စုံတွဲတိုင်းပြုလုပ်သင့်တဲ့ Romantic အပြုအမူလေးတွေဆိုတာဒါမျိုးပါ

စုံတွဲတိုင်းပြုလုပ်သင့်တဲ့ Romantic အပြုအမူလေးတွေဆိုတာဒါမျိုးပါ google

အချစ်ဆိုတာဟာ အံသြစရာအကောင်းဆုံး အတွေ့အကြုံပါပဲ

ဘာလို့လည်းဆိုတော့ အချစ်ကရရှိတဲ့ ပျော်ရွှင်ကြည်နူးမှုဟာ အခြားဘယ်လို ပျော်ရွှင်မှုနဲ့မှ နှိုင်းယှဉ်လို့ မရအောင် စိတ်လှုပ်ရှားဖွယ် ကောင်းလို့ပါပဲ။သင်ရဲ့ချစ်သူက သင်နှစ်သက်တဲ့ အရာကို အတူတကွ လိုက်ပါပြုလုပ်ပေးလို့ ဖြစ်စေ ၊ သင်က သင့်ချစ်သူနှစ်သက်ရာကို လိုက်ပါခံစားပေးလို့ ဖြစ်စေ သာယာကြည်နူးမှု အချိန်တွေကို ချစ်သူရှိသူတိုင်း ပိုင်ဆိုင်ဖူးကြမှာပါ။

 

ဒါ့အပြင်လည်း သင်တို့နှစ်ယောက် အတူတူကြည်နူးစွာ လုပ်ဆောင်နိုင်မယ့် စိတ်လှုပ်ရှားဖွယ် လုပ်ဆောင်ချက်တွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

နေဝင်ချိန်ကို အတူတူခံစားပါ

နေဝင်ချိန်ဆိုတာဟာ နေ့တိုင်းရှိနေပါတယ် ၊ ဒါပေမယ့် သင်နဲ့ သင့်ချစ်သူတို့ အတူတူကြည့်ရှုခံစားတဲ့ နေဝင်ချိန်ဆိုတာကတော့ အများကြီး ရှိမနေနိုင်ပါဘူး ၊ နေလုံးကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကောင်းကောင်းမြင်ရတဲ့ နေရာမှာ သင်တို့နှစ်ဦး တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး ကြည့်ရှုခံစားကြည့်ပါ။တဖြည်းဖြည်းဝင်သွားတဲ့ နေလုံးကြီးနဲ့အတူ အဲ့ဒီအမှတ်တရ အဖြစ်အပျက်လေးဟာ သင်တို့နှစ်ယောက် ဘဝအတွက် တသသ အမှတ်ရနေမယ့် အချိန်လေးပါပဲ။

 

မိုးရေထဲကို အတူတူထွက်ပါ

မိုးရေထဲ လမ်းလျှောက်ထွက်တာကိုတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးဆေးဆေးရှိတဲ့ ပတ်ဝန်းကျင်မျိုးများသာ ပြုလုပ်သင့်ပါတယ်။ဒါမှလည်း သင်တို့ဟာ ရိုမန်တစ်ဆန်ဆန် ကြည်နူးခံစားရမှာ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်လည်း ကောင်းပါတယ်။မိုးရေစက်တွေဟာ ပုံမှန်ဆိုရင်တော့ အေးစက်နေပေမယ့် သင့်ချစ်သူနဲ့ အတူ မိုးရေထဲ လမ်းလျှောက်ထွက်တဲ့အခါမှာတော့ ထူးထူးခြားခြား နွေးထွေးမှုကို ခံစားကြရမှာပါ။လူသူကင်းရှင်းတဲ့အခါ သင့်ချစ်သူကို မိုးရေထဲ အနမ်းလေးတစ်ပွင့်လောက် ပေးဖို့ကိုလည်း မမေ့ပါနဲ့ဦး။

 

အတူတူကပါ

ရိုမန်တစ်ဖြစ်စေတဲ့ နောက်ထပ်ပြုမူချက် တစ်ခုကတော့ ဂီတနဲ့နှစ်သက်စွာ ကခုံခြင်းပဲ ဖြစ်ပါတယ်။ကလပ်မှာ အတူတူကတာဖြစ်စေ၊ပိုပြီးသင့်တော်တာက အိမ်မှာပဲ နူးညံတဲ့ တေးသွားတွေ ဖွင့်ပြီး ကခုန်တာမျိုး ပြုလုပ်သင့်ပါတယ်။

