လူကြိုက်အများဆုံး မင်္ဂလာဝတ်စုံဆိုင် (၁ဝ) ဆိုင်

လူကြိုက်အများဆုံး မင်္ဂလာဝတ်စုံဆိုင် (၁ဝ) ဆိုင် google.com

မိန်းကလေးတိုင်းလိုလိုမှာ ထပ်တူညီတဲ့အိပ်မက်တစ်ခုကတော့ ရှိကြပါတယ်။ အဲဒါကသူတို့ရဲ့တစ်သက်မှာတစ်ခါ မင်္ဂလာအခမ်းအနားကျင်းပတဲ့နေ့မှာအလှပဆုံးဝတ်စုံအပြင်အဆင်တွေနဲ့ ကမ္ဘာပေါ်မှာဆွဲဆောင်မှုအရှိဆုံးသောသတို့သမီးလေး ဖြစ်ချင်ကြတာပါ။

 

ရန်ကုန်မြို့မှာတော့ မဂင်္လာဝတ်စုံဆိုင်တွေ မှိုလိုပေါက်နေပေမဲ့ လူကြိုက်အများဆုံး သတို့သမီးဝတ်စုံဆိုင် ၁ဝ ဆိုင်ကို ရွေးချယ်ပေးခဲ့ပါတယ်။

 

 

() Forever

 

မင်္ဂလာအခမ်းအနား၊ မိတ်ကပ်၊ ဓာတ်ပုံ၊ ဗီဒီယို အစအဆုံးရှိတဲ့ဒီဆိုင်မှာ ရွေးချယ်ချင်စရာမင်္ဂလာဝတ်စုံ အတော်များများရှိပြီးအနောက်တိုင်းဂါဝန်၊ ညနေခင်းပွဲတက်ဝတ်စုံနဲ့ မြန်မာ့ရိုးရာဝတ်စုံတွေ ရှိနေပါတယ်။ စက်တင်ဘာ ၁ ရက်ကစပြီး မင်္ဂလာပွဲကြို ဓာတ်ပုံရိုက်တာကအစ အထူးဒစ္စကောင့်တွေနဲ့ ရောင်းချနေပါတယ်။ ဆိုင်ရဲ့ဝန်ဆောင်မှုကို ယူဖူးတဲ့လူတွေကတော့ စိတ်ကျေနပ်ပါတယ်ဆိုတဲ့ အဖြေပဲ တောက်လျှောက်ပေးခဲ့ကြတာပါ။ လိပ်စာ “ အမှတ် ၁ဝ၈၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၂၃ဝ၃ဝ၆၉

 

 

() Exposure

 

ခမ်းနားတော်ဝင်ပြီး အရောင်စုံတဲ့ အနောက်တိုင်း သတို့သမီးဂါဝန် အမျိုးမျိုးကို Exposure က ဝန်ဆောင်မှုပေးနေပါတယ်။ ထူးခြားတဲ့ ခရီးစဉ်တွေမှာ အမိုက်စား သတို့သမီးဝတ်စုံတွေနဲ့ အမှတ်တရဓာတ်ပုံတွေ ဖန်တီးပေးနေတာကြောင့် မင်္ဂလာမောင်နှံတွေရဲ့ အသည်းစွဲဖြစ်နေရပါ တယ်။ နှင်းဆီပန်းပွင့်တွေ၊ ငှက်မွေးတွေ၊ ခရစ္စတယ်တွေနဲ့ ပုလဲတွေကို သူမတူအောင် တွဲစပ်ဖန်တီးထားတဲ့ ဝတ်စုံတွေက သင့်ကို ဒဏ္ဍာရီထဲကအလှဆုံး သတို့သမီးလေးလို ခံစားရစေမှာပါ။ လိပ်စာ“အမှတ် ဘီ ၆၊ အောဆန်းကွင်း(မြောက်)၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၇၉ဝဝဝ၁၁၂

 

 

() Aroma

 

နိုင်ငံကျော်မင်းသား မင်းသမီးတွေနဲ့ အမြဲလိုလို တွဲလျက်တွေ့ရတဲ့ Aroma က မင်္ဂလာဝတ်စုံတွေဟာ ကျော်ကြားပါတယ်။ သတို့သမီး တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်အတိုင်းအထွာ အတိအကျအတိုင်း ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံတွေကိုဝယ်ယူနိုင်သလို ငှားလို့လည်း ရပါတယ်။ လတ်တလောမှာတော့ ဒီဆိုင်ရဲ့ စင်ကာပူမှာ မင်္ဂလာပွဲအကြို ဓာတ်ပုံသွားရိုက်တဲ့ အစီအစဉ်ကစုံတွဲတွေကြားမှာ အိပ်မက်တစ်ခုလို နေရာယူထားပါတယ်။ မင်္ဂလာဝတ်စုံနှစ်စုံနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် နောက်ထပ်နှစ်စုံကို အခမဲ့ ဆင်မြန်းပေးမယ်လို့လည်း ကြေညာထားတာပါ။ လိပ်စာ “ အမှတ် ၂၈၊ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၈၆၁၁၅၂၁

