တန်ဖိုးရှိတဲ့မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုးရှိသူတွေပါ

တန်ဖိုးရှိတဲ့မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုးရှိသူတွေပါ google.com

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။

မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။

 

မချစ်သင့်တဲ့သူကိုမချစ်ဘူး

ဒီလိုမိန်းကလေးတွေအနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်ပျက်မရှိပါဘူး။

 

ကိုယ့်ကိုမလိုချင်တဲ့သူဆီမှာ မတွယ်ကပ်ဘူး

ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုယ့်ကို မချစ်တော့ဘူး၊ မလိုချင်တော့ဘူး၊ ကောင်းကောင်းတန်ဖိုးမထားတော့ဘူးဆိုရင် အဲဒီ့လူဆီမှာ အောက်ကျနောက်ကျခံပြီး တွယ်ကပ်နေမယ့်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ကို တန်ဖိုးမထားတဲ့သူကို စွန့်ခွာသွားဖို့ ဘယ်တော့မှ ဝန်မလေးသလို၊ နောက်တွန့်နေမယ့်သူတွေမဟုတ်ပါဘူး။ သူတို့အတွက် အချစ်ဆိုတာ ဘဝတစ်ခုလုံးမဟုတ်တာကြောင့် အချစ်တစ်ခုတည်းအတွက်နဲ့ ကိုယ့်ကိုတန်ဖိုးမထားတာမျိုးကို သည်းခံနေမယ့်သူတွေ မဟုတ်ပါဘူး။

 

ခြူမစားတတ်ဘူး

တန်ဖိုးရှိတဲ့မိန်းကလေးတွေက ပိုက်ဆံမချမ်းသာရင်တောင် မာနနဲ့ကိုယ်ကျင့်တရားတော့ ချမ်းသာကြပါတယ်။ သူတို့တွေဟာ ယောက်ျားတစ်ယောက်ဆီက ခြူစားတာတွေ၊ ခန္ဓာကိုယ်နဲ့ရင်းပြီး အပေးအယူလုပ်တာတွေ ဘယ်တော့မှမလုပ်ပါဘူး။ သူတို့အတွက် ဘယ်သမ္မာအာဇီဝ အလုပ်က ရှက်စရာမဟုတ်သလို၊ သူများဆီက အချောင်ရတဲ့ပိုက်ဆံထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ခွန်အားနဲ့ရတဲ့ ချွေးနဲစာကို ပိုပြီးတန်ဖိုးထားပါတယ်။

 

မိန်းကလေးအားလုံးကို ကိုယ်စားပြုတယ်

သူတို့ဟာ သူတို့ကိုသူတို့ မိန်းကလေးတွေအားလုံးကို ကိုယ်စားပြုတယ်လို့ ခံယူထားသူတွေပါ။ သူတို့ရဲ့အပြုအမူ၊ ကိုယ်ကျင့်တရား၊ အစစအရာရာမှာ လက်လွတ်စပယ်၊ ပေါ့တီးပေါ့ပျက် မနေတတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့်တခြားမိန်းကလေးတွေကိုပါ မကောင်းမြင်တာမျိုး မဖြစ်စေချင်သလို၊ သူတို့ကြောင့်နဲ့ အခြားမိန်းကလေးတွေကို အထင်သေးတာမျိုးတွေ မဖြစ်စေချင်လို့ပါ။ သူတို့တတ်နိုင်တဲ့ဘက်ကနေ မိန်းကလေးတွေရဲ့ ဂုဏ်ကိုမြှင့်တင်ပေးဖို့ ကြိုးစားကြတဲ့သူတွေပါ။

 

သူများကို မကစားဘူး

သူတို့တွေဟာ ဘယ်တော့မှ တစ်ဖက်သားရဲ့ခံစားချက်ကို မကစားတတ်ပါဘူး။ ချစ်သူရှိရက်နဲ့ ဖောက်ပြန်တာမျိုး၊ ဆိုင်သူရှိနေတဲ့သူကို စနိုက်ကျော်တာမျိုး၊ လိုချင်တပ်မက်တာမျိုး၊ တကယ်မချစ်ပဲအပျော်တွဲတာမျိုးတွေ ဘယ်တော့မှ မလုပ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ စိတ်နေစိတ်ထား အထက်တန်းကျပြီး တန်ဖိုးရှိတဲ့မိန်းကလေးတွေ ဖြစ်တာကြောင့် ကိုယ့်အတွက်နဲ့ တစ်ဖက်သားကို ဒဏ်ရာမရစေချင်လို့ပါ များသောအားဖြင့် သူတို့ဟာ FA တွေဖြစ်တတ်ကြပါတယ်။

 

Credit

Myanmar Wedding Guide

Read times Last modified on Thursday, 11 April 2019 17:13
Rate this item
(2 votes)