မန္တလေးကို ဟန်နီးမွန်းခရီးအဖြစ် သွားမယ်ဆိုရင်

မန္တလေးကို ဟန်နီးမွန်းခရီးအဖြစ် သွားမယ်ဆိုရင် Google

အားလုံးပဲ မင်္ဂလာပါရှင်။ များသောအားဖြင့် ဟန်းနီးမွန်းဆိုတာ နှစ်ယောက်အတူတူ မရောက်ဖူးတဲ့ နေရာကို သွားကြတာဖြစ်လို့ဟန်းနီးမွန်းကို ရှေးဟောင်း အမွေအနှစ်တွေ၊ နန်းတော်တွေနဲ့ တခြားရှူခင်းတွေ မြင်ရမယ့် နေရာ သွားချင်ကြတဲ့

 


စုံတွဲ လေးတွေအနေနဲ့ မန္တလေးကို ရွေးချယ်လို့ ရပါတယ်။ ဒါကြောင့် ဒီနေ့လေးမှာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်မန္တလေးမှာ ဘယ်နေရာတွေကိုသွားရောက်လည်ပတ်ပြီး

 

 

ဟန်နီးမွန်းခရီးစဉ်လေးဖန်တီးသင့်လဲဆိုတာကို အကြံပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

 

(၁) မန္တလေးတောင်

 

 

ချစ်တဲ့သူနဲ့အတူလက်တွဲလို့ မန္တလေးတောင်ကို ယှဉ်တွဲ တက်ပြီး မန္တလေးတစ်မြို့လုံးရဲ့ ရှူခင်းတွေကို တောင်ပေါ်ကနေ ခံစားလို့ ရပြီး ဘုရားအတူတူ ဖူးမျှော်လို့ ရမှာပါ။

 

 

အလှူဒါနလေးတွေ လုပ်ရင်း နှစ်ယောက်အတူတူလည်း ကုသိုလ်ယူလို့ ရတာမို့ တကယ့်ကို ကြည်နူးစရာ ကောင်းတဲ့နေရာလေး ဖြစ်မှာပါ။

 

 

(၂)မဟာမြတ်မုနိဘုရား

 

 

မန္တလေးကို ရောက်ပြီဆိုမှတော့ မသွားမဖြစ်က မဟာမြတ်မုနိဘုရားပါပဲ။ မနက်စောစော ဘုရားဖူးပြီး အတူကုသိုလ်ယူလို့ ရတာမို့ ဟန်းနီးမွန်း ခရီးစဉ်လေးက အကောင်းဆုံးတွေ စုစည်းထားတဲ့ ခရီးဖြစ်မှာပါ။

 

 

(၃) မန္တလေးနန်းတော်

 

 

ရှေးဟောင်းအမွေအနှစ်တွေနဲ့ သမိုင်းတွေ ပြည့်နှက်နေတဲ့ နေရာကို ချစ်သူနဲ့အတူတူ လေ့လာခွင့်ရမှာဖြစ်ပြီး ဝတ်စုံ လှလှလေးတွေနဲ့ဓါတ်ပုံရိုက်တာတွေလုပ်ရလို့အချိန်ဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူးနော်။

 

 

နှစ်ယောက်သားနန်းရာဇဝင်အကြောင်းတွေလည်း တဝကြီး ဆွေးနွေးလို့ ရပြီလေနော်။

 

 

(၄) တောင်သမန်အင်း

 

 

မန္တလေးရောက်ပြီဆိုရင်တော့ အချိန်နည်းနည်း ထပ်ပေးပြီးအမရပူရမှာ ရှိတဲ့ တောင်သမန်အင်းကို မဖြစ်မနေ သွားလည်သင့်ပါတယ်နော်။ ဦးပိန်တံတားအဆုံးထိ အတူတူလျှောက်ရင် လက်တွဲတွေ မြဲတယ်လို့ ပြောစကားတွေလည်းရှိထားတာကြောင့်

 


ညနေဘက်ဆိုရင်တော့ တံတားပေါ် လမ်းလျှောက်ရင်း လေညှင်းလေးခံ နောက်ပြီး တံတားအဆုံးမှာ အကြော်လေးတွေစား၊ ဓါတ်ပုံလေးတွေရိုက်နဲ့ ပျော်စရာ ဟန်းနီးမွန်း ဖြစ်မှာပါ။

 

 

(၅) ပြင်ဦးလွင်မြို့နဲ့ စစ်ကိုင်းမြို့

 

 

မန္တလေးကနေမှ အးချမ်းလှတဲ့ ပြင်ဦးလွင် မြို့နဲ့ စစ်ကိုင်းမြို့တွေကို အလည်အပတ် ဆက်သွားလို့ ရပါတယ်နော်။ ပြင်ဦးလွင်မှာဆိုရင်လည်း မဟာအံ့ထူးကံသာဘုရား၊

 

 

ကန်တော်ကြီးတွေကို သွားလို့ ရပြီး စစ်ကိုင်းမှာဆိုရင်တော့ တန်ခိုးကြီးကောင်းမှုတော်ဘုရားကိုလည်း ဖူးမျှော်လို့ ရပါသေးတယ်နော်။

 

 

ပြင်ဦးလွင်မှာ ရထားလုံးလေးစီးပြီးအလှဓါတ်ပုံတွေလည်း ရိုက်လို့ ရတာမို့ စုံတွဲ လေးတွေအတွက် ပျော်စရာ ဟန်နီးမွန်းလေးဖြစ်မှာပါ။

 

 

Crd- Hninn Yu San

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 


 


 

Mandalay Hill

 

(၁) မန္တလေးတောင်

 


 


 

mandalay hill4

 

(၂)မဟာမြတ်မုနိဘုရား

 


 

mandalay hill1

 

(၃) မန္တလေးနန်းတော်

 


 


 

mandalay hill2

 

(၄) တောင်သမန်အင်း

 


 


 

mandalay hill3

 


 


 


 

mandalay

 


 

Crd- Hninn Yu San

 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 19 February 2020 16:36
Rate this item
(0 votes)
Tagged under