ကိုယ့်အိမ်ထောင်ဖက်ရဲ့ အပေါင်းအသင်းတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင်

ကိုယ့်အိမ်ထောင်ဖက်ရဲ့ အပေါင်းအသင်းတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင် google.com

ဘယ်လိုအရာမျိုးမဆို ကိုယ်တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်၊ အမြင်နဲ့တင် မပြီးဆုံးဘဲ အိမ်ထောင်ဖက်ရဲ့အမြင်၊ ဆုံးဖြတ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပြီဆိုရင်ဘဝရဲ့အစိတ်အပိုင်း တော်တော်များများဟာ စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လိုမျိုးဖြစ်ပါပြီ။ နှစ်ယောက်လုံးရဲ့ဘဝပေါင်းမှတစ်ဘဝ ဖြစ်မှာပါ။ ဘယ်လိုအရာမျိုးဆိုကိုယ်တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်၊ အမြင်နဲ့တင်မပြီးဆုံးဘဲအိမ်ထောင်ဖက်ရဲ့အမြင်၊ ဆုံးဖြတ်ချက်တွေကိုပါထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုမျိုးနှစ်ကိုယ့်တစ်စိတ် ဖြစ်တဲ့အခါမှာသူ့အပေါင်းအသင်းကလည်းကိုယ့်အပေါင်းအသင်းပါပဲ။ ကိုယ့်အိမ်ထောင်ဖက်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့ အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံတတ်ဖို့လိုပါတယ်။ အဆင်ပြေအောင်နေဖို့နည်းလမ်းလေးတွေလည်းမျှဝေပေးလိုက်ပါတယ်နော်။

 

 

ဝင်မပါပါနဲ့

 

ကိုယ့်အိမ်ထောင်ဖက်ရဲ့ကိစ္စဟာကိုယ့်ကိစ္စဆိုပေမယ့် အပေါင်းအသင်းတွေကြားထဲမှာတော့ ကိစ္စအားလုံးကို ဝင်ပါဖို့မသင့်တော်ပါဘူး။ အပေါင်းအသင်းတွေကြားထဲက ကိစ္စတော်တော်များများကိုမသိချင်ယောင်ဆောင်ပါ။ တစ်ခါတစ်လေမှာ မိန်းမပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် ကိုယ်ပိုင်ကိစ္စသေးသေးလေးတွေတော့ ရှိတတ်ကြပါတယ်။ သူငယ်ချင်း အချင်းချင်းပြောတဲ့အခါမှာဝင်မပါပါနဲ့။ ဒီလိုဆိုရင်တော့သူ့အပေါင်းအသင်းတွေလည်းကိုယ်နဲ့ အဆင်ပြေလာမှာပါ။

 

 

ပေါင်းသင်းဆက်ဆံတတ်ပါစေ

 

ကိုယ့်အိမ်ထောင်ဖက်ရဲ့အပေါင်းအသင်း သူငယ်ချင်းတွေကိုaပါင်းပါ။ ဥပမာ လမ်းမှာတွေ့တဲ့အခါ ပြုံးပြရုံလောက်ပြုံးပြပြီး စကားနည်းနည်းမှမပြောတာမျိုးမလုပ်ပါနဲ့။ သူ့အပေါင်းအသင်းကိုလည်းကိုယ့်သူငယ်ချင်းလိုသဘောထားပြီး ပေါင်းသင်းဆက်ဆံပါ။ အဲဒီအပေါင်း အသင်းတွေမှာ အိမ်ထောင်ဖက်တွေ ရှိရင်လည်း အဲဒီအိမ်ထောင်ဖက်ကို တည့်အောင်ပေါင်းပါ။

 

 

ခွင့်ပြုပါ

 

ဒီအချက်ကလင်မယားကြားမှာ အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဖက်က အပေါင်းအသင်းတွေနဲ့ အပြင်ထွက်ချင်တဲ့အခါမှာ ခွင့်ပြုပါ။ ဥပမာ တစ်ခါတစ်လေဝိုင်းဖွဲ့ပြီးသောက်တာ၊ အပြင်ဈေးဝယ်ထွက်တာမျိုးဆိုရင်ခွင့်ပြုပါ။ တချို့တလေကအိမ်ထောင်ဖက်ကို ဘယ်လိုအပေါင်းအသင်းနဲ့မှ အပြင်ပေးထွက်လေ့ မရှိပါဘူး။ ဒီကိစ္စကြောင့် လင်မယားကြား ရန်ဖြစ်ရတဲ့သူတွေတောင်ရှိပါတယ်။ ဒါကြောင့်ခွင့်ပြုပါ။

 

 

ကူညီပါ

 

ကိုယ့်အိမ်ထောင်ဖက်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကိုကူညီပါ။ ဒါကလူမှုပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေနိုင်သလို ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်ကိုပိုချစ်စေတဲ့နည်းလမ်းတစ်မျိုးဆိုလည်းဟုတ်ပါတယ်။ ဒါကြောင့်အပေါင်းအသင်းတွေထဲမှာအကူအညီလိုတာ၊ ကိုယ်ကူညီနိုင်တာရှိရင်ကူညီပါ။ ဒီလိုဆိုရင်အဆင်ပြေမှာပါ။

 

ကိုယ့်အိမ်ထောင်ဖက်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင်တော့ဒီအချက်လေးတွေလိုက်နာကြည့်ပါနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 11:12
Rate this item
(1 Vote)