ဟန်းနီးမွန်းခရီးလေး လှပဖို့ ဘာတွေက အရေးကြီးလဲ?

သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက်စီစဉ်ရလို့ ပင်ပန်းသမျှတွေကို ဟန်းနီးမွန်းခရီးမှာ အပန်းဖြေကြမယ်နော် ပျော်စရာကောင်းပြီး အမှတ်တရဖြစ်မယ့် ဟန်းနီးမွန်းခရီးလေးဖန်တီးနိုင်ဖို့ သတိပြုစရာလေးတွေရှိပါတယ်။

(၁) ရွေးချယ်ထားတဲ့နေရာက (၂)ယောက်စလုံး စိတ်ပါဝင်စားတဲ့နေရာဖြစ်ပြီး ပျင်းဖို့အချိန်မရှိအောင်ကို activity တွေလုပ်စရာပေါတဲ့နေရာဖြစ်ရပါမယ်။

(၂) Booking ကြိုလုပ်တဲ့အခါမှာလည်း ဒါက သင်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ဖြစ်တာကို ပြောဖို့မရှက်ပါနဲ့။တချို့ ဟိုတယ်တွေမှာ ဟန်းနီးမွန်းစုံတွဲတွေအတွက် အထူးအစဉ်တွေရှိတတ်တာမို့ အမှတ်တရတွေဖြစ်နိုင်ပါတယ်။

(၃)ဘယ်နေရာကိုသွားမယ် ၊ဟိုရောက်ရင်ဘာတွေလုပ်မယ်ဆိုတာကို သင့်လက်တွဲဖော်နဲ့ကြိုတင်စီစဉ်ထားရင် အဲ့ဒီနေရာရောက်တဲ့အခါ တခြားလည်ပတ်စရာတွေအတွက်အချိန်ပိုရနိုင်မှာပါ။

(၄)သွားမယ့် အချိန်၊နေရာကိုလိုက်ပြီး ရာသီဥတုအခြေအနေနဲ့ ဝတ်ရမယ့်အကျီင်္တွေကိုစီစဉ်ရမယ့်အပြင် ၊ ကျန်းမာရေးအတွက် First Aid Box တွေကိုပါ ယူဆောင်သွားသင့်ပါတယ်။

(၅)ဘယ်နှရက်ကြာအောင်နေမလဲဆိုတာကိုလည်း ကြိုတင်စီစဉ်သင့်ပါတယ်။တချို့ကအချိန်(၂)ပတ်လောက်ကြာအောင်အတူနေချင်ကြပြီး တချို့ကလည်း အမှတ်တရ ခရီးစဉ်လေးအဖြစ် ၃ ၊ ၄ ရက်လောက်ပဲသွားချင်တာရှိတတ်ပါတယ်။

(၆)မိမိတို့က ကလေးယုူဖို့ အစီအစဉ်မရှိသေးဘူးဆိုရင် အရေးပေါ်ဆေးတချို့နဲ့ အကာအကွယ်ပစ္စည်းတွေ ယူသွားဖို့ သတိတရရှိပါ။

(၇)ဟန်းနီးမွန်းခရီးစဉ်ဆိုတာက ဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်ပြီး အတူဖြတ်သန်းရမယ့် ဘဝရဲ့ အစဖြစ်တာကြောင့် ဒီခရီးစဉ်ကို စိတ်ပူစရာတွေသယ်မသွားပါနဲ့။

(၈)မင်္ဂလာဝတ်စုံကိုယူသွားဖို့မမေ့ပါနဲ့။ဟန်းနီးမွန်းခရီးရဲ့အမှတ်တရတွေကို မင်္ဂလာဝတ်စုံလေးနဲ့လည်း အသက်သွင်းခဲ့ပါ။

အဓိကသတိထားသင့်တာကတော့ ဟန်းနီးမွန်းခရီးစဉ်က ပုံမှန်သွားနေကျခရီးတွေထက် ထူးခြားနေရမှာမို့လို့ ပြည့်စုံအောင်ကြိုတင်ပြင်ဆင်ထားသင့်တာပါ။

သတို့သမီးလေးတွေက ဒီအချက်လေးတွေကို သတိထားဆောင်ရွက်မယ်ဆိုရင်တော့ ဘဝမှာတစ်ကြိမ်သာတွေ့ကြုံရမယ့် အမှတ်တရတွေကို အလှပဆုံးဖြစ်နေအောင်ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

..............................................................................................................................................

 Zaw Gyi

Source Shwe Mon

Read times
Rate this item
(0 votes)