ဟန်းနီးမွန်းမှာ အမှတ်တရဖြစ်အောင်ဘာတွေလုပ်ကြမလဲ
ဟန်းနီးမွန်းမှာ အမှတ်တရဖြစ်အောင်ဘာတွေလုပ်ကြမလဲ google
စုံတွဲလေးတို့ရေ ဟန်းနီးမွန်း ခရီးစဉ်ဆိုတာ ဘဝမှာအမှတ်တရအဖြစ်ဆုံး အချိန်အခါပါ။
လင်မယားအဖြစ် တသက်လုံး ပေါင်းသင်းနေထိုင်ခြင်းရဲ့ အစဖြစ်တာကြောင့် ဟန်းနီးမွန်းမှာ ပျော်စရာကောင်းစေဖို့ကို
စုံတွဲလေးတို့က ဖန်တီးယူရမှာပါပဲနော်။
ဂိမ်းဆော့ပါ
ဟန်းနီးမွန်းမှာ နှစ်ယောက်သား ဂိမ်းဆော့ဖို့မမေ့ပါနဲ့နော်။ ပစ္စည်းလေးတွေ ဆက်တာ၊ အိမ်ပုံစံလေးတွေ ဆောက်တာ အစရှိသလို
ဖုန်းနဲ့ ဆော့တဲ့ ဂိမ်းတွေ မဟုတ်တာမျိူးး ဆော့ပါ။ ဒါဟာ တစ်သက်တာအတွက် အမှတ်တရ ရှိနေစေမှာပါ။
ကိုယ်ကြိုက်တဲ့ ဂိမ်းအစီအစဉ်လေးတွေ ထည့်သွင်းရေးဆွဲပါနော်။
လျှောက်လည်တာ
ဒါကတော့ စုံတွဲလေး တော်တော်များများ လျှောက်လည်ကြမှာ သေချာပါတယ်။
တချို့စုံတွဲလေးတွေက လျှောက်လည်ကြတာကို သိပ်ပြီး သဘောမကျလှပါဘူး။
ဒါပေမယ့်လည်း ဟန်းနီးမွန်း ခရီးစဉ်မှာတော့ အဲဒီနေရာကို လေ့လာတဲ့အနေနဲ့ သွားသင့်ပါတယ်နော်။ ဒါမှ အမှတ်တရတွေ ပိုများလာမှာပါ။
ကုသိုလ်အတူယူပါ
ဟန်းနီးမွန်း ခရီးစဉ်လေးမှာ ကုသိုလ်လည်း အတူတူယူပါ။ ဘုရားအတူတူ ဖူးတာ၊ အလှူ အတူတူ လုပ်တာမျိုးက စိတ်ကို ကြည်နူးစေသလို
နှစ်ယောက်စလုံးအတွက် ပိုပြီး အကျိုးရှိစေပါတယ်။
လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ မိဘမဲ့ဂေဟာတွေမှာ အလှူလုပ်တာမျိုးကလည်း ပိုပြီး အမှတ်တရ ဖြစ်စေမှာပါနော်။
သီချင်းအတူတူဆိုမယ်
ဟန်းနီးမွန်းမှာ ပျော်ရွှင်ချင်တယ်ဆိုရင် သီချင်းအတူတူ ဆိုတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းပါ။
KTV မှာ နှစ်ယောက်တည်း သီချင်းအတူတူ သွားဆိုတာမျိုး လုပ်ပါ။
သီချင်းအတူတူ ဆိုတာက စိတ်ကိုပေါ့ပါးစေတဲ့အပြင် ပျော်စရာအကောင်းဆုံး အစီအစဉ်လည်း ဖြစ်ပါတယ်။
ဒါကြောင့်သွားလည်တဲ့နေရာမှာ သီချင်းဆိုခဲ့ဖို့ မမေ့နဲ့နော်။
ဓါတ်ပုံများများ ရိုက်ပါ
ဟန်းနီးမွန်းထွက်တဲ့အခါမှာ ဓါတ်ပုံများများ ရိုက်ခဲ့ဖို့ မမေ့နဲ့နော်။
ဓါတ်ပုံဆရာ မပါသွားဘူးဆိုရင်တောင် တစ်ခြားသူတွေကို အကူအညီတောင်းပြီး ရိုက်ခိုင်းတာမျိုး လုပ်ပါ။ Selfie ပုံတွေဖြစ်ဖြစ် အများကြီး ရိုက်ခဲ့နော်။
play
(1) ဂိမ်းဆော့ပါ
play1
(2) လျှောက်လည်တာ
play2
(3) ကုသိုလ်အတူယူပါ
play3
(4) သီချင်းအတူတူဆိုမယ်
play4
(5) ဓါတ်ပုံများများ ရိုက်ပါ
Credit:Marry
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 03 March 2020 17:23
Rate this item
(0 votes)
Tagged under