆိုရင်တော့ အမျိုးသားတွေရင်ဘက် ပန်းထိုးတဲ့ ဓလေ့ ကပျောက်လုစဲစဲ ဖြစ်နေပါပြီ။
တကယ်တမ်းတော့ ရိုးရှင်းတဲ့ ဖက်ရှင်ကသာလျှင် အမျိုးသားတွေကို Classic ဆန် စေမှာအမှန်ပါပဲ။
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
ig
<<<Zawgyi>>>
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under