ကိုယ့်ရည်းစားကို စနိုက်ကြော်ရန်က ဘယ်လိုကာကွယ်ကြမလဲ

ကိုယ့်ရည်းစားကို စနိုက်ကြော်ရန်က ဘယ်လိုကာကွယ်ကြမလဲ google.com

စနိုက်ကြော်ဆိုတဲ့စကား အရမ်းရိုင်းတယ်။ တကယ်တော့ အရှက်မရှိတာရဲ့ နောက်ကွယ်မှာ သူများချစ်သူ ၊ ရည်းစားကို လိုချင်တဲ့စိတ်လေး ကပ်ပါလာတာပါ။

စနိုက်ကြော်တွေဆိုတာ လူပျိုလူလွတ်ကိုတောင် အဖြစ်ရှိအောင် မယူနိုင်တော့လို့ နံပါတ်ချိတ်ပြီးသား ၊ တံဆိပ်ကပ်ပြီးသား သူများပိုင်ကြီးကို အတင်းကုတ်ဖက်လုတတ်တဲ့အပြင် ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး မိမိကိုယ်ကို အားကိုးဖို့ထက် သူများအသင့်ပြင်ထားတဲ့ ထမင်းဝိုင်းကို ကြောင်တောင်နှိုက် အတင်းဝင်ထိုင်လုစားပြီး သူများ မသဒ္ဓါရေစာကို မျိုကျကြသူတွေ ဖြစ်ပါတယ်။ စနိုက်ကြော်တွေဆိုတာ နေရာအနှံ့မှာ ရှိတဲ့အပြင် ချိုမပါတဲ့အမျိုးဖြစ်တဲ့အတွက် ကိုယ့်ချစ်သူ ၊ ကိုယ့်ရည်းစားတွေကို စနိုက်ကြော်ရန်မှ ကာကွယ်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

 

 

၁။ ကိုယ့်ရည်းစား အားငယ်နေချိန်မှာ အရင်ကထက် အချိန်ပေးပါ

 

စနိုက်ကြော်တွေဟာ ကိစ္စတစ်ခုကို လုပ်ပြီဆိုရင် မဟာဗျူဟာကျကျ ဝင်လာတတ်ပါတယ်။ သူတို့ကျော်ချင်တဲ့ ကောင်လေးဟာ စိတ်ဓာတ်ကျနေတဲ့အချိန်မှာဆိုရင် သူတို့တွေဟာ တကယ့်အားပေးဖော် မဟာကရုဏာရှင်ကြီးတွေလို ဒိုင်ဗင်ထိုးပြီး ဝင်လာလေ့ရှိပါတယ်။ နောက်ပြီးတော့လည်း “အောင်မြင်ချိန်မှာ အားပေးတဲ့လက်ခုပ်သံတွေထက် ကျရှုံးချိန်မှာ မျက်ရည်သုတ်ပေးတဲ့ လက်တစ်စုံက ပိုပြီး တန်ဖိုးရှိတယ်” ဆိုတဲ့ စကားလုံးကို တွင်ကျယ်အောင် အသုံးပြုပြီး ကောင်လေးရဲ့ ရင်ထဲကို တစ်စစဝင်ရောက်လာလေ့ရှိပါတယ်။ အဲဒီတော့ ကိုယ့်ရည်းစားကောင်လေးဟာ လုပ်ငန်းအဆင်မပြေလို့ပဲဖြစ်ဖြစ် ၊ စာမေးပွဲကျလို့ပဲ ဖြစ်ဖြစ် ၊ အိမ်တွင်းရေးအဆင်မပြေလို့ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျနေချိန်မှာ စနိုက်ကြော်တွေဟာ အခွင့်ကောင်းယူပြီး ဝင်လာတတ်တာမို့ အရင်ကထက် ပိုပြီးဂရုစိုက်ပါလေ။

 

 

၂။ ကြည်နူးတဲ့အချိန်မှာဆိုလည်း ဝင်လာတတ်တယ်

 