 

 

() Peter's The Bridal Garden

 

ဒီဆိုင်ကနေ သတို့သမီးလေးတွေအတွက် မင်္ဂလာဝတ်စုံတွေကို ၂ဝ၁၈ ကပွဲခန်းမအတွက် ဝတ်စုံများဆိုပြီး သီးသန့် မိတ်ဆက်ပေးထားပါတယ်။ ဆိုင်ရဲ့ လက်စွဲဆောင်ပုဒ်က 'မိန်းကလေးတစ်ယောက်မှာ မင်္ဂလာပွဲအတွက် အလိုအပ်ဆုံး နှစ်ခုရှိတယ်။ အဲဒါက ကိုယ့်အဆင့်အတန်းရယ်၊ ခမ်းနား ကြီးကျယ်မှုရယ်ကို ဖော်ပြပေးနိုင်တဲ့ မင်္ဂလာဝတ်စုံ ရှိဖို့ပဲ' ဆိုတာပါ။ ဂါဝန်စ အနားသတ်လေးတွေကအစ လက်နဲ့ အသေးစိတ်ပုံဖော်ထားတဲ့ အနုစိတ်လက်ရာတွေက ဖမ်းစားနိုင်မှာဖြစ်ပြီး ဓာတ်ပုံဆရာ ပီတာကအဲဒီအခါသမယကို အကောင်းဆုံး မှတ်တမ်းတင်ပေးမှာပါ။ လိပ်စာ “ အမှတ် ၅၄၂၊ ဥဇနလမ်း၊ ၁၁ ရပ်ကွက်၊ မြသီတာအိမ်ရာ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၈၅၆၄၉၂၁

 

 

() Elegant Boutique

 

ညစာစားပွဲအတွက် ပွဲတက်ဝတ်စုံနဲ့ အနောက်တိုင်းသတို့သမီးဂါဝန်တွေက Elegant Boutique ရဲ့ အကောင်းဆုံးတင်ဆက်မှုပါ။ ဒီနှစ်မှာမင်္ဂလာပွဲရာသီ စကတည်းက ပွဲတက်ဝတ်စုံတစ်ထည်ကို ၂ဝ ရာခိုင်နှုန်းနဲ့လျှော့ဈေးတွေ ပေးနေပါတယ်။ ဈေးအသက်သာဆုံး ပွဲတက်ဝတ်စုံတစ်စုံရဲ့ ရောင်းဈေးက ကျပ်နှစ်သောင်းခွဲနဲ့ စတင်တဲ့အတွက် ဘတ်ဂျက်ကို ထိန်းမယ့် သတို့သမီးလေးတွေ လက်မလွှတ်သင့်တဲ့ ဆိုင်ပါ။ လိပ်စာ“အမှတ် ၂၄၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၄ဝ၂၂၉၇၇၃

 

 

() Pyae Soe Aung Exclusive Bridal Creations

 

တစ်သက်မှာတစ်ခါသာ ကျင်းပရတဲ့ကိုယ့်မင်္ဂလာပွဲမှာ ကိုယ်ပိုင်ဒီဇိုင်းလေးပဲ ဝတ်ချင်တဲ့သူတွေအတွက် ဒီဇိုင်နာပြည်စိုးအောင်ရဲ့ သတို့သမီးဝတ်စုံတွေကထိပ်ဆုံးက ရှိနေပါတယ်။သင်ဘယ်သူလဲဆိုတာကို ပြောပြပေးနိုင်မယ့်အလိုက်ဖက်ဆုံး မင်္ဂလာဝတ်စုံတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ဖန်တီးပေးနေတာပါ။ ဝတ်စုံတစ်စုံငှားမယ်ဆိုရင်တော့ အနည်းဆုံး ကျပ်သုံးသိန်းကစပါမယ်။ လိပ်စာ“ အမှတ် ၂၅၇၊ ပထမထပ်၊ ၃၅ လမ်း အပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၂၅၁၁၆၆

 

 

() Shartra Couture

 

