ရှက်တတ်တဲ့ မိန်းကလေးတွေကို သဘောကျစေတဲ့အချက်များ

ရှက်တတ်တဲ့ မိန်းကလေးတွေကို သဘောကျစေတဲ့အချက်များ google.com

မိန်းကလေးတွေက ရှက်တတ်၊ ကြောက်တတ်တဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေရဲ့

 လေးစားချစ်ခင်ခြင်းကို ခံရမှာဖြစ်ပါတယ်။

 

အဘယ့်ကြောင့်ဆိုသော် အမျိုးသားတွေဟာ ရှက်တတ်တဲ့ မိန်းကလေးတွေကို ပိုပြီးလေးစား မြတ်နိုးကြ
လို့ပဲဖြစ်ပါတယ်။

 

အိမ်တွင်းပုန်းခြင်း

 

ရှက်တတ်တဲ့ မိန်းကလေးတွေဟာ လူကြားသူကြားထဲမှာ ထင်ပေါ်ရမှာ ကြောက်ရွံ့ကြပါတယ်။ အများအားဖြင့်တော့ အိမ်ထဲမှာသာ ကုပ်နေတတ်ကြလို့ အိမ်တွင်းပုန်း မင်းသမီးလေး တွေလို့တောင် ခေါ်တတ်ကြပါသေးတယ်။

 

အဲဒီမိန်းကလေးတွေအကြောင်းကို တစ်ခြားသူတွေလောက် မသိကြပါဘူး။ လူဆိုတာ မသိရတာကိုမှ သိရအောင် ကြိုးစားချင်ကြတဲ့ သဘောရှိပါတယ်။

 

ရှက်ကိုးရှက်ကန်းဖြစ်ခြင်း

 

မိန်းကလေးတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်တဲ့ အပြုအမူတိုင်းဟာ အမျိုးသားအများစုကို ရိုက်ခတ်စေမှာ ဖြစ်ပါတယ်။

 

အရှက်တရားဆိုတာ အမျိုးသမီးတိုင်းမှာ ရှိသင့်တဲ့ အရာပဲဖြစ်ပါတယ်။ အရှက်တရားဟာ အမျိုးသမီးတစ်ယောက်အတွက် အိနြေ္ဒသိက္ခာကို ဖြစ်စေပါတယ်။

 

အမျိုးသားတွေကလည်း အဲဒီလိုမျိုး အိနြေ္ဒရှိတဲ့ မိန်းကလေးကိုပဲ တန်ဖိုးထားပြီး သဘောကျကြတာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:06
Rate this item
(0 votes)