ပြည်ပကို ဟန်းနီးမွန်းထွက်မယ်ဆိုရင် သိထားသင့်တာလေးတွေ

ပြည်ပကို ဟန်းနီးမွန်းထွက်မယ်ဆိုရင် သိထားသင့်တာလေးတွေ google

ဟန်နီးမွန်းဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ သတို့သား၊သတို့သမီးလေးတွေ ဟန်းနီးမွန်း ထွက်တာမျိုးရှိသင်တယ်လို့ထင်ပါတယ်။

နိုင်ငံတွင်း ဟန်းနီးမွန်းမသွားချင်တဲ့  သူတွေအတွက် ပြည်ပကိုသွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားသင့် တာတွေ ပြင်ဆင်လို့ရအောင် ပြောပြပေးချင်ပါတယ်။ တစ်ချို့စုံတွဲလေးတွေကတော့ ပြည်ပ ဟန်းနီးမွန်းကို ရွေးချယ်ကြပါတယ်။ ပြည်ပနိုင်ငံတွေအတွက်ကတော့ သွားလာလည်ပတ်စရာနေရာ အများအပြား ရှိတဲ့အတွက် ဟန်းနီးမွန်းကို ပြည်ပနိုင်ငံကိုရွေးချယ်ကြပါတယ်။

 

နေရာဒေသ

 

ဟန်းနီးမွန်းထွက်တဲ့အခါ ကိုယ်မရောက်ဖူးသေးတဲ့  နေရာဒေသတွေ ထွက်တာပိုကောင်းပါတယ်။ ရာသီဥတုနဲ့ လိုက်ဖက်ညီတဲ့နေရာလေး တွေကိုတော့ရွေးချယ်စေချင်ပါတယ်။ ဟန်းနီးမွန်းထွက်တဲ့ အခါမျိုးမှာ ကိုယ်အတွက် အခက်ခဖြစ်တဲ့နေရာလေးတွေရှောင်ပေးပါ။

 

ရာသီဥတု

 

ပြည်ပဟန်းနီးမွန်းထွက်ရင် သတိပြုရမှာက ရာသီဥတုပါ။ နိုင်ငံရပ်ခြားက ရာသီဥတုတွေက ကိုယ်သွားမယ့်အချိန်မှာ အဆင်ပြေရဲ့လား ကြည့်ပါ။ အရမ်းအေးနေတာ၊ အရမ်းပူလွန်းနေတာ စတဲ့ ရာသီဥတု အခြေအနေ ဆိုးရွားနေတယ်ဆိုရင် အပြင်လျှောက်မလည်ဖြစ်ဘဲ ဟိုတယ်မှပဲ နေနေရမှာ ဆိုးလို့ပါ။

 

အစားစား

 

ကိုယ်သွားလည်နိုင်ငံက အစားစာတွေကို စားကြည့်စေချင်ပါတယ်။ ကိုယ့်နိုင်ငံက အစားစာမဟုတ်တော့ ပြည်ပနိုင်ငံက အစားစာတွေနဲ့ စိမ်းနေမှာပါ ဒီတော့ အရမ်းအများကြီးမစားဖို့ တိုက်တွန်းချင်ပါတယ်။ မတည့်တဲ့ အစားစာတွေ အများကြီးမစားပါနဲ့  ဟန်းနီးမွန်းမှာ နေမကောင်းတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ဒေသစာတွေက ရောက်တုန်းရောက်ခိုက် စားတော့စားကြည့် စေချင်ပါတယ်။

 

>>> Related item>>> မင်္ဂလာမဆောင်ခင် ပြင်ဆင်သင့် သောအရာများ

 

အချိန်

 

သတို့သား၊ သတို့သမီးလေးတွေအနေနဲ့ ပြည်ပခရီးဟန်းနီးမွန်းထွက်မယ်ဆိုရင် သတိထားရမယ့် အချက်တစ်ချက်ရှိပါသေးတယ်။ ဟန်းနီးမွန်းထွက်တဲ့အခါ အချိန်ဘယ်နှရက် ထွက်မလဲဆိုတာလည်း အရမ်းအရေးကြီးပါတယ်။ ပြည်ပဟန်းနီးမွန်းကနေ ပြန်လာပြီး ချက်ချင်း အလုပ်ခွင်ထဲ တန်းဝင်တာမျိုး မလုပ်သင့်ပါဘူး။ ခွင့်က တပတ်လောက်ရတယ်ဆိုရင် (၅) ရက်လောက်ကို ဟန်းနီးမွန်းမှာ ကုန်ဆုံးပါ။ ဒါမှ အိမ်မှာ နှစ်ရက်လောက် အေးဆေးနားရင်း ဟန်းနီးမွန်းက အကြောင်းအရာလေးတွေကို ပြန်ကြည်နူးလို့ ရပါတယ်။ မဟုတ်ရင် အရမ်းပင်ပန်းပြီး ဟန်းနီးမွန်းကို ပြန်မတွေးချင်ဘူး ဖြစ်နေမှာ စိုးတာကြောင့်ပါ။

 

 

 

Myanmar Wedding Guide 

Read times
Rate this item
(1 Vote)
Tagged under