ကိုယ်ပိုင်ဒီဇိုင်းတွေကို အံ့မခန်းတီထွင်နေတဲ့ ဒီဇိုင်နာ ရှာထရာကအနောက်တိုင်း သတို့သမီးဂါဝန်ကြီးတွေ၊ မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံ တွေနဲ့ ညစာစားပွဲတက် ဝတ်စုံတွေကို ဖန်တီးပေးနေတာပါ။ သတို့သမီးတွေအနေနဲ့ ကိုယ်ဝတ်ထားတဲ့ ဒီဇိုင်းပေါ်မှာ စီးမျောပြီး ဂုဏ်ယူတောက်ပနိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဒီဇိုင်နာက သူ့ရဲ့ ပထမဆုံးဖက်ရှင် ရှိုးပွဲကို စတင်ခဲ့ပြီး အမိုက်စားဒီဇိုင်းတွေနဲ့ ပရိသတ်ရဲ့ ရင်ခုန်သံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လိပ်စာ“ အမှတ် ၉ဝ ၊ ၁ လမ်း၊ ရွှေတောင်ကြား ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၅ဝဝ၃၄ဝ၄၁

 

 

() Timeless Bridal

 

ဒီဆိုင်က ဖန်တီးထားတဲ့ သတို့သမီးဝတ်စုံတွေရဲ့ အရည်အသွေးတွေကိုအာမခံပေးထားတဲ့ ဆိုင်ဖြစ်ပြီး မင်္ဂလာမောင်နှံအတွက်လည်း အကောင်းဆုံးအကြံဥာဏ်ထောက်ပံ့ပေးနိုင်တဲ့ဆိုင်ပါ။ မကြာခင်လာတော့မယ့် ၂ဝ၁၈-“၂ဝ၁၉ မင်္ဂလာအခမ်းအနားတွေအတွက် အနောက်တိုင်း သတို့သမီးဝတ်စုံတွေထဲမှာ ဇာပဝါလွှားတဲ့ဓလေ့ ခေတ်စားမယ်လို့ကြိုတင်ဟောကိန်း ထုတ်ထားတာဖြစ်ပါတယ်။ ဂါဝန်နဲ့လိုက်ဖက်တဲ့ ခေါင်းဆောင်းဇာပဝါတွေကို ဘယ်လိုရွေးချယ်မလဲ ဆိုတာကိုလည်း သေချာ ရှင်းပြတတ်ကြပါတယ်။ လိပ်စာ “ အမှတ် ၉၂၊ မြေညီထပ်၊၅၂ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၉၇၇၇၇၈၇၃၃၃

 

 

() Best Choice

 

ဒီဆိုင်မှာတော့ အနောက်တိုင်းသတို့သမီးဝတ်စုံမှာ အရောင်ရော ဒီဇိုင်းပါ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုအပြည့် ဖန်တီးထားပါတယ်။ လတ်တလောမှာ သတို့သမီးဂါဝန်အင်္ကျီအထည် ၂ဝဝ ထဲက ကိုယ်နဲ့ လိုက်ဖက်တာကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။ ဆိုက်အတွက်ကတော့ xs ကနေ xxxl အထိ ရှိတဲ့အတွက် မတော်မှာလည်း မပူရပါဘူး။ လိပ်စာ “ အမှတ် ၉၂၊ ၁၅ လမ်း အလယ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၅၃၄၆၂ဝ၂၉

 

 

(၁ဝ) မင်္ဂလာဦး

 

မြန်မာ့ရိုးရာသတို့သမီးဝတ်စုံတွေဖြစ်တဲ့ ခမ်းနားလှပတဲ့ ထိုင်မသိမ်းဝတ်စုံတွေကို သီးသန့် ဖန်တီးရောင်းချနေတာ ဖြစ်ပါတယ်။ ဝတ်စုံတစ်စုံချင်းစီရဲ့ အနုစိတ် ချည်ထိုးအပ်ဖောက်လက်ရာတွေအားလုံးက မြန်မာ့သတို့သမီးတွေရဲ့ ခမ်းနားမှုကို ဖော်ပြပေးနေပါတယ်။ မင်္ဂလာမောင်နှံအတွက် ကျပ်ငါးသိန်းကစပြီး ဝတ်စုံဈေးနှုန်းတွေ သတ်မှတ်ထား ပါတယ်။ လိပ်စာ “ အမှတ် ၅၈၇၊ သုမင်္ဂလာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၅ဝ၅ဝဝ၈ဝ၉

 

 

Credit;မြန်မာတိုင်းမ်

Read times Last modified on Tuesday, 18 September 2018 15:38
Rate this item
(1 Vote)