ကိုယ်တွေက စုံတွဲပုံလေးတွေတင်ပြီး ကြည်နူးနေပြီဆိုရင်လည်း “အကိုတို့စုံတွဲက အားကျစရာကောင်းလိုက်တာ ၊ အကို့ရည်းစားကို အရမ်းချစ်မှာပဲနော်။ အကိုလို ရည်းစားမျိုးလေး လိုချင်လိုက်တာ ။ ညီမလေးမှာတော့ ဟင့်အင့်” ဆိုပြီး အစွန်းမလွတ်တဲ့ စကားလုံးတွေနဲ့ တစ်ဖက်သားရင်ထဲကို ပစ်သွင်းပါတော့တယ်။ ကိုယ်တင်တဲ့ Status တိုင်းမှာ မျက်နှာပြောင်ပြီး Love Reaction တွေ ပေးတတ်ရုံသာမက မထိတထိ Status လေးတွေ တင်လေ့ရှိကြပါတယ်။

 

 

၃။ သမီးရည်းစား အဆင်မပြေတဲ့အချိန်မှာ စနိုက်ကြော်တွေ ဝင်လာလေ့ရှိတယ်

 

သမီးရည်းစားတွေရဲ့ဘဝမှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကနေ အစပြုပြီး စကားကတောက်ကဆဖြစ်တတ်တာ ထုံးစံလိုတောင် ဖြစ်နေပါပြီ။ တစ်ညလုံးစကားများ ရန်ဖြစ်ထားပေမယ့် မနက်ပိုင်းမှာ ပြန်ချစ်သွားတဲ့အခိုက်အတန့်ဆိုတာလည်း တကယ်ချစ်တဲ့စုံတွဲတိုင်းမှာ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီလို အဆင်မပြေတဲ့အချိန်မှာ စနိုက်ကြော်တွေက အခွင့်ကောင်းယူပြီး ဝင်လာတတ်ပါတယ်။ “ပွဲလန့်တုန်း ဖျာခင်း” တဲ့သဘောပဲ ဖြစ်ပါတယ်။ “ အကို ရည်စားနဲ့ ဘာအဆင်မပြေဖြစ်လို့လဲ ညီမလေး ရှိတာပဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရတယ်နော်” လို့ စနိုက်ကြော်တွေက စကားလုံးလှလှလေးတွေ ပစ်သွင်းလိုက်ပြီဆိုရင် ဟိုနွားတွေကလည်း သွားဖြီးပြီး ဖီးလ်တွေကို တက်နေကြပါတယ်။ “အကို့ကောင်မလေးကလည်းနော် ဘယ်လိုကြီးမှန်းလည်း မသိဘူး ။ သူ့နေရာ ညီမ သာဆိုရင် . . . ” ဆိုပြီး လက်ရှိရည်းစားရဲ့ အားနည်းချက်တွေကို စနိုက်ကြော်တွေရဲ့ အားသာချက်အသွင်ပြောင်းယူပြီး တန်ပြန်တိုက်စစ်အသွင်နှင့် ခွင်ဆင်လာပါတော့တယ်။ စနိုက်ကြော်တွေဘက်မှ ဖုန်းတွေဘာတွေ စဆက်လေ့ရှိပြီး ရည်းစားမရှိကြောင်း ရေလာမြောင်းပေးစကားတွေ ဆိုလာလေ့ရှိပါတယ်။

 

 

၎။ ကိုယ့်ရည်းစားဟာ လူသိများရင် အထူးဂရုစိုက်ပါ

 

စနိုက်ကြော်တွေဟာ ဘဝအတွက် တိုးတက်အောင်မြင်အောင် ကိုယ်တိုင်တည်ဆောက်ကြိုးစားရမယ့်အစား ကိုယ့်ရည်းစားအောင်မြင်တာနဲ့ ကိုယ်လည်း အောင်မြင်မယ်လို့ ခပ်ညံ့ညံ့အတွေးတွေ ဝင်လာတတ်ပါတယ်။ ကိုယ့်ရည်းစားဟာ အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် ပိုပြီးဂရုစိုက်သင့်ပါတယ်။ အောင်မြင်နေတဲ့လူငယ်တစ်ယောက်ကို အပိုင်ကြံချင်တဲ့ အတွေးတွေပိုက်ထွေးပြီး အကွင်ဆင်ဝင်ရောက်တတ်ပါတယ်။ ဆိုတော့ စနိုက်ကြော်ရန်က လွတ်ချင်တယ်ဆိုရင် အောင်မြင်နေတဲ့ရည်းစားကို ဘယ်သွားသွား လက်ချိတ်ပြီးသာ သွားပါလေ။

 

 

Credit;Akhayar

Read times Last modified on Tuesday, 18 September 2018 16:06
Rate this item
(1 Vote)