စစ်မှန်တဲ့ မေတ္တာတရားဆိုတာ

စစ်မှန်တဲ့ မေတ္တာတရားဆိုတာ google.com

ဘာမှမရှိချိန်မှာတောင် လက်တွဲမဖြုတ်တာကိုမေတ္တာစစ်လို့ခေါ်ပါတယ်။

 

ကိုယ့်ဘက်ထက် သူ့ဘက်ကိုပိုတွေးပေးတာကိုဖေးမမှုလို့ခေါ်ပါတယ်။

 

ပြဿနာတွေတက်တိုင်းအလျှော့ပေးတတ်တာကို သည်းခံမှုလို့ခေါ်ပြီး အမှားလုပ်မိလို့ တေးမှတ်မထားတာကိုသဘောထားကြီးတယ်လို့ခေါ်ပါတယ်။

 

အမှန်တော့မေတ္တာစစ်တယ်၊ သည်းခံတတ်တယ်၊ ဖေးမတတ်ပြီးသဘောထားကြီးတယ်ဆိုတာတွေကယောက်ျားလေးဖြစ်ခြင်း၊ မိန်းကလေးဖြစ်ခြင်းနဲ့လည်းမဆိုင်ပါဘူး။ တစ်ဖက်လူအပေါ် တကယ်တန်ဖိုးထားခြင်း၊ မထားခြင်းနဲ့ပဲဆိုင်ပါတယ်။

 

အချိန်တွေက ပြောပြသွားမှာပါ။ ကိုယ့်အပေါ် ဘယ်သူသစ္စာရှိ၊ မရှိဆိုတာ အခက်အခဲတွေကခွဲခြားပေးသွားမှာပါ။

 

ကိုယ့်အပေါ် ဘယ်သူအနွံတာခံမခံဆိုတာ အဆင်မပြေမှုတွေကသိသာသွားစေမှာပါ။

 

ကိုယ့်ဘေးမှာ ဘယ်သူရှိချင်၊ မရှိချင်ဆိုတာကိုတွေးပြီး သိပ်ဝမ်းမနည်းပါနဲ့။

 

နာကျင်ဖွယ်အချိန်တွေ၊ စိတ်ပျက်စရာအခက်အခဲတွေနဲ့ အသက်ရှုကြပ်လောက်စရာအဆင်မပြေမှုတွေဟာ ဘဝရဲ့စမ်းသပ်ချက်တွေပါပဲ။

 

ဒီဒုက္ခတွေကြုံလာတဲ့အခါ ကိုယ့်အပေါ်တကယ်မေတ္တာမစစ်တဲ့သူတွေဆိုရင် ကိုယ့်ဘေးမှာကြာကြာနေနိုင်မှာ မဟုတ်ပါဘူး။

 

Credit : Sai Zwe Pyae

Myanmar Wedding Guide

Read times Last modified on Friday, 01 March 2019 15:23
Rate this item
(0 votes)