 

လက်ဆောင်ပေးပါ

သင်နဲ့ သင့်ချစ်သူကြား တစ်ဦးတစ်ယောက်ထဲက လက်ဆောင်ပေးတာမျိုး မဟုတ်ပဲ အပြန်အလှန် လက်ဆောင်လဲတာမျိုးဟာ ရိုမန်တစ် ဆန်တဲ့ အပြုအမူပါ။ပေးတဲ့လက်ဆောင်ဟာ သဘာဝကျခြင်း မကျခြင်းထက် သင့်ရဲ့အချစ်ကို အဓိပ္ပါယ်အပြည့်အဝ ပေးနိုင်တဲ့ လက်ဆောင်မျိုး ပေးသင့်ပါတယ်။

 

မျက်ဝန်းများနဲ့ စကားတွေပြောပါ

အကြည့်ခြင်းဆုံရင် ရင်ခုန်လာတတ်ကြပါတယ်။သင့်ချစ်သူရဲ့မျက်ဝန်းထဲကို အသေအချာကြည့်ပြီး ချစ်စကားပြောပါ ၊ ဒီအချိန်မှာ သင့်အပြုအမူ အပြောအဆိုတွေဟာ ဟာသဖြစ်မသွားအောင် ဂရုစိုက်ရပါမယ်။

 

ရိုမန့်တစ် ဇာတ်ကားတွေ အတူကြည့်ပါ

သင်တို့ စုံတွဲဟာ အဝတ်အစားသစ်တွေ ဝတ်ဆင်ပြီး အပြင်ထွက်လည်ရတာကို ငြီးငွေ့နေပြီဆိုရင်တော့ ဘယ်ကိုမှမသွားပဲ သင်တို့အခန်းထဲကို ချစ်ကြည်နူးစရာတွေ ယူဆောင်လာနိုင်ဖို့ တစ်ခါမှ မကြည့်ဖူးသေးတဲ့ ရိုမန့်တစ်ဇာတ်ကား တစ်ကားကားကို ကြည့်ကြည့်ပါ ၊ တစ်ယောက်လက်မောင်းပေါ် တစ်ယောက်က ခေါင်းအုံးလုပ်လို့ပေါ့။

 

အတူတူချက်ပြုတ်ပါ

ဟင်းချက်ခြင်းဟာ သင့်အတွက် ငြီးငွေ့စရာကောင်းချင် ကောင်းနေပါလိမ့်မယ် ၊ ဒါပေမယ့် သင့်ချစ်သူနဲ့အတူ ချက်ပြုခြင်းပြုလုပ်ဖြစ်တဲ့အခါ ဟင်းချက်ခြင်းဟာလည်း သင်တို့အတွက် ပျော်ရွှင်စရာ ကောင်းနေပါလိမ့်မယ် ။ သင်တို့ဟာ ဘာတွေချက်ပြုမယ်ဆိုတာကို အတူတကွတိုင်ပင်ပြီး အတူတကွ ချက်ပြုတ်စရာတွေကို ပြင်ဆင်ချက်ပြုတ်ပြီး ပြင်ဆင်ပြီးတဲ့ စားသောက်ဖွယ်ရာတွေကို အတူတကွ ကြည်နူးစွာ စားသုံးနိုင်ပါတယ်။

 

သင့် အမျိုးသားရဲ့အဝတ်အစားတွေကို ဝတ်ဆင်ကြည့်ပါ

နောက်ဆုံးအချက်ကတော့ သင့်အမျိုးသားရဲ့အဝတ်အစားတွေကို သင့်ခန္တာကိုယ်မှာ ဆင်မြန်းဝတ်ဆင်ပြီး သင့်ဖက်ရှင်ကို ပြောင်းလဲကြည့်လိုက်ပါ။

 

Credit : Trend

Read times Last modified on Wednesday, 06 February 2019 15:58
Rate this item
(2 votes)