သတို့သားတို့ကြိုက်နှစ်သက်စေမယ့် လက်ထပ်လက်စွပ် (၅) မျိုး

သတို့သားတို့ကြိုက်နှစ်သက်စေမယ့် လက်ထပ်လက်စွပ် (၅) မျိုး google.com, overstock.com

ယောကျ်ားတို့ထုံးစံအတိုင်း လက်ထပ်လက်စွပ်ရွေးချယ်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးတွေပဲကြိုက်နှစ်သက်ကြတာများပါတယ်။

 

လက်ဝတ်ရတနာတွေဆင်မြန်းထားတဲ့လက်စွပ်မျိုးကိုမဝတ်ဆင်ချင်ကြပါဘူး။ ဒီတော့ မင်္ဂလာဆောင်မယ့်သတို့သားလောင်းတို့အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် လက်ထပ်လက်စွပ် (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ ရှုပ်ထွေးတဲ့ဒီဇိုင်းတွေမကြိုက်တဲ့ယောင်္ကျားလေးတွေအတွက် ဒီလိုပုံစံလက်စွပ်အမျိုးအစားတွေထဲက ရွေးချယ်ခြင်းက အဆင်ပြေစေမှာပါ။

 

PROD 30923 Thin

 

(၁) ရိုးရှင်းတဲ့မောင်းကွင်း

ဒီလိုရိုးရှင်းတဲ့မောင်းကွင်းလေးတွေကတော့ ယောင်္ကျားလေးအများစုကြိုက်နှစ်သက်ကြတဲ့ပုံစံပါ။ အပြင်ဘက်မျက်နှာပြင်ရဲ့ချောမွေ့တဲ့အသွင်အပြင်ကြောင့်လည်း လူကြိုက်များခြင်းဖြစ်ပါတယ်။ ဒီလိုမောင်းကွင်းလေးတွေကိုတော့ ပလက်တီနမ်(သို့)ရွှေ ထဲကမှကိုယ်ကြိုက်နှစ်သက်တဲ့ လက်ဝတ်ရတနာနဲ့ပြုလုပ်ဝတ်ဆင်လို့ရပါတယ်။

PROD 30923 Plain

 

(၂) မောင်းကွင်းအပါးလေးတွေ

မောင်းကွင်းတွေထဲကမှ ဒီလိုအပါးလေးတွေကိုလည်း ဝတ်ဆင်ရတာသက်တောင့်သက်သာရှိတဲ့အတွက် ယောင်္ကျားလေးတွေစိတ်ဝင်စားကြပါတယ်။ လက်စွပ်ဝတ်တဲ့ လက်ဆစ်ဧရိယာရဲ့ သုံးပုံတစ်ပုံလောက်ကိုသာ နေရာယူထားတဲ့ ဒီလိုလက်စွပ်လေးတွေက ဝတ်ထားတယ်လို့မခံစားရလောက်အောင်ကို သက်တောင့်သက်သာရှိစေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီလိုမောင်းကွင်းအပါးလေးတွေက လက်အရွယ်အစားသေးတဲ့လူတွေနဲ့လိုက်ပေမယ့် လက်အရွယ်အစားကြီးတဲ့လူတွေအတွက်တော့ လက်စွပ်ကသေချာကြည့်မှသတိထားမိနိုင်မှာဖြစ်လို့ လက်အရွယ်အစားကြီးတဲ့လူတွေကတော့ ဒီလိုလက်စွပ်အမျိုးအစားကိုမရွေးချယ်သင့်ပါဘူး။

 

PROD 30923 Industrial

 

(၃) ဒီဇိုင်းဆန်းတဲ့လက်စွပ်

ဒါကတော့ မောင်းကွင်းမကြိုက်တဲ့ယောင်္ကျားလေးတွေအတွက် အထူးသင့်လျော်ပါတယ်။ ဆန်းပြားတဲ့ဒီဇိုင်းအပြင် အရောင်ကပါ အမဲရောင်ဖြစ်တဲ့အတွက် လက်မှာစွပ်ထားရင်တော့ သိသာထင်ရှားနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလက်စွပ်ရဲ့အတွင်းသားက အနည်းငယ်နူးညံ့တဲ့အတွက် လက်ကနေ အလွယ်တကူကျွတ်ထွက်သွားနိုင်တာဖြစ်လို့ ဒီလိုလက်စွပ်မျိုးလုပ်မယ်ဆိုရင်တော့ ကိုယ့်လက်တိုင်းနဲ့ကွက်တိဖြစ်မှရပါမယ်။

PROD 30923 Flush

 

(၄) စိန်တစ်လုံးတည်းပါတဲ့လက်စွပ်

ရွှေလက်စွပ်လေးကိုမှ စိန်ခပ်ကြီးကြီးလေးတစ်လုံးတည်းမြှုပ်ထားတဲ့ဒီဇိုင်းပါ။ မောင်းကွင်းမကြိုက်တဲ့သူများအတွက် အထူးသင့်လျော်ပါတယ်။ ရွှေရဲ့တည်ငြိမ်တဲ့ အလှနဲ့ စိန်ရဲ့တောက်ပြောင်ခြင်းကိုပေါင်းစပ်ထားတဲ့အတွက် ဒီလိုလက်စွပ်မျိုးကို လက်ထပ်လက်စွပ်အဖြစ်ရွေးချယ်မယ်ဆိုရင်တော့ ကျက်သရေမင်္ဂလာရှိလှပါတယ်။

 

PROD 30923 Comfort

(၅) သတ္တုပစ္စည်းများနဲ့ပြုလုပ်ထားတဲ့လက်စွပ်

တိုက်တေနီယမ်၊ အဖြိုက်နက်၊ စတီးစတဲ့ စက်မှုဇုန်လုပ်ငန်းသုံး သတ္တုများနဲ့ပြုလုပ်ထားတဲ့လက်စွပ်များကိုလည်း အခုနောက်ပိုင်း လက်ထပ်လက်စွပ်အဖြစ်အသုံးပြုလာကြပါတယ်။ စက်မှုဇုန်သုံးသတ္တုများနဲ့ပြုလုပ်ထားတဲ့အတွက် အခြားလက်ဝတ်ရတနာများနဲ့ပြုလုပ်ထားတဲ့လက်စွပ်တွေလောက် တောက်ပြောင်မှာမဟုတ်ပေမယ့် ပိုမိုမာကျောတဲ့အတွက် ကွေးခြင်း၊ ပိန်ခြင်းတော့ရှိမှာမဟုတ်ပါဘူး။ နောက်ပြီး အကုန်အကျလည်းသက်သာစေမှာပါ။ အပြင်ဘက်ဒီဇိုင်းကို ဆောက်ဖြတ်ပုံစံပြုလုပ်ထားပြီး ဒီသတ္တုသုံးမျိုးထဲမှာ တိုက်တေနီယမ်ကတော့ အပေါ့ဆုံးဖြစ်ပြီး ရွှေထက် ၄ ဆလောက်ပေါ့ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Monday, 16 November 2020 11:55
Rate this item
(0 votes)