အင်္ဂလန်တွင်လူငါးဦးနှင့် မင်္ဂလာပွဲကျင်းပရ...

အင်္ဂလန်တွင်လူငါးဦးနှင့် မင်္ဂလာပွဲကျင်းပရ... google

အင်္ဂလန်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်ပွားနေချိန်မင်္ဂလာဆောင်လျှင် သတို့သားနှင့်သတို့သမီးအပါအဝင် လူငါးဦးသာ အများဆုံးတက်ရောက်ခွင့်ရှိမည်ဟုညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

အဆိုပါညွှန်ကြားချက်တွင် သတို့သားနှင့်သတို့သမီးကလွဲ၍ကျန်သည့်လူသုံးဦးလုံးတစ်ဦးနှင့်တစ်ဦးခွာနေရမည်ဟုလည်းဆိုထားပါတယ်။

ညွှန်ကြားချက်အရ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်္ဂလာဆောင်မည်ဟု စိတ်ပိုင်းဖြတ်ထားသူများအနေဖြင့် မင်္ဂလာဆောင်နိုင်ပြီး လူဦးရေကိုတော့ သိသိသာသာလျှော့ချပစ်ရမှာဖြစ်ပါတယ်။

ဒါမှသာ အစိုးရသတ်မှတ်ချက်အတိုင်း တစ်ဦးနှင့်တစ်ဦးဝေးဝေးနေနိုင်မည်ဖြစ်ကြောင်း England Church ကျောင်းတော်က ဆိုပါတယ်။

ဒါ့အပြင် မင်္ဂလာပွဲ မတက်ရောက်နိုင်သည့် ဆွေမျိုးနဲ့မိတ်ဆွေများအတွက် Live လွှင့်နိုင်ကြောင်း England Church ကျောင်းတော်က ထပ်မံအကြံပြုတိုက်တွန်းထားပါသေးတယ်။

မင်္ဂလာပွဲများတွင် သတို့သား၊သတို့သမီး၊ဘုန်းတော်ကြီးနှင့်မျက်မြင်သက်သေနှစ်ဦးတို့သာပါဝင်ရမှာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံတွင် မင်္ဂလာပွဲကိုမရွှေ့နိုင်၊မဖျက်နိုင်လိုသူများအနေဖြင့် ထိုနည်းအတိုင်းသာ မင်္ဂလာဆောင်ကြရမှာဖြစ်ပါတယ်။

Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။

 

ig

 

Zawgyi ဖြင့်ဖတ်ရန်...








Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under