၁၂လရာသီခွင်အလိုက် မျှော်လင့်လေ့ရှိသော ဘဝလက်တွဲဖော်ပုံစံများ

၁၂လရာသီခွင်အလိုက် မျှော်လင့်လေ့ရှိသော ဘဝလက်တွဲဖော်ပုံစံများ google

ရာသီခွင်များရဲ့ လွှမ်းမိုးမှုဟာ အချစ်ရေးမှာ သက်ရောက်တတ်ပါတယ်။

 

မိန်းကလေးများရဲ့ ရာသီခွင်က ရံဖန်ရံခါ သူတို့မျှော်လင့်လိုချင်နေတဲ့ ယောက်ျားလေး အမျိုးအစားများကို ဖော်ပြပေးနိုင်ပါတယ်။

 

1. Aquarius (21st Jan to 18th Feb)

 

နှစ်ယောက်ကြားက ခြားနားချက်များကို အလေးအနက်ထားတတ်တဲ့ ယောက်ျားမျိုးကို မျှော်လင့်နေပါတယ်။

 

နှစ်ယောက်လုံးရဲ့ တူညီချက်များကို ဖေးမအားပေးတတ်တဲ့ သူမျိုးလည်း ဖြစ်ရပါမယ်။

 

သံသယဖြစ်စရာမလိုတဲ့ ယောက်ျားမျိုးကို စိတ်ချလက်ချ ယုံကြည်ထားချင်သူပါ။

 

2. Pisces (19th Feb to 20th Mar)

 

သင်နဲ့အတူ အသစ်အဆန်းတွေကို ပျော်ရွှင်ခံစားနိုင်မယ့်သူမျိုးကို ရှာနေတာပါ။

 

သင်လုပ်သမျှကိုလည်း အားပေးကူညီတတ်တဲ့ လူမျိုးဖြစ်ရပါမယ်။ အရာရာ သင့်အပေါ် ပုံအပ်ထားတဲ့သူမျိုးဆိုရင် သင်ပိုနှစ်သက်ပါတယ်။

 

3. Aries (21st Mar to 19th Apr)

 

သင့်ကို ကလေးတစ်ယောက်လို ဂရုစိုက်ပေးနိုင်မယ့်သူကို သင်အလိုချင်ဆုံးပါ။

 

သူရှိနေရင် လုံခြုံစိတ်ချနေရတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ယောက်ျားမျိုးနဲ့ပဲ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။

 

4. Taurus (20th Apr to 21st May)

 

အကြွင်းမဲ့ယုံကြည်ရတဲ့သူမျိုးကသာ ဒီရာသီဖွားတွေနဲ့ အဆင်ပြေပါမယ်။

 

အားကိုးချင်တဲ့ မမများဖြစ်လို့ အရာရာဦးဆောင်နိုင်သူတွေက အမှတ်ပိုရပါမယ်။

 

သင်က တခြားသူများအတွက် ဂရုမစိုက်နိုင်ချိန်မှာ သင့်ကို ဂရုစိုက်ပေးမယ့် ယောက်ျားမျိုးဖြစ်ရင် ချက်ချင်းရွေးလိုက်မှာပါ။

 

5. Gemini (22nd May to 21st June)

 

သင်ဘာဖြစ်ဖြစ်ချစ်နေမယ့်သူကို မျှော်လင့်နေပါတယ်။

 

သင်အဆင်ပြေနေဟန် ဟန်ဆောင်နေချိန်မှာ သင်အဆင်မပြေဘူးဆိုတာ အကဲခတ်နိုင်တဲ့ သူမျိုးက သင့်အတွက်အကောင်းဆုံးပါ။

 

6. Cancer (22nd June to 22nd July)

 

သင်ကစိတ်ထိခိုက်လွယ်တယ်ဆိုတာကို သင့်ချစ်သူက သိရပါမယ်။

 

