အိမ်ထောင်ပြုဖို့စဉ်းစားတော့မယ်ဆို

အိမ်ထောင်ပြုဖို့စဉ်းစားတော့မယ်ဆို google

ချစ်တို့ရေ လက်တွဲဖော်တစ်ယောက်နဲ့ ချစ်သူရည်းစားဖြစ်လာခဲ့တာ သက်တမ်းတစ်ခု အကြာမှာ သူနဲ့ အိမ်ထောင်ပြုခြင်းဆိုတဲ့ အဆင့်ကို

 

တကယ်သွားသင့်၊ မသွားသင့် စဉ်းစားရတော့မယ့် အချက်တွေကို ချစ်တို့အနေနဲ့သိထားသင့်ပါတယ်နော်။

 

ဒါ့ကြောင့် ဒီနေ့မှာတော့ Myanmar Wedding Guide ကနေ ချစ်တို့အတွက်အိမ်ထောင်ပြုဖို့စဉ်းစားပြီဆိုထည့်သွင်းသုံးသပ်ရမယ့်အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

 

(၁) အိမ်ထောင်ရေးရဲ့ အဓိပ္ပာယ်ကို ၂ ယောက်လုံးက တူညီစွာ နားလည်သဘောပေါက်နေပြီးချစ်ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမယ့်သူနဲ့

 

ချစ်ဟာအိမ်ထောင်ရေး အပေါ်မှာတူညီတဲ့အမြင် တစ်ခုရှိနေပြီဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာပါ။ အိမ်ထောင်ရေးဆိုတာဆွေးနွေးမှုဖြစ်တာကြောင့်

 

တူညီတဲ့အမြင်ရှိဖို့ကို အရင်ဆွေးနွေးရပါမယ်နော်။

 

(၂) ချစ်သူအနားမှာနေရတာပျော်နေပြီဆိုရင် ချစ်ဟာသူနဲ့Relationships စပြီးတည်ဆောက်ကတည်းကလက်ရှိအချိန်ထိ

 

စိတ်ကျေနပ်ရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်နော်။ချစ်ဟာဒီအိမ်ထောင်ဘက်နဲ့ အတူနေရတဲ့အခါ တစ်သက်လုံး ပျော်ရွှင်နိုင်မယ်ဆိုတာ

 

သေချာနေပြီဆိုရင်တော့ သေချာပေါက်လက်ထပ်ဖို့ ဆုံးဖြတ်သင့်နေပါပြီနော်။

 

(၃) ချစ်သူရည်းစားနှစ်ယောက်ရဲ့ သက်တမ်းဟာ အတိုင်းအတာတစ်ခုကိုရောက်လာတာနဲ့အမျှ အဲဒီ Relationship က ချစ်ကို ပိုပြီး ယုံကြည်မှုရှိလာစေမယ်၊

 

ပိုပြီးပျော်ရွှင်လာစေမယ် ၊ ချစ်သူနဲ့အတူတူ ရှိနေရရင် အရာရာကို ရင်ဆိုင်နိုင်စွမ်းတွေ ရှိလာမယ်ဆိုရင်တော့ ချစ်တို့နှစ်ယောက်ဟာ လက်ထပ်သင့်နေပါပြီ။

 

(၄) ချစ်အနေနဲ့အိမ်ထောင်မပြုခင်မှာ အလွယ်တကူရနေတဲ့အခွင့်အရေးတွေဖြစ်တဲ့ အလုပ်အသစ်လက်ခံခြင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ဆုံခြင်း၊

 

အဝတ်အစားဝယ်ယူခြင်းကဲ့သို့သော အခွင့်အရေးမျိုးတွေကို ဆုံးရှုံးရတဲ့အခါမှာ ကျေနပ်နိုင်တယ်ဆိုရင်တော့ချစ်ဟာ အိမ်ထောင်ရေးမှာလည်းကျေနပ်နေရမှာပါ။

 

ကဲ ဒီအချက်လေးတွေကိုထည့်သွင်းစဉ်းစားခြင်းအားဖြင့် အိမ်ထောင်ပြုဖို့ဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပြုမယ်လို့ထင်ပါတယ်ရှင်။

 

အားလုံးပဲသာယာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

 

 

ခ်စ္တို႔ေရ လက္တြဲေဖာ္တစ္ေယာက္နဲ႔ ခ်စ္သူရည္းစားျဖစ္လာခဲ့တာ သက္တမ္းတစ္ခု အၾကာမွာ သူနဲ႔ အိမ္ေထာင္ျပဳျခင္းဆိုတဲ့ အဆင့္ကို

 

တကယ္သြားသင့္၊ မသြားသင့္ စဥ္းစားရေတာ့မယ့္ အခ်က္ေတြကို ခ်စ္တို႔အေနနဲ႔သိထားသင့္ပါတယ္ေနာ္။

