သင့်ချစ်သူအပေါ် ယုံကြည်စေမည့် အချက်များ - ၂

သင့်ချစ်သူအပေါ် ယုံကြည်စေမည့် အချက်များ - ၂ google.com

ချစ်သူတွေကြားမှာ မယုံကြည်မှုတွေ သံသယတွေက ချစ်ခြင်းမေတ္တာကို ပျက်စီးစေနိုင်တာကို ချစ်သူ အားလုံးနားလည်သဘောပေါက်ပါလိမ့်မယ်။

ကိုယ့်ချစ်သူက ကိုယ့်အပေါ်အောက်ပါအပြုအမူတွေရှိနေပြီဆိုရင်တော့ သူ့အပေါ်ကို အပြည့်အ၀ ယုံကြည်ပေးသင့်ပါတယ်။

 

အသေးစိတ်ပြောပြခြင်း

 

ကိုယ့်ချစ်သူက သူ့ရဲ့တစ်နေ့တာကြုံတွေ့ရတဲ့အတွေ့အကြုံများကို သင့်ကို ပြောပြဖူးတယ်ဆိုရင်တော့ ကိုယ်က ကံကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ပါပဲ။ ထို့ကြောင့် သူ့အပေါ်ကို အပြည့်အ၀ယုံကြည်မှု ပေးသင့်ပါတယ်။

 

ငွေကို မျှသုံးခြင်း

 

ကိုယ့်ရဲ့ချစ်သူက သူ့ရဲ့ဝင်ငွေကို ကိုယ်နဲ့အတူ မျှဝေသုံးစွဲတတ်တယ်ဆိုရင်တော့ သင်သူ့ကို စိတ်ချယုံကြည်သင့်ပါတယ်။

 

သူ့ရဲ့တစ်ဘ၀စာအတွက် ရည်ရွယ်ပြီး ချစ်ခဲ့တဲ့အတွက်ကြောင့် ယခုအချိန်မှာ အတူမျှဝေသုံးစွဲခြင်းဖြစ် ပါတယ်။ ဥပမာ ဘဏ်အကောင့်ကိုသင်နဲ့အတူတူတွဲဖွင့်ခြင်း၊ သူ့ပိုက်ဆံတွေကို စီမံခန့်ခွဲစေခြင်း စတဲ့အချက် တွေရှိနေပြီဆိုရင်တော့ သူ့ကို အပြည့်အ၀ ယုံကြည်ပေးသင့်ပါတယ်။

 

မုသားစကား မပြောခြင်း

 

ကိုယ့်အပေါ် လူတစ်ယောက် လိမ်ညာနေခြင်း၊ အမှန်အတိုင်းပြောနေခြင်းဆိုတာကို မိန်းကလေးတွေက ပိုပြီး အကဲခတ်တတ်ကြပါတယ်။

 

ဒီတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ်အမှန်အတိုင်းပြောတတ်သလား၊ မုသားစကားပြောတတ်သလားဆိုတာ သူ့ အမူအယာကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

 

သူက သင့်အပေါ်မှာ မုသားစကားမဆိုဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တယ်ဆိုရင်တော့ သူ့ကို အပြည့်အ၀ ယုံကြည်ပေးသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(1 Vote)