သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ကိုက်ညီနေရင်တော့ လက်မလွှတ်သင့်ပါဘူး

သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ကိုက်ညီနေရင်တော့ လက်မလွှတ်သင့်ပါဘူး google.com

မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လားဆိုတာ အရမ်းသိချင်ကြသလို၊ အမြဲတမ်းလည်း စမ်းတတ်ကြပါတယ်။ ဒါပေမယ့် အချစ်စစ်ဆိုတာ တစ်ခါနှစ်ခါလေး ကိုယ့်အပေါ်ကောင်းပြတိုင်း အချစ်စစ်လို့ မခေါ်ပါဘူး။

သူ့ရဲ့နေ့စဉ်ပုံမှန် သင့်ကို ဆက်ဆံပုံ၊ ပြုမူပုံတွေကို ကြည့်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ခုဖော်ပြထားတဲ့ အချက်လေးတွေနဲ့ ကိုက်ညီနေတယ် ဆိုရင်တော့ သင့်ကို တကယ်ချစ်တယ်ဆိုတာ သေချာပါတယ်။

 

() စိတ်ရှည်တယ်

စိတ်ရှည်တယ်ဆိုတာ အချစ်စစ်ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေတဲ့အချိန်မှာ စိတ်တိုပြီး အော်ငေါက်တာကတော့ သဘာဝပါ။ ဒါပေမယ့် ပုံမှန်အချိန်တွေနဲ့ ကျန်တဲ့အချိန်တွေ တော်တော်များများမှာ သင့်အပေါ်ကို အမြဲတမ်း စိတ်ရှည်တယ်၊ သည်းခံပေးတယ် ဆိုရင်တော့ ဒါဟာသင့်ကို တကယ်ချစ်လို့ဖြစ်ပါတယ်။

 

() ခွင့်လွှတ်တယ်

သင့်ကို တကယ်ချစ်တဲ့သူဆိုတာ ရန်ဖြစ်နေတဲ့အချိန်မှာ ဘယ်လောက်ပဲ သင့်ဖက်ကလွန်လွန်၊ သင့်ဖက်က သူ့ကို ဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ် ခွင့်လွှတ်နိုင်တဲ့သူပါ။ အကြောင်းကတော့ သင့်ကို သူ့ဖက်က ဘယ်တော့မှ အပြစ်မယူသလို၊ သင့်အမှားတွေကိုလည်း အမြဲတမ်း မှတ်ထားတတ်တဲ့သူ မဟုတ်လို့ပါ။ သင့်ရဲ့ အမှားတွေကို အမြဲတမ်းခွင့်လွှတ်တဲ့သူဟာ သင့်ကို တကယ်ချစ်တဲ့သူပါ။

 

() သစ္စာရှိတယ်

ဒါကတော့ အထူးတလည် ပြောဖို့လိုမယ် မထင်ပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူဟာ တကူးတက သစ္စာကို စောင့်ထိန်းနေစရာ မလိုပါဘူး။ သူ့စိတ်ထဲမှာ သင်ကလွဲပြီး ဘယ်မိန်းကလေးကိုမှ မထည့်နိုင်တာမျိုးပဲ ဖြစ်သင့်တာပါ။ သင့်အပေါ်ကို တစ်ခါမှ သစ္စာမဖောက်ဖူးသလို၊ ဇယားတွေလည်း ရှင်းတယ်ဆိုရင်တော့ သင့်ကို တကယ်ချစ်နေတဲ့သူ မို့လို့ပါ။

 

() ကြင်နာတယ်

ချစ်ခြင်းဆိုတာ ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်ဖြစ်ပြီး ကြင်နာမှုဆိုတာ ချစ်ခြင်းကို လက်တွေ့ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ သင့်ချစ်သူဟာ အရင်ကဘယ်လောက်ပဲ ဆိုးခဲ့၊ ကြမ်းတမ်းခဲ့ပါစေ သင့်အပေါ်မှာတော့ နူးညံ့ပြီး ကြင်နာတယ်၊ ဘယ်တော့မှ လက်မပါဘူး၊ ရန်ဖြစ်တဲ့ အချိန်တွေမှာတောင် တတ်နိုင်သမျှ လေသံမာနဲ့ မပြောဘူး၊ သင်ဝမ်းနည်းသွားရင် သူ့စိတ်ထဲမှာ ဘယ်လိုမှ မပျော်နိုင်တဲ့သူဟာ သင့်ကို တကယ်ချစ်တဲ့သူပါ။

 

() အတိတ်တွေကိုခွင့်လွှတ်တယ်

သင့်ရဲ့ အတိတ်ကို ခွင့်မလွှတ်နိုင်တဲ့သူဟာ သင့်ကို တကယ်မချစ်တဲ့သူပါ။ သင့်ကို တကယ်ချစ်တဲ့သူကတော့ သင့်ရဲ့အတိတ်တွေ၊ အနာဂတ်တွေထက် သင့်ရဲ့လက်ရှိပစ္စုပ္ပန်ကိုပဲ စိတ်ဝင်စားတဲ့သူပါ။ သင့်ရဲ့အတိတ်က အမှားတွေနဲ့ သင့်ကို အနိုင်ယူနေမယ့် သူမျိုးမဟုတ်ပါဘူး။ သင်မမေ့နိုင်တဲ့ အတိတ်က နာကျင်စရာတွေကိုတောင် သူ့အချစ်တွေနဲ့ အားပေးနှစ်သိမ့်တတ်တဲ့ သူကသာ သင့်ကို တကယ်ချစ်တဲ့သူဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 10:23
Rate this item
(1 Vote)