 

ဒါ့ေၾကာင့္ ဒီေန႔မွာေတာ့ Myanmar Wedding Guide ကေန ခ်စ္တို႔အတြက္အိမ္ေထာင္ျပဳဖို႔စဥ္းစားၿပီဆိုထည့္သြင္းသံုးသပ္ရမယ့္

 

 

အခ်က္ေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။

 

(၁) အိမ္ေထာင္ေရးရဲ႕ အဓိပၸာယ္ကို ၂ ေယာက္လံုးက တူညီစြာ နားလည္သေဘာေပါက္ေနၿပီးခ်စ္ရဲ႕ အိမ္ေထာင္ဖက္ျဖစ္လာမယ့္သူနဲ႔

 

ခ်စ္ဟာအိမ္ေထာင္ေရး အေပၚမွာတူညီတဲ့အျမင္ တစ္ခုရွိေနၿပီဆိုရင္ေတာ့ ဒါဟာ ေကာင္းတဲ့ လကၡဏာပါ။

 

 

အိမ္ေထာင္ေရးဆိုတာေဆြးေႏြးမႈျဖစ္တာေၾကာင့္တူညီတဲ့အျမင္ရွိဖို႔ကို အရင္ေဆြးေႏြးရပါမယ္ေနာ္။

 

marry2

 

(၂) ခ်စ္သူအနားမွာေနရတာေပ်ာ္ေနၿပီဆိုရင္ ခ်စ္ဟာသူနဲ႔Relationships စၿပီးတည္ေဆာက္ကတည္းကလက္ရွိအခ်ိန္ထိ

 

စိတ္ေက်နပ္ရဲ႕လားဆိုတာကလည္း အေရးႀကီးပါတယ္ေနာ္။ခ်စ္ဟာဒီအိမ္ေထာင္ဘက္နဲ႔ အတူေနရတဲ့အခါ တစ္သက္လံုး ေပ်ာ္ရႊင္ႏိုင္မယ္ဆိုတာ

 

ေသခ်ာေနၿပီဆိုရင္ေတာ့ ေသခ်ာေပါက္လက္ထပ္ဖို႔ ဆံုးျဖတ္သင့္ေနပါၿပီေနာ္။

 

marry3

 

(၃) ခ်စ္သူရည္းစားႏွစ္ေယာက္ရဲ႕ သက္တမ္းဟာ အတိုင္းအတာတစ္ခုကိုေရာက္လာတာနဲ႔အမွ်

 

 

 အဲဒီ Relationship က ခ်စ္ကို ပိုၿပီး ယံုၾကည္မႈရွိလာေစမယ္၊ပိုၿပီးေပ်ာ္ရႊင္လာေစမယ္ ၊ ခ်စ္သူနဲ႔အတူတူ ရွိေနရရင္ အရာရာကို ရင္ဆိုင္ႏိုင္စြမ္းေတြ

 

 

 ရွိလာမယ္ဆိုရင္ေတာ့ ခ်စ္တို႔ႏွစ္ေယာက္ဟာ လက္ထပ္သင့္ေနပါၿပီ။

 

 

marry4

 

(၄) ခ်စ္အေနနဲ႔အိမ္ေထာင္မျပဳခင္မွာ အလြယ္တကူရေနတဲ့အခြင့္အေရးေတြျဖစ္တဲ့ အလုပ္အသစ္လက္ခံျခင္း၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ေတြ႕ဆံုျခင္း၊

 

အ၀တ္အစား၀ယ္ယူျခင္းကဲ့သို႔ေသာ အခြင့္အေရးမ်ိဳးေတြကို ဆံုးရံႈးရတဲ့အခါမွာ ေက်နပ္ႏိုင္တယ္ဆိုရင္ေတာ့ခ်စ္ဟာ အိမ္ေထာင္ေရးမွာလည္းေက်နပ္ေနရမွာပါ။

 

ကဲ ဒီအခ်က္ေလးေတြကိုထည့္သြင္းစဥ္းစားျခင္းအားျဖင့္ အိမ္ေထာင္ျပဳဖို႔ဆံုးျဖတ္တဲ့ေနရာမွာ အေထာက္အကူျပဳမယ္လို႔ထင္ပါတယ္ရွင္။

 

အားလံုးပဲသာယာေပ်ာ္ရႊင္တဲ့ေန႔ရက္ေတြကို ပိုင္ဆိုင္နိုင္ၾကပါေစ။

 

 

Myanmar Wedding Guide

 

 

jjjj

Read times Last modified on Wednesday, 04 March 2020 16:37
Rate this item
(1 Vote)
Tagged under