ရှင်းပြစရာမလိုဘဲ ချက်ဆို နားခွက်က မီးတောက်တဲ့သူမျိုးကို မျက်နှာသာပေးပါလိမ့်မယ်။

 

ရင့်ကျက်တည်ငြိမ်ပြီး သင့်ကို နှစ်သိမ့်ပေးနိုင်မယ့် သူမျိုးဆိုရင် သင်ငြင်းနိုင်မှာ မဟုတ်ပါဘူး။

 

7. Leo (23rd July to 22nd Aug)

 

သင့်ထက်အသက်ကြီးပြီး သွန်သင်လမ်းပြနိုင်မယ့်သူမျိုးကို သင်လိုချင်ပါတယ်။

 

သင့်ကို Motivation ပေးပြီး ဘေးမှာ အမြဲရှိနေမယ့်သူမျိုးကို သင်အားကိုးချင်ပါတယ်။

 

8. Virgo (23rd Aug to 22nd Sep)

 

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသားများက သင့်ကို ဆွဲဆောင်နိုင်ပါတယ်။

 

သင့်က ဦးဆောင်နိုင်ပေမယ့် သင့်ဦးဆောင်မှုကို မကန့်ကွက်ဘဲ သင့်ကိုပါ လမ်းညွှန်ပေးနိုင်တဲ့ သူမျိုးလည်း သင်သဘောကျပါတယ်။

 

9. Libra (23rd Sep to 22nd Oct)

 

သင့်ကို ဂုဏ်တင်ပေးနိုင်မယ့် အမျိုးသားကို သင်နှစ်သက်ပါတယ်။

 

သင့်ကိုယ်ရေးကိုယ်တာတွေကို ဝင်မစွက်ဖက်ဘဲနားလည်မှုပေးတဲ့ ယောက်ျားမျိုးက သင်နဲ့အဆင်ပြေပါလိမ့်မယ်။

 

10. Scorpio (23rd Oct to 22nd Nov)

 

သင့်ကိုမပျင်းရအောင် ထားနိုင်တဲ့သူမျိုးကို သင်တောင့်တပါတယ်။

 

သင့်ကို အစစအရာယုံကြည်တဲ့သူမျိုးကို သင်ရှာနေတာပါ။ ဘာဖြစ်ဖြစ် သင်နဲ့အတူ စတင်လုပ်ကိုင်နိုင်မယ့် အမျိုးသားများကို သင်လိုလားပါတယ်။

 

11. Sagittarius (23rd Nov to 21st Dec)

 

သူ့ကိုပိုင်ဆိုင်ထားရလို့ နောင်တမရနိုင်တဲ့ အမျိုးသားက သင့်ဘဝအတွက်လိုအပ်ပါတယ်။

 

ဘယ်လို အနိမ့်အမြင့်အတက်အကျနဲ့ ကြုံပါစေ။ သင့်အနားမှာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိနိုင်မယ့် သူမျိုးကို သင်အရမ်းတွေ့ချင်နေပါတယ်။

 

12. Capricorn (22nd Dec to 20th Jan)

 

သင့်အတွက် အားကိုးရမယ့်အပြင် တခါတလေ ဆိုးနွဲ့တတ်တဲ့ အမျိုးသားမျိုးကို သင်ရှာနေပါတယ်။

 

တစ်ဖက်က သင်အားကိုးချင်ပေမယ့် တစ်ဖက်မှာ သင်ကပြန်ပြီးကြင်နာမှုပေးနိုင်မယ့် လူမျိုးက သင့်အတွက်အလိုက်ဖက်ဆုံးပါ။

 

Credit : My love

 

 

 

ရာသီခြင္မ်ားရဲ႕ လႊမ္းမိုးမွဳဟာ အခ်စ္ေရးမွာ သက္ေရာက္တတ္ပါတယ္။

 

