ကြီးလေးသော အိမ်ထောင်ရေးပြစ်မူများ

ကြီးလေးသော အိမ်ထောင်ရေးပြစ်မူများ Google

ဒီနေ့တော့ မင်မင်က အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

 

အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း မှာလည်း အိမ်ထောင်ရေးပြစ်မှုတွင် သာမန်အိမ်ထောင်ရေးပြစ်မှု နှင့် ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု ဆိုပြီး ပြစ်မှု ၂ခုရှိပါတယ်။ အရင်တစ်ပတ်က သာမန်အိမ်ထောင်ရေးပြစ်မှု ကို ဖော်ပြခဲ့ပြီဖြစ်တဲ့ အတွက် အခု  ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု ကို ဗဟုသုတရအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


▪️(ကက) မယားဖောက်ပြန်မူ

- မယားသည် မိမိလင်မဟုတ်သည့်အခြားယောက်ျား နှင့် စပ်ယှက်မူကျူးလွန်သည်ကို မယားဖောက်ပြန်မူဟု ခေါ်သည်။

- ဖောက်ပြန်မူကျူးလွန်ကြောင်းအလွန်ထင်ရှားသည့် သက်သေခံချက်ပြသရန်လိုသည်။ ( ဒေါ်လှချစ်နှင့် ဦးစံအမူ )

- ဖောက်ပြန်သည်ဟုစွပ်စွဲပြီး လင်က ပစ္စည်းများကို သိမ်းပိုက်ထားပိုင်ခွင့်မရှိပေ။ (ဦးဆင်နှင့်ဒေါ်မမလေး)

- မယားဖောက်ပြန်ကြောင်း တရားရုံး၌ကွာလိုမူစွဲဆို၍ မယားအပြစ်ကို ပြသရမည်။

- မယားဖောက်ပြန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့လျှင် ကြီးလေးသောအိမ်ထောင်ရေးပြစ်မူဖြစ်၍ ပစ္စည်း ခန်းတွင် မယား၏အခွင့်အရေးဆုံးရူံးသည်။

- သို့သော် မယား၏ပြစ်မူကို သိလျက်နှင့် မယားနှင့်အတူ အိပ်စက်လျှင် လင်သည်မယားအား ထိုအပြစ်မှ ခွင့်လွှတ်သည်ဟု လေးနက်စွာ မှတ်ယူရမည်။ (ဘီဂို့ရှ်)အမူ)

 

▪️(ခခ) ကြီးလေးသော ရက်စက်မူ

- သာမန် ရက်စက်မူဒဏ်ရာထက် ကြီးလေးသောဒဏ်ရာ (အပြင်အထန်ဒဏ်ရာ) ဖြစ်လျှင်လည်းကောင်း၊

- မယားအား ကွာရှင်းခွင့် မတောင်းတောင်းအောင် ရည်ရွယ်၍ နှိပ်စက်ညှင်းပန်းလျှင်လည်းကောင်း၊

- လင်က သူနှိပ်စက်ညှဉ်းပန်းခြင်းကို နောင်တမရဘဲ သူကပင် ကွာရှင်းပြတ်စဲရန် လိုလားနေလျှင် လည်း ကောင်း........ ထိုရက်စက်မူသည် ကြီးလေးသော ရက်စက်မူ ဖြစ်သည်။(ဒေါ်ပုနှင့်မောင်ထွန်းခ)

- မုဆိုးမ ဒေါ်ပု (၅၅)နှစ်နှင့် လူပျိုမောင်ထွန်းခ (၂၅) နှစ်တို့ရသည်။ မောင်ထွန်းခက အရက်ဖိုးတောင်း ပြီး မရလည်း ရိုက်သည်။ ညဉ့်နက်မှ ပြန်လာ၍ ဒေါ်ပု နှင့် အိပ်လျှင်လည်း ရိုက်သည်။
ဒေါ်ပု ကြွေးတောင်း ပြန်လာလျှင်လည်း ရိုက်သည်။ အိမ်မှာလည်း ရိုက်၊ ဘူတာရုံ၌လည်း ရိုက်၊ ထမီကျွတ်အောင်ရိုက်၊ ရိုက်လို့လဲလျှင် မြေမှာဒရွတ်တိုက်ဆွဲလေသည်။လူများ များရှေ့ရောက်လျှင် ခင်ဗျားကြီးကို ကြိုက်လို့ယူတယ် မှတ်သလား၊သုံးရဖြုံးရအောင် ယူတာ ပြောပြော၍ မကွာမချင်းရိုက်လေရာ တရားလွှတ်တော်က ကြီးလေးသော ရက်စက်မူဟုသတ်မှတ်၍ လင်မယားပိုင်ပစ္စည်းမှ ၎င်း၏ဝေစု၊ ပိုင်ဆိုင်ခွင့်ဆုံးရူံးစေကာ အဝတ်အထည်၊ ကိုယ်တစ်ခုနှင့် ဆင်းစေခဲ့သည်။

 

အထက်ပါတင်ပြချက်များသည် ကွာရှင်းပြတ်စဲနိုင် သည့် အကြောင်းများ ဖြစ်ပါသည်။

 

အခုဖော်ပြပေးခဲ့တာကတော့ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း အပိုင်း (၂) ဖြစ်တဲ့ ကြီးလေးသော အိမ်ထောင်ရေးပြစ်မူများ ပဲ ဖြစ်ပါတယ်။

ကွာရှင်းပြတ်စဲကြရာ၌ တရားဝင်စေရန် လုပ်ထုံးလုပ်နည်းများ အကြောင်းကိုလည်း ဗဟုသုတရအောင် ဆက်လက်ဖော်ပြပေးအုံးမှာ ဖြစ်တဲ့ အတွက် Myanmar Wedding Guide FaceBook Page ကို Like & Follow လုပ်ပေးထားပါအုံးနော်။

 

 

Myanmar Wedding Guide


Crd: Zaw Win

 
Read times Last modified on Monday, 04 January 2021 13:51
Rate this item
(0 votes)