အချစ်ဆိုတဲ့ အရာကို အလေးအနက် အဓိပ္ပါယ်ဖွင့်ဆိုချက်

အချစ်ဆိုတဲ့ အရာကို အလေးအနက် အဓိပ္ပါယ်ဖွင့်ဆိုချက်

အကယ်၍ သင်က တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုပါတော့ ။ အချစ်ဆိုတာက ထူးဆန်းတယ်သင်က သူ့ရဲ့ ဖြစ်တည်မှု့လေး ၊ သူရှိနေတယ်ဆိုတဲ့ ခံစားချက်လေးနဲ့တင် စိတ်ထဲမှာ ကြည်နူးနေတာမျိုး ၊ သင့်အနေနဲ့ သူရဲ့ ကိစ္စ ရပ်သေးသေးလေးတွေတိုင်းကိုက အစအလေးထားနေမိတာ အဲ့တာ အချစ်ပဲ ...

 

အချစ်က နူးညံပျော့ပျောင်းတယ် သို့ပေမည့် မှောက်မှားစေတယ် တစ်ခါတစ်လေ ကျ အချစ်ဆိုတာကို ကိုးကွယ် ယုံကြည် လိုက်မိပြီဆိုပါတော့ ထိုလူက တကယ့်ကို အသက်ပေး ၊ ဘဝ ပျက်ခံပြီးကို ချစ်တာ မျိုးတွေထိ ဖြစ်လာရော ... ကမ္ဘာကျော် ဇာတ်ကောင်တွေဖြစ်တဲ့ ရိုမီယို နဲ့ ဂျူးလိယက် နဲ့ ဘော်နီ နဲ့ ကလဖ် ကိုကြည့်ပေါ့ ဒါတွေက အပြင်မှာ ထိုဝတ္ထုတွေထဲကလို တကယ်ချစ်တဲ့ သူတွေရှိလို့ ဒီဇာတ်ကောင်တွေဖြစ်လာတာ ပဲလေ။

 

တကယ်တော့ အချစ်ဆိုတာ Fancy Dinner တွေစား, နာမည်ကြီး စားသောက်ဆိုင်တွေမှာစားနေမှ Romantic ဆန်လွန်းတယ်မထင်လိုက်ပါနဲ့ ထိုအရာတွေက ခဏတာအရာတွေပါ။သိထားရမယ့် အချစ်ဆိုတာ ကိုယ်တကယ်ချစ်တဲ့လူကဘယ်လိုအခြေအနေပဲဖြစ်ဖြစ်စိတ်တူကိုယ်တူနဲ့ဘဝတစ်ခုကိုတည်ဆောက်တာမျိုးပါ ...ဥပမာ - နှစ်ယောက်တူတူလက်လေးဆွဲ လမ်းလျှောက်တာမျိုး ဘာညာပေါ့ ။

 

အချစ်မှာ အဆောင်အယောင် မရှိဘူး ၊ ငွေကြေးဓန မပါဘူး ၊ ရုပ်ရည် ချောမော လှပ ချင်းတွေမရှိဘူး ၊ အရည်အချင်းတွေ ၊ အသက်အရွယ်တွေမရှိဘူး။အချစ်ကြောင့် အရာရာ ဖြစ်စေနိုင်တယ် တစ်ခါတစ်လေ ကျရင် အချစ်ဆိုတာ လူတစ်ယောက်ကို ပိုင်ဆိုင်ချင်တာ အချစ်မဟုတ်ဘူးတကယ်တန်းက အချစ်မှာ နားလည်မှု့ တွေခွင့်လွတ်ခြင်း တွေနဲ့ သွားလို့ရတာတွေရှိတယ်။

 

ယနေ့ခေတ်မှာတချို့မိန်းကလေးတွေက အစစအရာရာပြည့်စုံနေပြီးသားယောက်ျားကိုရွေးချယ်တတ်ကြတယ်။တကယ်တန်းမှာ ဘဝနှစ်ခုကိုပေါင်းပြီဆိုကတည်းက သုည ကစပြီး အဲ့ယောက်ျားတစ်ယောက်နဲ့အတူတူဆင်းရဲရဲ ချမ်းသာသာအောင်မြင်မူ့ကိုနှစ်ယောက်တူတူရယူတာအကောင်းဆုံးပဲမြင်မိတယ်။

 

အချစ်ဆိုတာ စိတ်ဝိဉာန်နှစ်ခု ပူးပေါင်းတာပဲဖြစ်တယ် တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့လက်ထပ်ယူပြီးပြီဆို အရာရာ က နှစ်ကိုယ်တူ ဖြစ်လာတတ်တယ် အချစ်ကို ခံစားတတ်တဲ့ လူတွေဟာ အချိန်တွေကြာလေ တစ်ဖက်လူနဲ့ ပုံစံ တူလာလေပဲ ဒါတွေအားလုံးက ဘာကြောင့်လဲ အချစ်ကြောင့် သာဖြစ်တယ်။အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ တကယ်တန်းက အချစ်ရဲ့ လေးနက်စွာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ သူ့ရဲ့ ဖြစ်တည်မှု့လေး ၊ သူရှိနေတယ်ဆိုတဲ့ ခံစားချက်လေးနဲ့တင် စိတ်ထဲမှာ ကြည်နူးနေတာမျိုးက တကယ့်အချစ်ပါပဲ။

 

<<< Zawgyi >>>

 


-------------------------------

 


 


 


 


 


 


 

Ref ; Quora 

Read times
Rate this item
(0 votes)
Tagged under