မိန္းကေလးမ်ားရဲ႕ ရာသီခြင္က ရံဖန္ရံခါ သူတို႕ေမွ်ာ္လင့္လိုခ်င္ေနတဲ့ ေယာက္်ားေလး အမ်ိဳးအစားမ်ားကို ေဖာ္ျပေပးနိုင္ပါတယ္။

1. Aquarius (21st Jan to 18th Feb)

ႏွစ္ေယာက္ၾကားက ျခားနားခ်က္မ်ားကို အေလးအနက္ထားတတ္တဲ့ ေယာက္်ားမ်ိဳးကို ေမွ်ာ္လင့္ေနပါတယ္။

 

ႏွစ္ေယာက္လံုးရဲ႕ တူညီခ်က္မ်ားကို ေဖးမအားေပးတတ္တဲ့ သူမ်ိဳးလည္း ျဖစ္ရပါမယ္။

သံသယျဖစ္စရာမလိုတဲ့ ေယာက္်ားမ်ိဳးကို စိတ္ခ်လက္ခ် ယံုၾကည္ထားခ်င္သူပါ။

2. Pisces (19th Feb to 20th Mar)

သင္နဲ႕အတူ အသစ္အဆန္းေတြကို ေပ်ာ္ရႊင္ခံစားနိုင္မယ့္သူမ်ိဳးကို ရွာေနတာပါ။

သင္လုပ္သမွ်ကိုလည္း အားေပးကူညီတတ္တဲ့ လူမ်ိဳးျဖစ္ရပါမယ္။ အရာရာ သင့္အေပၚ ပံုအပ္ထားတဲ့သူမ်ိဳးဆိုရင္ သင္ပိုႏွစ္သက္ပါတယ္။

3. Aries (21st Mar to 19th Apr)

သင့္ကို ကေလးတစ္ေယာက္လို ဂရုစိုက္ေပးနိုင္မယ့္သူကို သင္အလိုခ်င္ဆံုးပါ။

သူရွိေနရင္ လံုၿခံဳစိတ္ခ်ေနရတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ေပးနိုင္တဲ့ေယာက္်ားမ်ိဳးနဲ႕ပဲ သင့္အတြက္ အဆင္ေျပပါလိမ့္မယ္။

4. Taurus (20th Apr to 21st May)

အၾကြင္းမဲ့ယံုၾကည္ရတဲ့သူမ်ိဳးကသာ ဒီရာသီဖြားေတြနဲ႕ အဆင္ေျပပါမယ္။

အားကိုးခ်င္တဲ့ မမမ်ားျဖစ္လို႕ အရာရာဦးေဆာင္နိုင္သူေတြက အမွတ္ပိုရပါမယ္။

သင္က တျခားသူမ်ားအတြက္ ဂရုမစိုက္နိုင္ခ်ိန္မွာ သင့္ကို ဂရုစိုက္ေပးမယ့္ ေယာက္်ားမ်ိဳးျဖစ္ရင္ ခ်က္ခ်င္းေရြးလိုက္မွာပါ။

5. Gemini (22nd May to 21st June)

သင္ဘာျဖစ္ျဖစ္ခ်စ္ေနမယ့္သူကို ေမွ်ာ္လင့္ေနပါတယ္။

သင္အဆင္ေျပေနဟန္ ဟန္ေဆာင္ေနခ်ိန္မွာ သင္အဆင္မေျပဘူးဆိုတာ အကဲခတ္နိုင္တဲ့ သူမ်ိဳးက သင့္အတြက္အေကာင္းဆံုးပါ။

6. Cancer (22nd June to 22nd July)

သင္ကစိတ္ထိခိုက္လြယ္တယ္ဆိုတာကို သင့္ခ်စ္သူက သိရပါမယ္။

 

