နတ်ဘုရားတွေဖန်ဆင်းထားသောအချစ်ကျွန်းလို့တင်စားထားကြတဲ့ “ပိုလာဘာလီကျွန်း”ရဲ့သွားရောက်လည်ပတ်စရာနေရာများ
နတ်ဘုရားတွေဖန်ဆင်းထားသောအချစ်ကျွန်းလို့တင်စားထားကြတဲ့ “ပိုလာဘာလီကျွန်း”ရဲ့သွားရောက်လည်ပတ်စရာနေရာများ google
မင်္ဂလာဧည့်ခံပွဲတောက်လျှောက်ပင်ပန်းခဲ့သမျှတွေကို အေးချမ်းလှပတဲ့ ကမ်းခြေတွေဆီသွားအနားယူချင်တယ်။ ပြည်တွင်း ကမ်းခြေတွေ၊ ဖူးခက်တို့၊
ဗီယက်နမ်ဟာလောင်းဘေး တို့ သွားရတာလည်း ရိုးနေပြီဆိုတဲ့ ချစ်သူစုံတွဲလေးတွေအတွက် လှပလွန်းလို့ နတ်ဘုရားတွေဖန်ဆင်းထားတဲ့ အချစ်ကျွန်းလို့တောင်
တင်စားထားကြတဲ့ “ပိုလာဘာလီကျွန်း”ရဲ့သွားရောက်လည်ပတ်စရာနေရာတွေကို MYANMAR WEDDING GUIDE ကဝေမျှပေးချင်ပါတယ်။
ဗီဇာလိုအပ်ချက်တွေလည်း မရှိတာကြောင့် သွားရောက်လို့အဆင်ပြေမှာပါနော်။
ပိုလာဘာလီကျွန်းကိုရောက်ပြီဆိုရင်
တောင်ပေါ်ရွာလေး ဖြစ်တဲ့ KINTAMANI ဆီကို သွားရင်းလမ်းတစ်လျှောက် အေးမြလတ်ဆတ်တဲ့ လေပြေလေးများကိုစတင်ခံစားလို့ရမှာဖြစ်ပါတယ်။
BATUBLAN ရွာသို့သွားရောက်ပြီး အကောင်းနှင့်အဆိုးကြားထဲရှိ အဆုံးမရှိစစ်ပွဲအကြောင်း ဖော်ညွှန်းထားသော BARONG & KERIS ရိုးရာအက ကိုကြည့်ရှုခြင်း။
အသက်ရှုမှားလောက်သော ရှုခင်းများကာရံထားတ့ ဲ မီးတောင်ရှင် MOUNT BATUR ရဲ့မီးတောင်၀ ကိုကြည့်ရှုခြင်း။
ဒေသခံတို့ဆုတောင်းကြရာ MAGIC HOLY SPRING TIRTA EMPUL ရေပူစမ်း ကိုသွားရောက်ခြင်း။
နာမည်ကျော် ဘာလီဒေသထွက် ကော်ဖီခြံသို့ သွားရောက်ကာ ကော်ဖီများ စမ်းသပ်သောက်သုံးခြင်း။
BALI SWING ဉယျာဉ်ဆီသွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်
TANJUNG BENOA BEACH သို့သွားရောက်ပြီး အနားယူအပန်းဖြေနိုင်မှာဖြစ်သလို ရေပေါ်ကစားနည်းတွေလည်းကစားနိုင်ဦးမှာဖြစ်ပါတယ်။
နာမည်ကျော် MENGWI ROYAL PALACE သို့ သွားရောက်လည်ပတ်ခြင်း
မီးတောင်ကျောက်စွန်းများပေါ်တွင် တည်ထားကိုးကွယ်ထားသော နာမည်ကျော် FLOATING TEMPLE ဟုကျော်ကြားသည့် TANAH LOT TEMPLE သို့သွားရောက်ခြင်းနဲ့
DISCOVERY SHOPPING MALL “CENTRO” သို့ဈေးဝယ်ထွက်ခြင်းတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Bedroom Accessories အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၄၆ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
အသက်ရှုမှားလောက်သော ရှုခင်းများကာရံထားတဲ့ မီးတောင်ရှင် MOUNT BATUR ရဲ့မီးတောင်ဝ ကိုကြည့်ရှုခြင်း။
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under