ရွင္းျပစရာမလိုဘဲ ခ်က္ဆ္ို နားခြက္က မီးေတာက္တဲ့သူမ်ိဳးကို မ်က္ႏွာသာေပးပါလိမ့္မယ္။

ရင့္က်က္တည္ၿငိမ္ၿပီး သင့္ကို ႏွစ္သိမ့္ေပးနိုင္မယ့္ သူမ်ိဳးဆိုရင္ သင္ျငင္းနိုင္မွာ မဟုတ္ပါဘူး။

7. Leo (23rd July to 22nd Aug)

သင့္ထက္အသက္ႀကီးၿပီး သြန္သင္လမ္းျပနိုင္မယ့္သူမ်ိဳးကို သင္လိုခ်င္ပါတယ္။

သင့္ကို Motivation ေပးၿပီး ေဘးမွာ အၿမဲရွိေနမယ့္သူမ်ိဳးကို သင္အားကိုးခ်င္ပါတယ္။

8. Virgo (23rd Aug to 22nd Sep)

ကုိယ့္ကုိယ္ကို ယံုၾကည္မွဳရွိတဲ့ အမ်ိဳးသားမ်ားက သင့္ကို ဆြဲေဆာင္နိုင္ပါတယ္။

သင့္က ဦးေဆာင္နိုင္ေပမယ့္ သင့္ဦးေဆာင္မွဳကို မကန္႕ကြက္ဘဲ သင့္ကိုပါ လမ္းညႊန္ေပးနိုင္တဲ့ သူမ်ိဳးလည္း သင္သေဘာက်ပါတယ္။

9. Libra (23rd Sep to 22nd Oct)

သင့္ကို ဂုဏ္တင္ေပးနိုင္မယ့္ အမ်ိဳးသားကို သင္ႏွစ္သက္ပါတယ္။

 

သင့္ကုိယ္ေရးကုိယ္တာေတြကို ဝင္မစြက္ဖက္ဘဲနားလည္မွဳေပးတဲ့ ေယာက္်ားမ်ိဳးက သင္နဲ႕အဆင္ေျပပါလိမ့္မယ္။

10. Scorpio (23rd Oct to 22nd Nov)

သင့္ကိုမပ်င္းရေအာင္ ထားနိုင္တဲ့သူမ်ိဳးကို သင္ေတာင့္တပါတယ္။ သင့္ကို အစစအရာယံုၾကည္တဲ့သူမ်ိဳးကို သင္ရွာေနတာပါ။

ဘာျဖစ္ျဖစ္ သင္နဲ႕အတူ စတင္လုပ္ကိုင္နိုင္မယ့္ အမ်ိဳးသားမ်ားကို သင္လိုလားပါတယ္။

11. Sagittarius (23rd Nov to 21st Dec)

သူ႕ကိုပိုင္ဆိုင္ထားရလို႕ ေနာင္တမရနိုင္တဲ့ အမ်ိဳးသားက သင့္ဘဝအတြက္လိုအပ္ပါတယ္။

ဘယ္လို အနိမ့္အျမင့္အတက္အက်နဲ႕ ႀကံဳပါေစ။ သင့္အနားမွာ ဆိုးတိုင္ပင္ ေကာင္းတိုင္ပင္ ရွိနိုင္မယ့္ သူမ်ိဳးကို သင္အရမ္းေတြ႕ခ်င္ေနပါတယ္။

12. Capricorn (22nd Dec to 20th Jan)

သင့္အတြက္ အားကိုးရမယ့္အျပင္ တခါတေလ ဆိုးႏြဲ႕တတ္တဲ့ အမ်ိဳးသားမ်ိဳးကို သင္ရွာေနပါတယ္။

တစ္ဖက္က သင္အားကိုးခ်င္ေပမယ့္ တစ္ဖက္မွာ သင္ကျပန္ၿပီးၾကင္နာမွဳေပးနိုင္မယ့္ လူမ်ိဳးက သင့္အတြက္အလိုက္ဖက္ဆံုးပါ။

Credit : My love

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 04 March 2020 16:41
Rate this item
(0 votes)
Tagged under